Tuesday, March 18, 2008

ရဲရဲ သာပြ….ပြည်သူ့ ရဲ့လိုအင်ဆန္ဒ.


နအဖ၏ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေမူကြမ်း..
လောဘကြီးတဲ့ ခလေးလေးလိုပွဲကြမ်း
မတရားတာ..တရားတာ..ဘယ်လိုမှန်းမသိ.
စစ်တပ်ရဲ့ ဇာတ်လမ်း..
အင်အားကြီးတခေတ်ဆန်းစေအောင်ပါ့
လုပ်ချလိုက်ပြန်ပြီ..အရပ်ကတို့ ရေ..
ကိုယ်ဖက်..ကိုယ်ယက်ပါတဲ့ အခြေခံ ဥပဒေ..
လိပ်စစ်တပ်..အကောက်ကြံနေ။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
သူဘဲ နန်းရင်းဝန်.
သူဘဲ သက်တော်ရှည်.
သူဘဲ ဘဏ္ဍာစိုး။
သူဘဲ ထီးတော်မိုး။
သူဘဲ ငွေတိုက်ဝန်
သူဘဲ ပုဏ္ဍား..သူဘဲ မိန်းမ၀န်
သူဘဲ စစ်သူကြီး..သူဘဲ ကုန်သည်
သူဘဲ ဓါးပြ..သူဘဲသူခိုး
သူဘဲ ခွေးလှေး ဂျပိုး။

နိုင်ငံတော် သမ္မတနဲ့ ဒု-သမ္မတ
ရွေးချယ်တင်မြောက်သူ မဖြစ်လည်း ရ..
စစ်တိုက်တတ်သူ။ အရည်အသွေးညံ့သူ
ခေါင်းမာမိုက်မဲသူ။ ဘုန်းကြီးသတ်ရဲသူ
တိုင်းပြည်ပျက်မှာ မကြောက်တတ်သူ
ငတေမာသမျှ..အိပ်ပျော်နိုင်သေးတဲ့လူ
အနှစ် ၂၀ ပြည့်ဝအောင်..ပြည့်သူ့ ဘဏ္ဍာခိုးစား
ဗိုက်ကြီးများ ပြဲကားနေသောသူ
ပြည်သူ မတင်မြှောက်ဘဲ.. သမ္မတတက်လုပ်ရဲ
ဒင်းတို့ မို့ ...အရှက်ဘဲ..ရှိရှိကြဘူးတော်..

ကာကွယ်ရေး လုံခြုံရေး.ပြည်ထဲရေး..
အားလုံး..သူတို့ဘဲရွေး
၂၅% သော.လွတ်တော် ကိုယ်စားလှယ်..
စစ်တပ်က လာမယ်.
မဲရွေးစရာမလို..သူ့ အမျိုးဖြစ်ဖို့ သာလို
ရှိသမျှ နေရာကောင်း.
စစ်အမျိုးတွေဘဲ ဆွမ်းကြီးလောင်း
ဝန်ကြီးဌာနအမျိုးမျိုး .လို လိုလို..မလိုလို
သားမက်အသစ်ဖို့ဆို..အသစ်တီထွင်ဖန်တီးပိုင်ခွင့်
ရေကန်အသင့်..ကြာအသင့်
ဘွတ်အဲအော်ရဲသူ ..
သမီးပေးမယ်..အဆင်သင့်

တယောက်ထဲ..လွတ်တော်ထဲကြမ်း
ပြည်သူတင်သူတွေ က..ပုတ်သင်အအ လို..
ခေါင်းသာ..ငြိမ့် ကြစမ်း..
ဒီလောက်..စစ်တပ်သရမ်းမဲ့ ဥပဒေ
ငြိမ်နေရင်..ဆွေတော်..ဆယ်သက်..
တိုင်းပြည်လည်း ပျက်မယ်..

အချိန်ရှိခိုက် ဆင်ခြင်..
တရားမျှတစေ ချင်လျှင်..
ပြကြပါ..ပြည်သူ့ ဆန္ဒ
ငိုတတ်တဲ့ ခလေး..အစာရမယ်..
ညီညာရင်..ပြည်သာရမယ်

တိတ်တိတ်နေ..၀န်ခံရာကျ..
ဖေါ်ထုတ်ကြပါ.. ပွင့်ပွင့်လင်းလင်းဆန္ဒ.
ကိုယ့်ကြမ္မာဆိုတာ..ကိုယ်ဘဲပိုင်ဆိုင်ရ.
မဲဆို က…မဲမဲမှောင်…ကန့် ကွက်ကြ..
ဗမာပြည်ရဲ့…အနာဂတ်လှစေချင်ရင်။

မသဒ္ဓါ (၃။၁၈။၂၀၀၈)

1 comment:

Goldie Shwe said...

Excellent , Ma Thadar !

Absolutely brilliant ! I just keep laughing, imagining Than Shwe in ladies' 'ta mane'.

Thank you

Naychi U

 
/* EOT ----------------------------------------- */