မှန်ကန်တဲ့အခါ..
လူဆိုတာ ကြောက်ရွံ့ ခြင်းကင်း
ကြောက်ရွံ့ ခြင်းမရှိတဲ့အခါ..
အမြင်သံသယရှင်း
သံသယကင်းတဲ့ အခါ
ဆုတ်တွန့် ခြင်း မရှိအလျှဉ်း
အဓမ္မကို တွန်းလှန်ရဲသည်။
ဓမ္မကို ဆုတ်ကိုင်ရဲသည်။
မတရားမှုကို..
မျက်ဝါးထင် မြင်တွေ့ သောအခါ..
ကောင်းမြတ်သောသတ္တိသွေးက
ဟုန်းဟုန်းထကြွ ရဲချင်းချင်းနီ..
စိတ်နဲ့ စေတသိတ်
နာကျင်မှုများ ကိုချိုးနှိပ်
စေတနာနဲ့ မေတ္တာ..
အမျိုးသားအရေးကို စောင့်ရှောက်ခဲ့ရာ…
ပိန်လျှနေတဲ့ သူ့ ခန္ဓာထဲ
ကြီးမားသော နှလုံးသားရှိတယ်။
လှပတဲ့ သူ့ မျက်နှာမှာ
အကြင်နာတို့ ရှိတယ်။
စူးရှနေတဲ့ သူ့ မျက်လုံးထဲ
ထက်မြသော ဓါးသွားရှိတယ်။
ပါးလျှားနေတဲ့ သူ့ နှုတ်ခမ်းမှာ
ရာဇပရိယာယ်ကြွယ် အလင်္ကာများရှိတယ်။
သေးသွယ်သော သူ့ ဦးခေါင်းမှာ
ထက်မြက်သော အသိဥာဏ်တို့ ရှိတယ်။
ရိုးသားသော အသွင်သဏ္ဍာန်က
ကျက်သရေအပေါင်းနဲ့ တင့်တယ်။
အမျိုးကောင်းမှန်တဲ့ ကေသရာဇာ
မြက် မစားပါဖူး..
လာဘ်လာဘ မလိုဖူး
မြင့်မြတ်မှူသာ သူ့ ၏ လားရာ။
ငြိမ်းချမ်းရေးသာ..သူ၏ အာသာ။
နောက်မဆုတ်ပါဖူး။
မကြောက်ရွံ့ ပါဖူး။
စွန့် လွှတ်မှူသာ သူ့ အဖြေ။
လွတ်လပ်ရေးနဲ့ မြင်လိုတာ သူ့ မွေးမြေ။
သတ္တိကတော့ မငယ်ဘူး..
အစွမ်းရှိတဲ့ "သူမ" က လူထူး
တစ်ကောင်ထည်းပါဘဲ..
ဒါပေမဲ့ ခြသေ့င်္..
မသဒ္ဓါ ( ၆။၂။ ၂၀၀၉) အမေ့ မွေးနေ့ အတွက်..လွတ်မြောက်ပါစေ အမေ
Wednesday, June 3, 2009
လည်ပြန်ကြည့်စရာမလိုတဲ့ ခြသေ့င်္
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment