Monday, October 29, 2007

စဉ်းစား…သင်ဘာလုပ်ရမလဲ..ရဲဘော်..

အသင်ရဲဘော်..
သင့်အမေကမီးရှုးသန့်စင်
သင် လူဘ၀ ရောက်ခဲ့စဉ်
ကင်ပွန်းတခွက်နဲ့ .သရဏဂုံ..
အကြင်ရဟန်းကရွတ်ဆို..
သင့်ကိုဗုဒ္ဓဘာသာဝင်သို့ ကြိုဆို.
ညအိပ်ရာဝင်စဉ်ခဏ
လူကြီးသူမဆိုရွတ်ပြ
သြကာသ..သြကာသ..
ဦးတော်ချ..မင်းသင်ခဲ့တယ်။

အရွယ်တော်ဆယ်တော်သက်..
ရှင်သာမဏေရဟန်းဘောင်တက်..
သကလ ၀ဋ္ဋ ဒုက္ခ နိဿရဏ
သင်္ကန်းတောင်းကိုရွတ်ဆို..
သာသနာ့ အမွေခံလုလင်ပျို

ရှင်လူထွက်ကျောင်းတက်..
ပညာစုံ..ကြင်ယာစုံ
ကဟေဆက်..ထိမ်းမြား.
မေတ္တာသုတ်ရွတ်ကြားတဲ့သံဃာရှင်
ဒီလင်မယား..အိုအောင်မင်းအောင်ပေါင်းဖက်စေချင်။

သုံးဆဲ့ရှစ်ဖြာ..မင်္ဂလာများ..
ပြည်စုံလှပ..ပြည်ဗမာ..
လှုဝါဆို..ကထိန်သင်္ကန်း
ရောင်ဝါလျှမ်းတင့်..တေရ၀ါဒမြေသာယာ
ကြေးစည်သံ..ဗြောစည်သာလှ..
လှုရေစက်မကွာ..ချမ်းမြေ့ပျော်ဖွယ်ရာ..
အနော်ရထာလက်ထက်က..
ရှင်အရဟံနဲ့ စခဲ့တဲ့ဗုဒ္ဓဘာသာ
သန်းရွှေလက်မှာ..အညွန့် ကျိုး..
အရိပ်နေ..အခက်ချိုးတဲ့..လူယုတ်မာ
တသွေးတသံတမိန့် ..စစ်တပ်အာဏာလေးစား.
နားလည်သိရှိသော်ညား။။ဇာတ်တူစားတဲ့ ဟင်္သာကိုးသောင်း
လူယုတ်ဖျက်တဲ့..ဒို့ ဗမာပြည်ကောင်း..
အကျိုးနဲ့အကြောင်းချင့်တွေး..ရဲဘော်.
ကြာကြာဝါးရမဲ့သွား..သာသနာကိုလေးစား..
ဘယ်ဘက်များ.. မင်းလိုက်သင့်ပြီ.

ဖြုတ်..ထုတ်..သတ်ရမဲ့သားသုံးသား..
စစ်သား လည်းလေ..တပါး။
မင်းဆရာ..ဟောကြားတာရှိတယ်..။

သူ့ အလိုကျ..သံဃာတွေမင်းသတ်.
သူ့ လိုဘဖြတ်နိုင်မယ်..မင်းထင်လား..
မင်း.နားထင်ဘေးကိုကြည့်။..သူ့ ပြောင်းဝရှိတယ်..
မင်း.နံမည်..စာရင်း..သူ့ အပျောက်ရှင်းရမဲ့စာရင်းထဲပါ။
သူတပည့်လက်မရွံ့ များ..မင်းကိုခြုံကွယ်ကချောင်းနေ။
သံဃာတောင်..သတ်ရဲမှ..
စစ်သားကိုသတ်ဖို့ ကျအလွယ်လေး..
မင်းဘယ်ကိုပြေးပြေး..လက်မနှေး..
ကျုပင်ခုတ်ကျူငုတ် တောင်ကျန်မည်မဟုတ်။
ကဲ…မင်းဘာလုပ်မလည်း..ကိုယ့်လူ?

သူ့ တို့ ကအာဏာရှင်..
ဘုရင်ရူးရူး….တွေ့ဆုံတွေးနွေးခွင့်မရှိဘူး
ထိပ်တိုက်..ဝေဖန်ခွင့်မရှိဘူး..
အိမ်ထဲက..အပြင်ထွက်ခွင့်မရှိဘူး..
အင်တာနက်..နိုင်ငံခြားသတင်းနားထောင့်ခွင့်မရဘူး။
လူဖြစ်ရက်..အခွင့်အရေးလွဲ..
သူတို့ မိသားစုဘဲစားနေ..
ပေါင်မုန့်မရှိရင်..ကိတ်မုန့် စားပါလား ပြည်သူတွေ..
မေရီမိဘုရားလိုရေရွတ်..စိန်ရောင်လက်တဲ့.ဒီမိသားစု
တော်လှန်ရဲတဲ့ပြင်သစ်ပြည်သူများ..
ဟောဒီ..ဗမာပြည်မှာမရှိကြဘူးလားဟရို့ ။
မေတ္တာသုတ်ရွတ်ဖတ်..
တော်သလင်းလပြည့်ဥပုဉ်အပတ်
ကံဆောင်ဝတ်တက်တဲ့သံဃာ..
ရွှေတိဂုံဆံတော်ရင်းမှာ..သွေးချင်းချင်းနီခဲ့ပြီ။

သင်္ကန်းဝတ်သံဃာတုလို့ စွပ်စွဲ..
ဒင်းတို့ ကျ..မင်္ဂလသုတ်တောင်မရဘဲ..
လက်ညှိုးတချောင်းကွေးတတ်ရုံနဲ့ထမင်းစား..
တိုင်းပြည်ဖျက်သားတွေ.
တိုင်းပြည်ကိုစော်ကားမဲ့သူကို..အဖေလုပ်..
တိုင်းပြည်ဘဏ္ဍာဂုတ်သွေးစုတ်တဲ့လူတွေကို..သခင်လုပ်.
တိုင်းပြည်ကိုမကာကွယ်..
ကြိုက်တာတရုတ်ဝယ်...လက်ညှိုးထိုးရောင်းနေတဲ့.ငတက်ပြား
ဒါလား...တပ်မတော်သား..
ယူနီဖောင်းအရေခြုံ..လိမ်နေတဲ့.ကျားငစဉ်းလဲ..
ပြည်သူသေမှ..သူအစာပိုဝ..
တိုင်းပြည်ကြေမှ..သူဖျာရ..

စဉ်းစားတော့..ရဲဘော်..
သုံးသပ်လော့.. ရဲဘော်
သူလက်မဦးခင်..မင်းပြန်သူပုန်ထ..
လက်နှေးနေရင်..မင်းဘ၀ပြာကျ..
အာဏာရှင်ဆိုတာ..သူ့ တဘို့ သာဘဲ
ဘယ်တော့မှ..တရားဆိုတာလက်ထည်းမဆွဲ..
မင်းလက်ဦးလှည့်တော့..အရင်..
ဒို့ တတွေနဲ့ လက်တွဲ..မင်း..တော်လှန်ရဲရင်.။

မသဒ္ဓါ ( ၁၀။၂၈။၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */