Wednesday, October 31, 2007

ဘာလက်နက်နဲ့ ဘဲတိုက်ရ.တိုက်ရ..ဒို့ လွတ်လပ်ကြဖို့ ဆို


မြင့်မြတ်တဲ့အရာကို
လိုချင်ရင်.. မြင့်မြတ်စွာကျင့်ကြံ
သိက္ခာရှိရှိ…တည်ကြည်ဖြောင့်မှန်.
မင်းမှာသစ္စာ..လူမှာ.ဂတိ..
စစ်မှန်သည်မှာ..လူ့ တန်ဖိုး
အဖိုးအနမတဂ္ဂ.ထိုက်တန်စွ
လူမှန်ရင်..သိတတ်ကြပါတယ်။

သို့သော်
မရိုးဖြောင့်..မြစ်သို့ ကောက်ကွေး
မာယာအပြောကြွယ်..လိမ်လည်မုသား
စဉ်ပြောကြားသော..သင်၏ရန်သူ..
သတိမူလော့..
ဖြောင့်ရှင်းရိုးသား..ဂတိရှိသူ..လိမ်မာသူအား
ကောက်ကျစ်စဉ်းလဲ..ငရဲကလူ..
အနိုင်သာကြည့် ..စည်းကမ်းမသိ..စည်းမျဉ်းမရှိ..
ကိုယ်ချင်းစာမရှိ..ရှက်ဖွယ်ရာမရှိ..ဥပဒေ..နတ္ထိ
သင်၏ ဖြုစင်မှု..သူ့ အမဲကို..အန်မတုနိုင်...
သင်..ဘယ်လိုဖက်ပြိုင်မလဲ..ပြော.?

ငြိမ်းချမ်းရေးလက်နက်..ဒို့လက်ကိုင်စွဲထား..
ပေးသလား..သူတို့ အာဏာ..
ဒို့ ကျောင်းသားခေါင်းဆောင်များ..
အင်းစိန်တောင်ဘူးဝ..၀င်တလှည့်.တွက်တခါ..
ဒေါ်အောင်ဆန်းစုကြည်..အိမ်ပြင်မတွက်ရ..၁၂ နှစ်တောင်ကြာ..

ဒီလိုနဲ့..လူကောင်းတွေဘ၀..ကြွေရွက်လို..လွင့်ကြွေကျ
ကျန်ရစ်မိသားစု၏မျက်ရည်များ.ရင်ခွင်ကိုခြလိုစား
မိမိအကျင့်သိက္ခာကိုကိုးစား..ဒိုများဆက်ပြီးတိုက်နေလေ...
၂၀၀၇..တောင်တိုင်ခဲ့ပီလေ.

ရိုးသားဖြောင့်မတ်..လောကနိယာမ
လူတိုင်းသဘောကျသော်ငြား
သင်၏ပြိုင်ဘက်ရန်သူ…သင်နဲ့ တန်ဖိုးခြင်းမတူ..
ညစ်ပတ်စုတ်ပြတ်..မေတ္တာပို့ တဲ့ သံဃာကိုသတ်..
လူ့ စည်းမှာမှမရပ်ရင်.. ဘီလူးစည်းတားကြရအောင်
မောင်မောင်ခေါ်တုန်း သူက ဗျာမထူး..
အောင်ကျော်ခေါ်ခါမှ..ကြောက်ပြီး..ဘုရားထူး..
မင်းလည်းလေ..ရက်စက်တတ်အောင်လေ့ကျင့်ဦး..
အချစ်နဲ့ စစ်ပွဲ..မတရားတာ..ဘယ်အရာမှမရှိ..
အမှန်လေးတော့ ..စာနာကြည့်လှဲ့ ပါ။

ဒို့ တမျိုးသားလုံး..လွတ်လပ်ရေးရတာ.၁၉၄၈.
၁၉၆၂ မှာ..စစ်ကျွန်လာဖြစ်..
ဒို့ အသက်..၄၀သက်တမ်း..
ကျွန်ဘ၀ရက်များရှည်..ဘုန်းဘုန်းများသေကြေ..
မျိုးဆက်သစ်များ..ပြုန်းပျက်နေ
သာသနာလည်း..မြေခလို့ နေ
မင်းကြည့်ရက်လေသလား..။
ပါးစပ်ကလွဲ.. ဘာလက်နက်မှမရှိတဲ့ဒို့ ..
ရှိရာ…ဘာလက်နက်နဲ့မဆိုတိုက်ကြစို့ ..
ကျောင်းသားလက်နက်ကိုင်များ..သတ္တိအသက်ပေးတိုက်
ဘုန်းဘုန်းများ..မေတ္တာသုတ်ရွတ် ကံဆောင်တိုက်
ဆန္ဒပြနိုင်သူ.. သံရုံးရှေ့ ဆန္ဒပြပြီးတိုက်.
ရံပုံငွေကောက်ပေးနိုင်သူ….အလှုငွေနဲ့ တိုက်
အင်္ဂလိပ်လိုရေးဟိုတိုင်ဒီတိုင်ဖို့ ..လက်မှတ်စုထိုးပြီးတိုက်
စည်းရုံးရေးပိုင်သူများ..စည်းရုံးရေးနဲ့ တိုက်..
မီဒီယာ .ဘလော့ဂါများ..သုတို့ အဆဲခံပြီးတိုက်..
မိန်းခလေးများက.ရှုံချ..သူတို့ အတွင်းခံဘောင်းဘီနဲ့ တိုက်..
ဘယ်လိုနဲ့ ဘဲတိုက်တိုက်..နားလည်ပေးလိုက်ပါမောင်လေး..

အနာဂတ်မျိုးဆက်များအတွက်
ဒို့ တတွေအသက်ချွေးအချိန်တွေပေး..
အဿပြာ.တပြားမရ..အိပ်စိုက်ဆန္ဒပြနေကြ..
စေတနာကသာ..လိုရင်း..
ဘ၀နဲ့ ရင်း..အသက်နဲ့ ရင်း
ကိုယ်ချွေးနည်းစာငွေ..ထွေခင်း..
ဒီမိုကရေစီရဖို့ ..ရင်းတဲ့အချိန်..
ဒင်းတို့ ကမလှုပ်မပြုတ်..တိုင်းပြည့်ဘဏ္ဍာဂုတ်သွေးစုတ်
စစ်တပ်ကတပြည်လုံးမှာလုယက်
တံဆာခံတွေကိုပြန်ပေးဆွဲလျှက်
မိန်းခလေးများကို မုဒိန်းကျင့်လျှက်
ရာဇ၀င်လူဆိုးတွေကို..ဌားရမ်းဆုငွေ..
တနေ့ ၂ဒေါ်လာပေး..လူသတ်ခိုင်းနေ
ခလေးတွေ..ကျောင်းမတက်ရ..
မိသားစုတွေ..ကွဲကွာနေရ
ဘုန်းကြီးတွေ..ဆွမ်းခံမတွက်ရ
ဘုရားပေါ်..၀တ်ပြုမတက်ရ
ညဘက်လူပျိုများ..အပြင်မတွက်ရ။
မီးမလာ..ရေပြတ်..အစာငတ်နေတဲ့ဘ၀များ..
ပြည်ထဲရေးက ငြိမ်းချမ်းအေးပါ့မလား..
ဒီအချိန်မှာ..ဒို့များ.စစ်အစိုးရပြုတ်ကျစေရေး..
အဓမ္မ မှုကို.. ဓမ္မနဲ့ တိုက်မည်..
မရရင်.. အဓမ္မ မှုကို.တန်ပြန်.အဓမ္မ..နဲ့ တိုက်မည်..
ဘာဘဲလုပ်လုပ်..ဒို့ ဘက်ကတရားနေပြီ..
ရှေ့ ကိုဘဲ..ဆက်တိုက်ရဲဖို့ လိုသည်။
လာဟေ့..ဒေါင်းအလံချီ..ဆက်တိုက်ကြမည်။

မသဒ္ဓါ ( ၁၀။၃၀။၂၀၀ရ)
comment မှာလာရေးသော.အမည်မသိမောင်လေးတဦးသို့
မောင်လေးရဲ့မြင့်မြတ်သော အယုအဆကို လေးစားပါသည်။ လွတ်လပ်စွာ သဘောကွဲနိုင်ပါတယ် မောင်လေး..။ လမ်းစဉ်တွေပေါ်ကချော်ထွက်သွားတာမဟုတ်ပါ။ သင်.မြွေဖမ်းလိုကမြွေဘယ်လိုပေါက်နိုင်သည်ကို မဖမ်းမီလေ့ လာသင့်ပါသည်။ ယခုပွဲသည်ရှေးခေတ်က မြင့်မြတ်သော စစ်ဘုရင်နှစ်ဦး၏ စီးချင်းထိုးခြင်း မဟုတ်။ စစ်အစိုးရ သည် သိက္ခာနဲ့ သစ္စာကို နားလည်တဲ့ သင်နဲ့ တန်းတူ လူမဟုတ်။ သင်ပျော့ညံ့လျှင်သင်ရှုံးမည်။ မိန်းမများ၏ပင်တီတိုက်ပွဲသည်ဝတ်ပြီးသားအဟောင်းများအား ယုတ်ညံ့စွာပေးပို့ ခြင်းမဟုတ်ပါ။ မိန်းမ အတွင်းခံအသစ်များကို.မိန်းမဆန်သော.လူုသတ်ကောင်များ အားရှုံ့ ချသော သဘောထား၍ပေးပို့ခြင်းဖြစ်သည်။ ယုတ်ညံ့သော witch crafts , black magic မဟုတ်ပါ.။ မိန်းမအ တွင်းခံသည် မ၀တ်ရသေးပါက ယောက်ျား၏ အတွင်းခံ နှင့်အဆင့်အတန်း အတူတူသာဖြစ်ပြီးပုံသဏ္ဍာန်သာ ကွာခြားမှုရှိပါသည်။ နားလည်ပေးပါ။ ကျေးဇူုးတင်ပါသည်။

No comments:

 
/* EOT ----------------------------------------- */