Friday, March 21, 2008

ကိုယ်တာဝန်ကို ကိုယ်ကျေပါစေ။


ရေခပ်တဲ့..လိုအင်..
ရေသာ..လျှင် ပါစေဖို့ 
ရေအိုးနဲ့ ဘဲ ခပ်ခပ်..
ဝါးကျည်တောက်နဲ့ ဘဲခပ်ခပ်
ဗူးသီးခြောက်နဲ့ ဘဲခပ်ခပ်..
အုန်းမှုတ်ခွက်နဲ့ ဘဲခပ်ခပ်
ရေကြည်တပေါက်ရရေး..
ရှိတာနဲ့  သုံးပေး..ဥာဏ်ရည်သွေးကြ
အမောပြေ ရေရဖို့ သာ အလေးပေးမှ။

ငိုတဲ့ခလေး နို့ စို့ ရရေးဘဲ
ခြေဆောင့်ပြီး ငိုငို..
မှောက်ထိုးကော့လန် ငိုငို.
အာခေါင်ခြစ်ပြီးဘဲ ငိုငို..
ငိုရမယ်..ဘယ်ပုံဖြစ်ဖြစ်
တစိမ်းလူ့မြင်ရ..
အငတ်ထားတဲ့မိဘ.အရှက်ရအောင်..
မငိုတဲ့ ခလေး..နို့ မစို့ ရ..
ငတ်ကြီးကျပြီး သေမယ်။
ကဲ..အဆာမလွန်မီ..ပြိုင်တူငိုကြရမယ်။

ရန်သူရဲ့ ..စေ့စပ်ချက်..
စစ်တပ်ဆိုတာ..တတ်ဆင်ထား လူသတ်လက်နက်
စိတ်ပျက် အားငယ်ဖို့ မလိုဘူး
ကြောက်ရွံ့ နောက်တွန့် ဖို့မလိုဘူး..
လက်ဦးသူသာ နိုင်စတမ်း..
ဥာဏ်ရည်သာ..ပန်းခူးတမ်း.
အလစ်ဖမ်း..အငိုက်သာချစမ်း။
အရှိုက်ထိုး..ခြုံကြားထဲက စစ်ထိုး။

ကြောင်ရဲ့လက်သည်း..
မလိုဘဲ မထုတ်နဲ့ 
အသံကြောင့်..ဖားသေ
ဘယ်နေ့  ဘယ်အချိန်..ဘယ်နေရာ..မသိစေရ..
အချိန်တန်..ဟုန်းဟုန်းတောက်သာ..ပေါက်ကွဲကြ
ဟိုဒီ မီးပွါးများ. ပြိုင်တူစ
သပိတ် အရင်မှောက်ကြရအောင်..
ညီညာ..လူထုအားသုံး..
ဘယ်တော့မှ ဒို့ မရှုံး

သပိတ်မှောက်ရဲသူ..သပိတ်မှောက်..
သပိတ်မမှောက်ရဲသူ။ ရံပုံငွေလိုက်ကောက်..
လူစည်ကားရာနေရာ။..အလံထူလမ်းလျှောက်
လာဖမ်းတဲ့ အခါ..နဂါးလိုခြေရာဖျောက်..
ဗျူဟာ အရေကျိုသောက်..
ဂယ်ပေါက်ကို.အရင်ကြည့်ထား.
သုတ်ချေတင်..ပုန်းအောင်းရမဲ့နေရာများ။

ကလောင် ထက်ထက် နဲ့ တိုက်သူက တိုက်..
ဆိုင်းထိုးပြီး..တိုင်ရမဲ့နေရာလည်း တိုင်လိုက်။
ဖရီးဒမ်းကားဖြင့်..နိုင်ငံပတ်လည်မောင်း..
မိုင် ၃၀၀၀ကျော်..ခြေလှမ်းများကတောက်လျှောက်။
စစ်ဗျူဟာနည်းနာ..လေ့လာသူကလေ့လာ..
အနုပညာသမားကောင်း..စစ်ချီတေးတွေသီနေခဲ့ပါကြောင်း
ရေဒီယို..ဗီဒီယို..တီဗွီ..င်္သီချင်း ရုပ်ရှင်..
ဟောလီဝုဒ်မီဒီယာ ဆွဲထဲ့..ရမ်ဘိုနဲ့  ဆွဲဖဲ့ ခဲ့လျှင်။

ဘလော့ဂါတွေ..သတင်းမှန်တွေရေး..
အမိန့် မလွန်ဆန်ရဲ..ကြက်ခြေခတ်မဲသာပေး။
ကိုယ်နိုင်ရာ တပိုင် တနိုင်
စေတနာ.လှိုင်လှိုင်နဲ့  လုပ်ကြ။
ဆူးတစ်ချောင်း..မီးပွါး တပွင့်.
မှန်ကွဲ တစ်စ..ဓါးသွား မြမြ
နအဖ အတွက်..အဆိပ်သင့်စေရမယ်။

ဒို့ ချစ်တဲ့အမိမြေ..လွတ်လပ်ရေး..
သွေးနဲ့ ချွေးနဲ့ ရေး..
ဒို့မြတ်နိုးတဲ့ သာသနာ မကွယ်ရေး..
သမိုင်းပေး တာဝန်ကျေရေး။
မနှေး ကာကွယ်..
ဂုဏ်ယူပါ..သားစဉ်မြေးဆက်..
သင်ဟာ..အမျိုးချစ်တတ်သော သာကီနွယ်။
ကျောင်းတွေ မှာကမ္ဘာမကြေ.သီချင်းပြန်ဆိုစေရမယ်။

မသဒ္ဓါ (၃။၂၀။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */