Wednesday, October 17, 2007

လေလှိုင်းကြားကအသံ..လူမဆန်တဲ့ ရှင်ယုတ်မင်းဆရာ..သို့ 

ဘုန်းကြီးလေ..သူလည်း..လောကီသား
တင်ပေါ်ကျော်ကြား..အာဏာထင်ရှား
ဘုန်းကိတ္ထိမ.စွမ်းပကားမြင့်မား
လာဘ်လာဘတို့ ပေါများ..
မင်းဆရာတပါးတော့..ရှင်တိုင်းဖြစ်ချင်..

ဒါပေမဲ့..အယူလွဲ..မင်းဆိုးများရဲ့ ဘုန်းကြီး
အဇာတသတ်ရဲ့..ဒေ၀ဒတ်
ဘယ်လောက်ဘဲ..စာပေတတ်တတ်
ဘယ်လောက်ဘဲ..ဘုန်းကြီးကြီး
ဘယ်လောက်ဘဲ..သက်ရှည်ရှည်.
ဒါ..ဂုဏ်ယူစရာမဟုတ်ချေ.

ဘုန်းကြီးဆိုသောအရာ..အမှန်ဘယ်အရာပါလည်း
ဖန်ခေါက်တေ..သင်္ကန်း..ရုံရုံနဲ့ 
ခေါင်းပြည်းတုံးရုံကလေးနဲ့
စာပေကျန်းဂန်မြတ်..အာဂုံဆောင်ရွတ်ဖတ်တတ်ရုံနဲ့ 
လူတွေကြား..အသိတရားစကားပြောတတ်ရုံနဲံ
ညနေစာမစား..ရုံကလေးနဲ့ ..
ဤသူ..ဘုန်းကြီးလို့မဆိုနိုင်..
ဘုရားရှင်ထားတဲ့..ဒေသနာများကိုဖတ်ရှု
ဝိနည်းညီညီ..လိုက်နာနေထိုင်နိုင်မှု..
သစ်တပင်..၀ါးတပင်အောက်..
လောဘဖျောက်..အစွန်းမရောက်တဲ့ ..သူတော်စင်
အာသဝေါ..စင်ကင်းပျောက် ရဟန်းအမှုရောက်ရင်..
အရွယ်ဘဲ..နုနယ်..၀ါတော်ဘဲငယ်ငယ်..
စစ်မှန်တဲ့ရဟန်း..ဗုဒ္ဓရဲ့လမ်းစဉ်
ခေမာ.နိဗ္ဗါန်လမ်းသို့ အ၀င်

ကျက်တူရွေးလိုရွတ်စာချ..ဖားတတ်လို့ တံဆိပ်တော်ရ..
လာဘ်လာဘ လက်ခံ..မင်းအကြိုက်ဘဲလိုက်ရန်.
အမှန်ကိုမဆုံးမ ရဲ. .တရားမမျှတတဲ့လမ်းလွဲ..
တဏှာ..လောဘ..မောဟ
ဒီသံသရာထဲက..ထွက်မရ
ကျောင်းတိုက်ကြီးကြီး.. ထည်လဲ..ကားစီး..
အာပုတ်နံ့ ရသော်လည်း..ပြောဖို့ ကျ နှာစေးနေတဲ့ယုန်
လောကီစည်းစိမ်နဲ့ဂုဏ်.ကုံလုံရုံကလေးနဲ့ 
သာသနာကို.မျက်ရည်ယိုဗုံးဖေါက်ခွဲ.
ရဟန်းရှင်လူတွေကို..သံဒုတ်နဲ့ခေါင်းရိုက်ခွဲ
လူမမည်.ခလေးများ..သေကြေပျက်စီး
စစ်သားတွေကို...တန်ပြန်နှုတ်ပိတ်သတ်စေပြီး
လူမဆန်သူများ..အာဏာမြဲစေရေး..
ဒီရှင်က..အခါပေး..
ရန်စွယ်အေးဖို့ ..သားသုံးသား
စတေးထားဖို့ အမိန့် ပေးတဲ့ရှင်အို..
ရဟန်း..ဘယ်မဟုတ်တော့တဲ့ ဒေ၀ဒတ်လို..
ကြီးခါမှပိုပို..ချဉ်တတ်တဲ့..သံပုရာ..
ကြွဆင်းခဲ့ပါ..ဒီအ၀ီဇီငရဲ
မင်းနဲ့ ဘဲထိုက်တန်ရာ..

အရိမ္မတ္တေရဘုရားရှင် ချွတ်တောင်မှ..
မကျွတ်မဲ့. ကဋ္ဋေကဋ္ဋာနဲ့ အပြစ်
သာသနာကို..ပပျောက်ကွယ်စင်
သံဃာဂုဏ်းခွဲခဲ့လျှင်
ဓါးမြခိုးရာပါလက်ခံ.တဲ့ သင်္ကန်းခြုံ.လူတပိုင်း.
ရာဇ၀င်ရိုင်းတဲ့..နအဖရဲ့.ဆရာတော်.
လေလှိုင်းထဲက..ဒီမသူတော်
ဒို့ ဗုဒ္ဓဘာသာတိုင်းရဲ့ရန်သူတော်..

မသဒ္ဓွါ (၁၀.၁၆.၂၀၀၇)

No comments:

 
/* EOT ----------------------------------------- */