Saturday, March 8, 2008

ခုမှ..လာမငိုနေနဲ့ ..ကိုယ်ရှုံးတဲ့အခါ


ဘ၀ဆိုသည်..
ဗုံလုံတလှည်..ငါးပျံတလှည့်
ကံကြမ္မာရဲ့..မျက်လှည့်..
အနိုင် နဲ့ အရှုံး..
အချစ် နဲ့ အမုန်း..
အပြုံးနဲ့ မျက်ရည်..
ဘယ်သူမှ တသက်လုံး။ စင်ပေါ်မှာ မနေ..
အချိန်တန်ရင်..ကြွေ

ကိုယ်နိုင်တယ်..အာဏာပြ
အင်အားကြီးပြ..အားနည်းသူကို..ထိုးချ..
ငါမှ ငါမှန်..ငါအတ္တ ရဲ့ အသွင်သဏ္ဍာန်..
အောင်မြင်ချိန်မှာ မြူး..ကျေးဇူးရှိသူများ ပစ်ပယ်ဘူး.
လက်မထောင်ထောင်..ငါသာ ဦးသျှောင်..
ငါမှ..ကနန်းကောင်။

အောင်မြင်ဘူးတဲ့ အဖြစ်. မူးကို မြစ်ထင်.
မီးစကို..ရွှေမျှင်ခြည် ထင်
ရေလိုက်လွဲခဲ့တဲ့ ရွှေသမင်..
ရန်သူကို..ကိုယ့် ဖာသာမွေး..
ငြိမ်းချမ်းရေး တေးဆို..တောင်းပန်စဉ် ခဏ
လစ်လျှူ..အာဏာပြ.
ညှိုနှိုင်းမရ..တန်ခိုးမာန မချ
မေတ္တာ နဲ့ ချူ..မေတ္တာကို ယူသော်မရ..
ငြိမ်းချမ်းရေး နဲ့ သွေးကြွေး ကြိုက်ရာတခုခု
အနုနဲ့ အကြမ်း..သင်လိုချင်ရာရွေးစမ်း။

ခွေးတောင်..ချောင်ပိတ်ရိုက် ကြမ်းတမ်း.
ထွက်လမ်းမရှိ. ချောင်ပိတ်ကာ အမိဖမ်း
သင် ပြန်အကိုက်ခံရတာ..မဆန်း..
ညံ့ရင်..သင်ဘဲခံစတမ်း.
သူများမျက်လုံးယူထားဘူးရင်..သင့်မျက်လုံးပြန်ပေး
သူများကို လိမ်ညာထားရင်..သင့်နံမည်ဟာ ညစ်ထေး
ပေးသစ္စာမဖြူရင်…သင့်ဂုဏ်သိက္ခာနဲ့ ပြန်ဆေး
မကောင်းမှူဟူသည်..ဖုံးစရာ အဖုံးမရှိသေး
ရာဇ၀င်ကြွေးဟာ..ရာဇ၀င်ကြွေး

မောင်မောင်ခေါ်နေစဉ်..ဗျာ..မထူးချင်တဲ့ ခဏ
အောင်ကျော် ခေါ်မှ..ဘုရားထူးတာ..
မင်းအတွက်..သဘာဝကျ..
နအဖရဲ့..နောက်ဆုံးရက်..
အသည်းပျက်ပျက်..သွေးပျက်ပျက်..
ဆွေးရတက်နဲ့  သွေးစက်လက်..မျက်ရည်လည်လည်.
ဒါ..သစ္စာဖောက်တို့ ၏ လားရာလမ်းဖြစ်သည်။

မသဒ္ဓါ ( ၃။၈။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */