Monday, October 29, 2007

သံချေးတက်.ဌက်ကြီးတောင်ဒါးတချောင်း။ ပျောက်ဆုံးနေခဲ့တဲ့ဝံသာနုစိတ်ဓါတ်

အဖေ့အိမ်နံရံပေါ်မှာ..အမှတ်တရသိမ်းထား..
ဌက်ကြီးတောင်ဒါး..တချောင်းရှိတယ်..
ဒို့ အဘေး..ကိုလိုနီခေတ်ဦးကာလ..
အင်္ဂလိပ်ဇက်သွေးသောက်ခဲ့ရ.တော်ဝင်တဲ့.ဒီဒါး..

ဘုရားစင်အောက်က..ကျွန်းသေတ္တာထဲ..
ကဒေါင်းအလံ..တခုရှိတယ်..
ဒို့ အဖိုး ယူနီဘာစီတီကျောင်းသား..
သပိတ်မှောက်ခဲ့တုန်းက..သုံးခဲ့ရသမိုင်းအလံ..

ဧည့်ခန်းမှ မှန်ဘီဒိုထဲမှာနေရာယူထား
ဂျပန်ဒါး.တလက် ရှိတယ်.
ဂျပန်ခေတ်စစ်ပညာသင်တဲ့..အဖေ့ကျောင်းဆင်း
ဂုဏ်ထူးဆောင်နှင်းခဲ့ တဲ့ ဆုဒါး။

အကိုကြီးက..စစ်တက္ကသိုလ်ကျောင်းဆင်း
ဘိုးဘွားခြေရာနင်းတဲ့..သူ..
ရဲဝံ့စွမ်းရည်ပြ..သူရဘွဲ့ ရ..
စစ်တပ်ခေတ်ဥင်္ီးပိုင်းရဲ့..နောက်မရွံ့ အာဇာနည်..
တိုင်းပြည်အတွက်.အသက်ပေးခဲ့သည်။

တူတော်မောင်လေး၊ မောင်မောက်ကြွား.
သူလည်းလေ..စစ်သား။
အမျိုးဂုဏ်ထိန်းစေရအောင်၊

စစ်ဗိုလ်လုပ်ခဲ့တဲ့မောင်။
ကံဆိုးနွံညစ်၊ သမိုင်းမှောင်ခေတ်ပျက်ကလူ။
စာရိတ္တပျက်၊ မိုးခါးရေသောက်သူ။
လူဆိုးစခန်းရောက်တဲ့..ကျေးဌက်သား၊
စိတ်ဓါတ်က.ရိုင်းပြမှား၊
မာန်မာနကမိုးထိသွား၊
သံဃာကိုနှိပ်စက်၊
ကျောင်းသားထုဆီကျည်ခွင်းရက်၊
ဒို့ အမျိုးရာဇ၀င်ကို ရိုင်း၊
မင်းကလေ..ခွေးတပိုင်း၊
သိုးမဲစိတ်နဲ့ ..လူယုတ်မာတသိုက်၊
မိကောင်းဖခင်သား..မခေါ်ထိုက်၊
သန်းရွှေစစ်အာဏာရှင် ရဲ့နောက်လိုက်။

ခေတ်အလီလီပြောင်း..လူတွေစိတ်ထားပြောင်း၊
အာဏာနဲ့..ငွေအဿပြာ၊
မိန်းမနဲ့..လောကီစည်းစိမ်၊
အကျင့်သိက္ခာတွေ၊ လောက်ထိုးအရောင်မှိန်၊
ဘိုးဘေးဘီဘင်၊ ၀ံသာနုစိတ်ဓါတ်များ၊
ဒို့ တူသားလက်ထက်၊ မှိန်ဖျော့တော့အရောင်ပျက်၊
ထက်မြက်ခဲ့ဘူးတဲ့၊
ဒို့ အဘိုးရဲ့ဌက်ကြီးတောင်၊
တဖြေးဖြေးသံချေးတွေက..တက်၊
ပြည်ကိုဖျက်မဲ့ဒီစိတ်ဓါတ်၊

အမျိုးသာသနာကိုကိုယ်တိုင်ပြန်သတ်၊
ဘာတွေဟာ..အမှန်..ပြန်ပြင်အပ်၊
ဘယ်အလုပ်ဟာ..အမျိုးဂုဏ်မငယ်အပ်၊
ဘယ်အရာဟာ..နိုင်ငံဂုဏ်မြင့်စေအပ်၊
မတွေဝေအပ်..မှန်ကန်ပရမတ်၊
အမှားကိုပြင်..အမှန်မြင်တော့၊
အဆိုးတွေစင်..အကောင်းပြင်လော့၊
နောင်အနှစ် ၆၀..မင်း.သားမြေးငယ်အတွက်၊
ကောင်းမြတ်အမွေ..မင်းချန်နိုင်စေ။

ချစ်သော..တူမောင်ကလေး..
မင်းရဲ့သမီးကမွေးဖွား..
မင်းမြေးလေးက..သူ့အမေကိုမေး..
ဘုန်းကြီးသတ်ခဲ့တဲ့သူ့ အဖိုး၊
သူရှက်ပြီးအမျိုးမတော်ချင်၊
ငရဲမှာဘဲနေစေ၊
သားတို့ အမျှလည်းမဝေချင်၊
ရှက်ဖွယ်ဆိုတဲ့အရေး၊
ခလေးလေးတောင်သိတတ်ရင်၊
ဆေးကြောခံထား..မင်းဦးနှောက်.
တဖန်..အလင်းရောက်ပါစေ။

ကိုယ့်သမိုင်း..ကိုယ်ရေး..
မင်းရာဇ၀င်ကြွေး..မင်းဘဲလေရှင်းခဲ့..
ပြည်သူရှေ့ က..မင်းသေနတ်ပြောင်း..
အနီးဆုံးက..မင်းရန်သူတွေ.တော်လှန်စေ
အားမတန်လို့ အမှန်အတွက်၊ မင်းဘဲသေသေ..
အမျိုးဂုဏ်ဇာနည်သွေး၊
ဒို့ အားလုံးဂုဏ်ယူသာဓုခေါ်စေ။

အမှောင်မှာ..တသက်ရှင်နေမှာထက်၊
အလင်းထဲတမနက်၊
အသက်ရှင်တတ်မှ..မင်းဟာလူ၊
တော်လှန်ခဲ့တော့။ တူမောင်စစ်သည်၊
ပုန်ကန်လိုက်တော့။ အာဏာရှင် စံနစ်ဆိုး၊
အားလုံးရဲ့ အနာဂတ်ဟာ၊ မင်းနဲ့ဆိုင်သည်။
အဘိုးရဲ့ ဌက်ကြီးတောင်..သံချေးစင်အောင်သွေး၊
ဇာတိ နွယ်မျိုး၊ မင်းတဖန် ဖြူရှင်းသန့် စေ၊
ထိမ်းသိမ်းရမဲ့..မင်းဘိုးဘွားရဲ့ အမွေ။
ဒါဒို့ ပြေ..ဒါ ဟာ.ဒို့ ရဲ့မြေ။

မသဒ္ဓါ (၁၀။၂၈။၂၀၀၇)
ဇာတိ။ပုညဂုဏ်မာနကို ထိန်းသိမ်းနိုင်မည့် တပ်မတော်သားအစစ်အမှန်များသို့ ..

1 comment:

Mintasay said...

ဒီကဗျာကောင်းတယ် အမ....

 
/* EOT ----------------------------------------- */