Saturday, June 6, 2009

မယိုင်တဲ့ ခြေလှမ်း..ဘယ်လောက်ပဲ ကန္တာကြမ်းပစေ



နေခြည်တွေ ဘယ်လောက်တောက်တောက်..
ကန္တာ လမ်းတွေ ဘယ်လိုခြောက်ခြောက်..
ဒေါင်းအလံနီ..ရွန်းရွန်းတောက်..
ဒို့ တွေ တော့ လမ်းဆက်လျှောက်မယ်။

အာဏာရှင်ရေ..မင်း..ဘယ်လို ချောက်ချောက်..
လက်နက်အင်အား စွမ်းဘယ်လို မောက်မောက်..
ဒေါင်းစိတ်ဓါတ်တွေ..မျိုးဆက် မပျောက်..
ဒို့ တွေ တော့ လမ်းဆက်လျှောက်မယ်။

အရေးကြီးတာ..စိတ်ဓါတ်..
လူကိုသာ သတ်လို့ ရမယ်..
မတရား ချုပ်ချယ်
ခန္ဓာကိုယ် ထောင်ချဖမ်းလို့ ရချင် ရမယ်..
အမှန်တရား၏ ၀ိညာဉ်..
လွတ်လပ်စွာနဲ့ ဝေဟင်..
တော်လှန်ရေး တိုက်မောင်းစည်သံမြည်ဆဲ
ဒေါင်းအိုးဝေေ၀ တွန်သံမစဲ
ဒို့ တွေ တော့ လမ်းဆက်လျှောက်ဆဲ။

မိုင်.. (၉၀၀) ကန္တာရခရီး..
ဘယ်လောက်ဘဲ ကြမ်းစေ..
ဒို့ ချွေးတွေ ဘဲ ခမ်းပစေ..
ဒို့  သွေးတွေဘဲ..ခမ်းပစေ..
တရားမျှတတေး..
သီကြွေးမဲ့ ငြိမ်းချမ်းရေးဌက်..
ဒို့ တွေ တော့ ခရီးဆက်နေမယ်။

တော်လှန်ရေးအဆက်ဆက်..
သွေးမပျက်ခဲ့တဲ့..
ဆန္ဒ့ပြခဲ့ခြေလှမ်းများအတွက်

လွတ်မြောက်ရေးလမ်းစဉ်အတွက်
စတေးကျခဲ့သော အာဇာနည့်သွေးများအတွက်.

စစ်သံဖနောင့်အောက် ငတ်မွတ်သော ပြည်သူများရဲ့..
ဆာလောင်နာကျင် ဖြစ်စဉ်များအတွက်..
ကျနော်တို့  ခရီးဆက်..
UN ရုံးရှေ့ မှာ..အစာငတ်ခံ ဆန္ဒပြကြမယ်..

ရဲဘော်၊ မင်းရွှေဦး (ခေါ်) ချစ်လွန်းသူ့ 
ရဲဘော် ကဘောယူ ။ ရဲဘော် စောငို
ရဲဘော် မောင်မောင်တိတ်
ရဲဘော် ကျော်ရှိန်။
တမိပေါက်၏ တစ်ယောက်ထွန်း..
ဤ ရဲငါးဖော်၏..
မြန်မာပြည် လွတ်မြောက်ရေးအတွက် ခရီးရှည်
ဒေါင်းအလံထူ..အားသစ်ယူ၍
ဆက်လျှောက်နေဆဲ..
နေကြဲကြဲမှာ..သွေးသစ္စာ။

မသဒ္ဓါ ( ၆။၆။၂၀၀၉)

မိုင် (၉၀၀) ကျော် ခရီးရှည် ချီတက်နေသော။ အစာငတ်ခံဆန္ဒပြမည့် ရဲဘော် (၅)ဦး အပါအ၀င်..ပြန်ကြားရေး ရဲဘော်ကျော်ထွန်း တို့ အတွက် မြန်မာပြည်သားများ၏ ကိုယ်စား ဂုဏ်ယူလေးစားမိပါတယ်။ အရေးတော်ပုံအောင်ရမှာပါ။ ရဲဘော်တို့ ၏ စွန့် ဝံ့ စွန့် စားသော စိတ်ထား အတွက်..အထူးကျေးဇူးတင်ပါသည်။ ဤခရီးမနီးပါ.သိပါသည်။ သို့ သော် တနေ့ တစ်လံ..ပုဂံက ဘယ်ရွေ့ မည်လဲ။ အားသာခဲပါ ရဲဘော်..မနက်ဖြန် သည် ဒို့ ရဲ့အဖော်..

1 comment:

Long Marech for freedom said...

အမ မသဒ္ဓါ အခုလို မျိုးချစ်စိတ်နဲ့ ရုတ်တရက် ထွက်ပေါ်လာတဲ့ အမ ရဲ့  တော်လှန်ရေးစိတ်ကို လေးစား မိပါတယ် ကျနော်တို့ အမြဲတမ်း လက်တွဲပြီး တိုင်းပြည်ကို စစ်ကျွန်ဘ၀က လွတ်မြောက်ဖို့ တိုက်ပွဲဝင် ကြမယ်လို့ ကတိပြုပါတယ်၊ အမရဲ့  တော်လှန်ရေး သတ္တိ ကို လေးစားရင်း၊
ပြန်ကြားရေး ရဲဘော်
ကိုဇော်

 
/* EOT ----------------------------------------- */