သူ့ ရဲ့ လက်ဖျောက်တစ်ချက်တီးတာနဲ့ 
လူတွေ အပြုံလိုက် တိတ်တဆိတ်ပျောက်သွားတယ်။
ဒါပေမဲ့ သူက ပျောက်စေဆရာ တော့မဟုတ်ဖူး
သူ့ ရဲ့ မျက်စတစ်ချက်ပစ်လိုက်တာနဲ့ 
ဘုရား ၀တ္တကမြေ မှာ သွေးချင်းချင်းနီသွားတယ်။
ဒါပေမဲ့ သူက မျက်လှည့်ဆရာ တော့မဟုတ်ဖူး။
သူ့ ရဲ့ လက်ညှိုး တစ်ချက်ထိုးတာနဲ့ 
တောတောင်တွေ တောင်ကတုံး ဖြစ်သွားတယ်။
ဒါပေမဲ့ သူက တန်ခိုးရှင်တော့ မဟုတ်ဖူး။
သူ့ ရဲ့ ပါးစပ်က..စကားတစ်ခွန်းစတာနဲ့ 
ဟောင်နေတဲ့ ခွေးတစ်အုပ် ခေါင်းညိတ်တတ်လာတယ်။
ဒါပေမဲ့ သူက ဆပ်ကပ်ဆရာ တော့ မဟုတ်ဖူး။
သူ့ ရဲ့ မျက်စောင်းတချက် ထိုးလိုက်တာနဲ့
မြို့ ရွာတွေ မီးဟုန်းဟုန်းပြာကျသွားတယ်။
ဒါပေမဲ့ သူက နဂါးတစ်ကောင် တော့ မဟုတ်ဖူး။
သူ လား..ဘယ်သူလည်း သိလား..
သူက အိမ်ကျယ်…
နကျယ်ကောင် လောက်တောင်အသုံးမကျဖူး
သူက လေဖင်ကျယ် အေဘီစီဒီ တောင် မပေါင်းတတ်ဖူး..
ဟန်ရေးကြွယ်ကြွယ်..ဘာကောင်မှ မဟုတ်ဖူး..
သူ ဘာမှ အရာမ၀င်..
တိုင်းပြည်အပြင်ဖက် တဖ၀ါး ချရဲသူမဟုတ်ဖူး.
ဗျောက်မပါ..အိမ်သာတောင် မတက်ရဲဖူး
ဘာစာမှ မတတ်..ဘာ အသိဥာဏ်မှ မရှိဖူး.
မိုက်ဂုဏ်နဲ့  ဖြဲပြ...ဒိုင်ခြောက်ပြီး စားနေတာ။
ဟဲ ဟဲ..
မိုက်တယ်ဆိုတာလွယ်ပါတယ်..
သေနတ်မောင်း မျက်စိတစ်ဖက်မှိတ် ချိန်စရာမလိုပါဖူး။
မှန်အောင် တည့်တည့် ပစ်တတ်စရာမလိုပါဖူး။
လူအုပ်စုထဲ
မကောင်းသူထိပ် ကောင်းသူထိပ် ထိချင်ရာထိပစ်နိုင်တယ်။
ကံဆိုးသူတော့ သေမှာဘဲ။
တော်လှန်ရေး အတွက် အာဇာနည်ဆိုတာစတေးရဲ
ဆန္ဒပြရဲ တန်းကာရဲတယ်။
သင်ရော..မသေဘဲနေမလား..
ကံကောင်းနေတုန်း သင်ရှင်နေလည်း
အဖြစ်မရှိ..တဒင်္ဂပါဘဲ။
ဆန်ကုန်မြေလေး အနှစ်မရှိ..
ပြိတ္တာသာသာ လူပလာ
သင်ဟာ..
ပြည်သူငွေနဲ့ ဝယ်တဲ့ ကျည်ဆန်များနဲ့ 
ပြည်သူ့ အရိုးကို တံတားထိုးသူ
သင်ဟာ..
ပြည်သူငိုတဲ့ မျက်ရည်များနဲ့
ဆည်ရေကာတာ ဆောက်မဲ့သူ
လုပ်ထားဦးပေါ့..နိုင်တုန်း..
သင်ပိုင်သမျှ ကျည်ဆန်အားလုံး..
သူတပါးအသက်တွေဘဲ ဆုံးစေနိုင်တာမဟုတ်ပါဖူး.
သတ္တိ တကယ်ရှိ..
နောက်ဆုံးကျန်မဲ့ ကျည်ဆန်လေးတစ်တောင့်
မင်းဦးဏှောက်ဖို့ တမင်ချန်..
မသဒ္ဓါ ( ၆။ ၁၀။၂၀၀၉)
Thursday, June 11, 2009
နောက်ဆုံးကျည်တစ်တောင့် ၏ လားရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment