ပြုသူအသစ်..ဖြစ်သူကအဟောင်း..
နှစ်တွေဘဲ..ပြောင်းပြောင်း..
ရာသီ.ဘယ်နှစ်လီဆောင်း
သွေးချောင်းစီးတဲ့..ရာဇ၀င်..
အမြဲထာဝရ..ကဗျည်းပေါ်တင်..
မကောင်းသေးတဲ့..ဝေဒနာ..
မြုံနေတဲ့ အတွင်းဆွေးနာ..
ဖွဲမီးငွေ့ ငွေ့ ..အရှိန်တမြေ့မြေ့
ဒို့ နိုင်ပဟေ့လို့ .မာနထောင်လွှား..
လူသတ်သမား..ပါးကွက်သားများ
မကျသေးခင်.သရော်ပြုံး..ပြုံးထား။
ရှင်ဘုရင်ပျောက်ရင်..အသစ်ပြန်တင်မြှောက်
ငကန်းသေရင်..ငစွေထပ်ရောက်စမြဲ..
ဘာသာကွယ်ကာပျောက်..ကိုးကွယ်စရာမှိန်ပျောက်..
ထီးကျိုးစည်ပေါက်တာထက်..ဆိုးရွား..
စိတ်နှလုံးအမှောင်ကျ..သာသနာ ပခဲ့ပြီ..
ဒင်းတို့ မို့  လုပ်ရက်သည်။
ပွဲပြီး..မီးသေ..
ဒို တတွေ.ခေါင်းငုံနေမယ်..ထင်သလား..
ရက်စက်တဲ့..ကျည်ချက်..
ဒို့ စိတ်ဓါတ်ကို..ဖြိုဖျက်နိုင်မယ်ထင်သလား။
ကြမ်းတမ်းတဲ့ စစ်သံဖနောင့်..
ဒို့ လက်မြှောက်..ဒူးထောက်မယ်ထင်သလား။
တမျိုးလုံး..တန်ဆာခံဆွဲ
ဒီမျိုးဆက်ကို..သတ်လို့ ရမယ်ထင်သလား။
အာဏာနဲ့ သာသနာလွန်ဆွဲတဲ့ပွဲ..
ဒို့  ဇွဲမလျှော့ဘူး..
ဓမ္မ နဲ့  အဓမ္မ.
နှိုင်းယှဉ်တုကို..မရဘူး..
သစ္စာမရှိတဲ့..သရဏဂုံပျက်..
အာဏာအတွက်.တိုင်းပြည်ကိုဖျက်..
မေတ္တာ နဲ့ စတဲ့ပွဲ..မေတ္တာကဘဲ..စူးဝင်..
မီးအလျှံ ကိုဖြိုမဲ့..ရေစင်လက်နက်..
ကျောက်ကမ်းပါးတောင်..ပျက်စေနိုင်
တရားမျှတမှုဟာ..အမြဲတမ်းဘဲနိုင်။
တိုက်ဆင်..နောက်ခြေတလှမ်းဆုတ်..
ပေါက်မဲ့မြွေ..ပါးပြင်း..အနောက်ရုတ်
ကြောက်ရွံ့ တာမဟုတ်..နောက်တွန့် တာမဟုတ်..
အားမတန်..မာန်ဆုတ်တာမဟုတ်..
မင်းယုတ်..သာသနာဖျက်..
တော်လှန်ရေးအတွက်..
တဗိုလ်သေ..တဗိုလ်တက်..
အမျိုးဘာသာ..သာသနာ့အတွက်..
ကြည်ဖြူ..အသက်ပေးလှု..
သေရင်တောင်..သာဓုအနုမောဒနာခေါ်ယူ..
အာဏာရှင်အယုတ်..အမျိုးဖြုတ်ကြမဲ့ပြည်သူ.
ရဟန်းရှင်လူ..ကျောင်းသားပြည်သူ..
ဒီိတချိန်အောင်ပွဲ..ဒေါင်းလံလွင့်လွင့်..
သာသနာ့အလံတော်..တလူလူ..
မြန်ပြည်အနာဂတ်..ပြန်လည်လန်းဆတ်
ငြိမ်းချမ်းရေးရဲ့ ချိုးဌက်ဖြူဖြူ..
တက်နေ၀င်းအောက်မှာ.တကူးကူး..ကူ။
မသဒ္ဓါ (၁၀။၂၀။၂၀၀ရ)
Sunday, October 21, 2007
ပွဲပြီးတဲ့ အထိ..စောင့်ကြည့်။.ဘယ်သူနိုင်မယ် ?
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment