ကျန်စစ်သားက သစ္စာရှိစွာ
စောလူးမင်းကို တိတ်တဆိတ်လာကယ်တယ်..
သူက အော်တယ်..
ကျန်စစ်..ငါ့ကို သတ်ဖို့ လာခိုးတယ်။
သံဃာတွေက ဂရုဏာရှိစွာ
စိတ်ယုတ်မာတွေကုပေးဖို့ မေတ္တာသုတ်ရွတ်ကယ်တယ်....
သူက ပစ်တယ်..
ဘုန်းကြီးတုတွေ..ငါ့ကို သတ်ဖို့ လာတယ်။
ကံမပါ..ဘယ်သူ ကယ်မရ..
သဗ္ဗေ သတ္တာ ကမ္မသကာ
ကံသာလျှင် အမိ၊ ကံသာလျှင်အဖ
ကံပစ်ချရာနေ ကံကပေးတဲ့ အမွေကိုစား
ကံသစ်မချ..အဟောင်းဘဲစားချင်တဲ့ လောဘသား
မသဒ္ဓါကတော့
လူယုတ်မာ ရဲ့ အတ္တဘော
အလေးခံသယ်မသွားတော့ဖူး..
ဘုတ်ကနဲ့ အောက်ပစ်ချ..စွန့်ခဲ့တယ်..
" တယ်..ဒီလူယုတ်မာ
လူယုတ်မာတွေ လက်..
နင်...ခွေးသေ ၀က်သေသာ သေလှည့် "
ယမမင်းရယ်..၀မ်းသာအားရ ကောက်ပါလှည့်။
မသဒ္ဓါ ( ၆။ ၁၀။၂၀၀၉)
Wednesday, June 10, 2009
ခွေးသေ ၀က်သေသာ သေဟဲ့
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment