ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချို သောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံ ချိုပျား၊ များလည်း များ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲ ကာသာ၊ ကာလ ကြာလျှင်
မြင်သာ မြင်ရ၊ မစား ရ၍
တောက ပြိတ္တာ၊ ဖြစ်မည်တည်း။
ထလော့ မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့ လုံ့ လ
သူက စ၍၊ ငါက အားလုံး
လက်ရုံး များမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့ တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တ၀မ်း တစိတ်၊ ညီစေသတည်း။
ဇော်ဂျီ
http://dawngwincamp.blogspot.com/2007/08/blog-post_24.html မှ ကူးယူ ဖေါ်ပြပါသည်။
Monday, March 3, 2008
တို့ တိုင်း တို့ ပြည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment