Sunday, March 2, 2008

ကိုယ်ဖာသာ အယ်ဒီတာလုပ်၊ ကိုယ့်ဖာသာ စနက်တံ ဖြုတ်တဲ့သူ


စာရေးဆရာ..ခံစားရေးပြီး..ပေး
အယ်ဒီတာက ရွေး
စာပေ စီစစ်ရေးက...ထုတ်ခွင့်ပါမစ်ပေး
ဒီလောက် စီစစ်တဲ့ ကြား..
စောဝေ.တယောက်ထဲ
ဖမ်းထားက မတရား။

“အာနာ (ဏာ) ရူးကြီး၊ မှူးကြီးသန်းရွှေ” အစ စာလုံးနဲ့ 
ပြည်သူတောင်..ဖော်နိုင်ပါတဲ့ ကဗျာ.
မြတ်ခိုင်…က သူမသိပါဘူးပြောနေတာ..
ဖြစ်နိုင်ပါသလား..စဉ်းစား
ယုံကြပါသလား မိတ်ဆွေတို့ 
တကယ်မသိဘူးဆိုရင်..သူတကယ်ဖျင်း
အယ်ဒီတာ ရာထူးနဲ့ မတန်လေချင်း။

စာပေစီစစ်ရေး က ပယ်ချ..
ကဗျာစ..စာစတွေ ဆိုတာ.
ပုံနှိပ်စာလုံး အသွင်မပြောင်းလဲ.
အယ်ဒီတာ့အမှိုက်ခြင်းထဲမှာ ဆုတ်လွင့်ပစ်ဖြဲ

တခုခု မှားနေပြီ မိတ်ဆွေ..
စာပေသိက္ခာရှိ အယ်ဒီတာကောင်း
ကိုယ့်ရဲဘော်ရဲ့ ကလောင်နံမည်တချောင်းကို မရောင်း
“ ငရဲခွေးသရမ်းကြီးလွတ်နေသည်”
အမည်ရှိ..ညိုမြ၏ အိုးဝေ က ဆောင်းပါး
ကာကွယ်ပေးသူ အယ်ဒီတာ ကိုအောင်ဆန်း..
ကံကော်တန်းက နှင်ထုတ်ခံရဘူးတယ်..

ငါ့ ပိုက်ဆံရှိ ငါ့ ဂျာနယ်ငါ ထုတ်..
ငါ အယ်ဒီတာ လုပ်မယ်..
နုံနဲ့တဲ့ နှလုံး သား..
ဟိုပေါင်ကပ်..ဒီပေါင်ကပ် ခိုစား
မြတ်ခိုင်..ဆိုတာ..လူအလကား ငနွား.
တမင်…ကိုယ်လူ ကိုကိုယ်သတ်..
အရှက်မဲ့တဲ့ သူ့  စိတ်ထား
သူ မဂ္ဂဇင်းတွေ သပိတ်မှောက်ထား။
ဒီလို လူများ..ဗမာအသိုင်းအ၀န်းနဲ့ မတန်
သံပုံး တီးတောထုတ်ကြရန်

အမှန်ကတော့..
ယုတ်မာတဲ့ အတွင်းစိတ်..
နောက်ကျောကနေ.ဒါးထိုး
စီစစ်ရေးကပယ်တဲ့ ကဗျာ
တမင်တကာ..တည့်..
ဟော..စောဝေလည်း..ထောင်ထဲ..
ငါ့မဂ္ဂဇင်းလဲ..
ဒီကဗျာကြောင့် ရောင်းမလောက်.စောင်ရေစွဲ.
တကယ်..မျှားတစ်စင်းနဲ့
နှစ်ကောင်ဖမ်း အမဲလိုက်သူ..
တောမုဆိုး..လူငနွား အမည်က မြတ်ခိုင်.
“တလောကလုံးသိတယ်။
စောဝေ ကျနော်တို့ကိုပေးတယ်။
ကျနော်တို့ဖော်ပြတယ်။ ဒါပဲ"

ဘယ်လောက် တာဝန်ကင်း.တရားမဲ့ ကင်းစွာ ပြောရဲ
အရည်ကြဲကြဲ..မြတ်ခိုင့် စိတ်ဓါတ်
သူ့ ဖာသာ..သူ သတ်ခဲ့ပြီ။
စာပေနယ်က..အမှိုက်တစ်ထုပ်သည်။

မသဒ္ဓါ ( ၃။၂။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */