မနက်ဖြန်ဆို..
ဝါလကင်းလွတ်..သီတင်းကျွတ်ပြီ..
သူဆင်းရဲ မုဆိုးမအမေအို.
ရွာလယ်လမ်းမဘက်ကို မျှော်ကြည့်
ဗုဒ္ဓ၏ဓမ္မကျမ်းဂန်စကား.
မြို့ပေါ်ဆီ၌..စာသင်သွား..
အမေ့သားမောင်ရဟန်း..ရွာအပြန်လမ်းဆီ။
စာမလာ.သတင်းမကြား..ရက်များရှည်ကြာ..
ကျန်းခန့် သာမာပါစ..
ပူပန်ရတဲ့..ရဟန်း၏မယ်တော်..
ဇနပုဒ်.ဝေးသီခေါင်ကြား.
သတင်းစာမရှိ..ရေဒီယိုမရှိ..
အဆက်အသွယ်မရှိ.
ဆုတောင်းရုံမှလွဲ..သူဘာမှမသိ။
သားမောင်ရဟန်း..နိဗ္ဗါန်ကို မှန်းသူ..
သာသနာ့ရဲ့ တံခွန်ထူ. ကမ္ဘာကိုငြိမ်းချမ်းစေလိုသူ..
ဗုဒ္ဓ၏ပရိတ္တံတရား..မေတ္တာဘ၀နာပွါးတဲ့သံဃာသူတော်စင်.
စားမိတဲ့ ရဟန်း၏ဆွမ်းတနပ်
ပြန်ဆပ်ရမဲ့ ကျေးဇူးတရပ်.
အငတ်ခံပြီး..ဆွမ်းလှုတဲ့ပြည်သူ
ခက်ခဲ..ပင်ပန်းတဲ့ အရေး.
အသက်စတေးရန်မနှေး.ရဲရင့်တဲ့အာဇာနည်သွေးနဲ့ 
ပတ္တနိက္ကုဇ္ဇန ကံတော်သပိတ်ကိုဆောင်..
သာသနာ့ရဲ့ဥသျှောင်။
မေတ္တာရဲ့လက်နက်..အကြမ်းဖက်တဲ့ မိစ္ဆာများ.
ရိုက်နှက်လုယက်..ရက်စက်ရမ်းကား
တရားသွေပျက်. သာသနာ့မြေပေါ်ကသံဃာသွေးစက်
မြေကျသက်ခဲ့ပြီ..
ဝိညာဉ်ကြွေပျက်..ဒီ မာရ်နတ်လက်ချက်.
ရုပ်သွင်ခြွေဖျက်..မြစ်ပြင်ထက်ဆီ.
မသေမရှင်..မြောချပစ်ခဲ့ပြီ.
အမှန်တရားအတွက်..ထားခဲ့တဲ့သူမြတ်ရဲ့သစ္စာပရမတ်..
သေတာတောင်..တင်ပြမဲ့ သက်သေတရပ်..
အသုဘကမ္မဌာန်း လာရှုကြစေ.
ငမိုးရိပ်ချောင်းရဲ့ရေ..ငါ့ အရိုးတွန်ခဲ့ပြီလေ....
နအဖ..တရားမမျှတမှုတွေ..ကမ္ဘာကသိကြားစေ။
အညာအရပ်က..ရဟန်းမယ်တော်အို..
ယနေ့တိုင်ကို မျှော်နေဆဲ..
ဘယ်ဝယ်ဆီပျောက်..ဘယ်ဆီရောက်..
သတင်းမရောက်နဲ့ ..မွေးမေ့သားတော်
ဗျာပါဒ က ဖိစီး..
ကျမျက်ရည်ပူ..တွင်တွင်စီး..
ရင်၌ပျိုးတဲ့..သောကမီး.တောက်လောင်ညီးညီး..
အိပ်မရသည့် ညပေါင်းများစွာ..
မသဒ္ဓါ (၁၀။၅။၂၀၀၇)
ချောင်းတွင်းမှ ဘ၀နိဗ္ဗါန်သို့ ပျံလွန်တော်မူသောရဟန်းရှင်အားရှိခိုးပူဇော်ပါသည်ဘုရား။
Saturday, October 6, 2007
အမေအိုရဲ့..မျှော်လင့်ချက်..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment