Saturday, March 8, 2008

အာရုဏ်၏.လေပြေဦး..တင့်ထူးကြသောနှင်းဆီပွင့်နီနီ

ဂုဏ်ယူပါတယ်..ညီမငယ်
မြန်မာ အမျိုးသမီး..ဂုဏ်မငယ်
မီးဖိုချောင်ထဲ..အချိန်တွေမအားလည်း.
အလုပ်ခွင်ထဲ..အချိန်တွေမအားလည်း
လယ်ကွင်းပြင်ကြား..အချိန်တွေမအားလည်း

ပုခက်လွဲ သောလက်။
ခလေး ပွေ့ သောလက်
ခင်ပွန်း လင်သား ပြုစု ယုယလက်
မိသားစု ပေါ်ချစ် တဲ့ မေတ္တာ.
နိုင်ငံအပေါ်ထား တဲ့ စေတနာ
အမကြီးတော့ အမိအရာ..
မိသားစု အပေါ်စွန့် လွတ်ချစ်တတ်တဲ့
အာဇာနည် မိန်းမမျိုး ဆိုတာဟာ..

မောင်ရေ..မိသားစုကို မငဲ့နဲ့ 
ယုံကြည်ရာလမ်း.ဆက်သာလှမ်း..
မကြောက်မရွံ့ 

နို့ စို့ သမီးရယ်..
မေမေကို ရက်စက်တယ်ဘဲပြောပြော
နို့ ချို မတိုက်ဘဲ. မေမေစွန့် ။

ဖေဖေရယ်..ကောင်းရာမွန်ရာ ဘ၀သာသွား
သမီးမျက်နှာ.နောက်ဆုံးမမြင်ရဘဲ..
အသက်သာစွန့် 

နှလုံးရောဂါ ရှိငြား..စိတ်မပျော့အား..
စိတ်ခွန်အားနဲ့ ..ယုံကြည်စွာ..စောင့်ရှောက်ထားတဲ့
ပြည်သူ သို့ စတေး..အသက်ဝိညာဉ်တစ်ခု

ဤ သို့ သော..စွန့် လွတ်ခြင်းများနဲ့ 
ရဲရဲတောက်..သခင်မများ..
မနီလာသိန်း၊ မဖြူဖြူသင်းနှင့် ၊ မစုစုနွေး၊
ဗမာတို့ ရဲ့ ကုမ္မာရီ..ရဲရင့်သွေး
ချက် နိုင်ငံ People in Need အဖွဲ့ကပေးတဲ့
၂၀၀၇ ခုနှစ်အတွက် “Homo Homini “ ရဲ့
မြန်မာအမျိုးသမီးများ လူ့အခွင့်အရေးဆု
ဗမာ အားလုံးတွေ..၀မ်းသာဂုဏ်ပြူတယ်..

ဆက်သွားရမဲ့လမ်း..ရဲရဲသာလှမ်း
ကူညီဆုတ်ထား၊ ပြည်သူများရဲ့ လက်ကမ်း
ချီးမွမ်းတဲ့..လက်ခုတ်သြဘာသံများ..

ညီမလေးတို့ ရယ်..
တော်လှန်ရေး မည်သည်..စွန့်လွတ်မှ အောင်မြင်တတ်မှန်း
အနစ်နာ..ခံစားမှူများ...အများသိ ချီးမြှောက်ကြစတမ်း
ဝမ်းသာမျက်ရည်ဝေ..ဂုဏ်ယူသာ ကျလိုက်ကြစမ်း..
ဒို့ မျှော်မှန်းပန်းတိုင်..ရှေ့ နားဆီ လက်တစ်ကမ်း

လင်းရောင်နီ ..မိုးသောက်ပြီ
နေ၏ ဇာခြည်...အရှေ့ ဆီသမ်းပါပေါ့..
အားမာန်ဝင့်ထယ်.အာဇာနည် နှင်းဆီနီရယ်..
လေပြေဆီ..လှပစွာ..
ဖူးတံချီ..ပွင့်လိုက်ပါရော့။


မသဒ္ဓါ ( ၃။၈။၂၀၀၈)
မမနှင့် တကွ..ပြည်သူတရပ်လုံး၏ နှလုံးသားတွင်းမှ.လှိုက်လှဲ ချစ်ခင်..၀မ်းသာစွာ..ဂုဏ်ပြုပါသည်..ညီမလေးများ..
ဓါတ်ပုံ ကို ဧရာဝတီ မှ ကူးယူဖော်ပြပါသည်
..

No comments:

 
/* EOT ----------------------------------------- */