Thursday, March 27, 2008

သမင်လည်ပြန် ကြည့်..သင် ဘာလုပ်သင့်သည် ကို


ဇာတိမာန်နဲ့  တပ်မတော်သားများ..
အမြင်မှန်နဲ့ တပ်မတော်သားများ..
စဉ်းစားပေးကြပါ။

မျိုးချစ်တဲ့ တပ်မတော်နဲ့ 
အမျိုးသတ်မဲ့ တပ်မတော်..
သေချာဝေဖန် စမ်းစစ်ဖိုအချိန်တန်။.

တပ်မတော်ဟာ.နိုင်ငံတော်ကိုကာကွယ်ဖို့ 
ပြည်သူက..အခွန်ဘဏ္ဍာပေး..
ပံ့ပိုး ပေးထားတာ..
ပြည်သူ့ ဆန်စား..ဦးဆွေးဆံမြေ့.အမှုထမ်း
တာဝန်ကျေပြွန်စေ…
စစ်သည်ကောင်းရဲ့ ဂုဏ်ကြက်သရေ။

စစ်အေးရဲ့ခေတ်..
နယ်တလက်မ..ထိမှ နယ်ချဲ့ မဟုတ်
သယံဇာတ ဂုတ်သွေးစုတ်
အမျိုးကောင်းသမီးများကို..ဝတ်ရည်စုတ်..
မြေပေါ်မြေအောက်..ရှိသမျှသစ်ပင်က အစ။
အောက်ဈေးချဝယ်။
လူတွေ ကျွန်ကုန်ကူး.
ပေါပေါနဲ့..လုပ်အားခ အညွန့် ခူး.

ကမ္ဘာပေါ်က..ဗမာဟေ့ ဆိုတဲ့နိုင်ငံသား
အခုလောလောဆည်မှာ..
အာဖရိကက ကျွန်များအလား.
ပေါက်ဖော်ကြီး အပျင်းဖြေ။
ကုလားကြီး ကို အကျောဖြေ။
ယိုးဒယားကြီးရှေ့ တိုင်ပတ်ပြီး ကပြရနေ
ရှိတဲ့ မျိုးချစ်စိတ်သက်သက်..
နအဖ လက်ချက်တွေနဲ့အသက်ထွက်

အမျိုးကို ပြန်သတ်တာ..ဘယ်သူလည်း..
သာသာကို ချိုးဖျက်နေတာ..ဘယ်သူလည်း..
ကိုယ်သမီးအတွက် ဖောက်သည်ရှာ
ဖာလုပ်ခိုင်းချင်တဲ့ အဖေ..ဘယ်အဆင့်လည်းမေး။
ကိုယ့်ရာဇ၀င်တွေ ကိုယ်ရေး။

ဘယ်ကလာမယ်..မသိတဲ့ နယ်ချဲ့..
ရေဒါနဲ့ မိုးပေါ်ထောင် လျှောက်မကြည့်နေနဲ့ ..
အနီးကပ်ဆုံးက..ရန်သူ..
အခု..မင်းဂုတ်ပေါ်မှာ ကိုယ့်လူ။

တအိအိနဲ့  လောက်တက်စား..
မျိုးဆက်သစ်များရဲ့ စာရိတ္တတရား
မိုးခါးရေ..သောက်..
လာဘ်လာဘ ပေးမလောက်
သူခိုးကြီးလက်က သူဝှက်
သူရဲကြီးလက်က သဘက်.
အဆင့်ဆင့် စား.
နိုင်ငံမွဲတေကျတာ..အဆန်းလား။
မျက်နှာမွဲသူ.ငတ်နေတာ..ကြည့်ရက်ကြသလား။

ဥပဒေ.မရှိမှ..
ဘာအခြေခံဥပဒေ ..စကားလာစနေသလည်း.
ဘာမဲမှ ဒို့ မလို..ရဲ ဖို့ ဘဲလိုတယ်။
လာ..ညီညာတူ စရမယ်.
လာ..ကိုယ်နိုင်ရာ..တာဝန်ထမ်းရမယ်။

အမှားကိုမြင်..အမှန်ဆိုတာခဏ
ကျောင်းသား..ဘုရားသားစည်းရုံးမှ..
ကျန်တဲ့စစ်သား ဘယ်လမ်းရွေး။။
သံသရာ..မကြောက်
ဇာတိမကြောက်...ဇရာမကြောက်..
ဗျာဓိ မကြောက်.. မရဏကြောက်.
အပြစ်ရှိသူနဲ့ အပြစ်မဲ့ကြား
ခလောက်ဆန်နေချင်သေးသူ..နေလှည့်
သွေးမျက်ရည်..သမုဒ္ဒရာ..မေတ္တာတွေ စူးပါလိမ့်
ဝဋ္ဋ်ဆိုသည်..သံသရာ မဆိုင်းပါလှင့်။

စစ်သည်တို့ ၏ သစ္စာအဓိဌာန်ချက်
ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့ ၏ သစ္စာကို
စောင့်သိရိုသေပါမည်
” ဆိုတဲ့စကား..
မေ့ မသွားနဲ့ ..
သစ္စာဖျက်ရင်..သစ္စာစူး
သွေးနဲ့ ဆပ်တောင် မကြေတတ်ဖူး။

ညီနောင်..အကို..မောင်ရင်းသားတို့ 
စစ်သည်တို့ ရဲ့..အားကိုပြကြပါစို့ 
သားသုံးသားပေါင်းမှ..အောင်မဲ့..
လွတ်လပ်ရေး မနှေးပါဝင်.စေ..
စစ်သည်ကောင်းရဲ့ ပြည်သူ့ ထံသို့ သစ္စာရည်။

မသဒ္ဓါ (၃။၂၆။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */