Thursday, August 7, 2008

တော်လှန်ရင်းသေမလား.ကျွန်သက်ဘဲ ရှည်ချင်သလား။


၁၉၆၂ ကစ..
အမှောင်ကျလာတဲ့ ဘဝ
ကျောင်းသားများရဲ့ ရွှေရောင်အိမ်မက်.
လူ့ အခွင့်အရေး ချိုးဖြူဌက်..
သမဂ္ဂအဆောက်အဦးနဲ့ အတူ..
ကြွေကျ မြေခ..
အမည်းရောင်စ..သမိုင်းရဲ့ မှတ်တိုင်။

ဦးသန့်  မှိုင်းရာပြည့်.
ကျိုကြားကျိုကြား..
အရေးတော်ပုံမီးစများ..
မြေ့မြေ့လောင်ဖွဲမီး..
မျိုးဆက်မျိုးစဉ် တဆက်ပြီးတဆက်
၈၈၈၈ အရေးတော်ပုံ သို့ 
သွေး နဲ့ ရင်းနှီးတယ်။

၁၉၈၈ နောက်..
ကျောင်းသား တပ်မတော်ပေါ်ပေါက်
တိုင်းပြည်အတွက် အသက်ပေး
သေလိုက်ကြတဲ့ ပြည့်ရင်သွေး။
လူမသိ သူမသိ..
ဒုနဲ့ဒေး။ အာဇာနည်သွေးတွေ ..မြေခကြွေ။

"ခွပ်ဒေါင်းစစ်မှန်..လေဆန်ကိုသာ ပျံမဟဲ့
ခွပ်ဒေါင်းစစ်မှန်..ခွပ်ရင်းသာ သေမဟဲ့"

ကေသရာဇာ..ဘယ်မြက်မစားခဲ့
ဒေါင်းစစ်တွေ ကျဆုံးသေပျောက်
ဒေါင်းသွေးနီနံ..ခုထိမခြောက်.
တော်လှန်ရေးတစ်လျှောက်
ဝိညာဉ်များရယ်..ဒို့ နဲ့အတူတူနေ
လွတ်လပ်မှသာ..အမျှဝေ
ကြာခဲ့ပြီလေ..
အနှစ် (၂၀)ခြောက်လှန့် အိပ်မက်တွေ

၂၀၀ရရဲ့ ရွှေဝါရောင်.တော်လှန်ရေး
သွေးညစ်ထေးတဲ့ သင်္ကန်း..
သာသနာရယ် ညစ်ပေနွမ်းတော့..
အော်...ရွှေဗမာများရယ်..
ကျွန်ဖြစ်ချင်ကြသလား..
ကျွန်သက်ရှည်ရတော့မလား။

ကိုလိုနီ မျက်နှာဖြူကဖျက်တောင်မှ..
ဒို့ ဘိုးဘွားလက်ထက်..မပျက်ခဲ့တဲ့ သာသနာ
ဒို့ ခေတ်ကျ မှ သာသနာပျက်..
ဗမာစင်စစ်က..ဗမာကိုဖျက်
ဗုဒ္ဓဘာသာဝင်စင်စစ်က..ဗုဒ္ဓဘာသာကိုဖျက်
ထွီ..ရှက်စရာ့
ရာဇဝင်ရယ် ရိုင်းပါ့။
မျက်နှာကို ဓါးနဲ့သာ နုတ်နုတ်စင်း
ကျွန်ပါးဝ သောက်သုံးမကျတဲ့ စာရင်း
ကျမနာမည် လည်း ပါတယ်။
သင်ရော..ပါနေသလား.????
သင်ရော..ပါချင်သလား.????

မြက်ပင်ခြောက်ကလေးတပင်မို့ 
အားငယ်မနေနဲ့ 
တတောလုံး ကိုမီးဟုန်းဟုန်းတိုက်မဲ့
လောင်စာဖြစ်နိုင်တယ်။

ပုဇွန်ဆိတ်ကလေး တကောင်မို့ 
အားငယ်မနေနဲ့ 
သမုဒ္ဒရာ ကိုလူးလားခတ်
ကျော်ဖြတ်နိုင်တယ်။

အားနဲ့ သာခဲ တွန်းပါလှည့်
ဇွဲမာန်နဲ့သာ..ရုန်းပါလှည့်။
တယောက်တလက်..စွမ်းအားထက်
မခိုကပ်ရင်..ဘယ်လောက်ခက်ခက်
ပြိုင်တူတွန်းနိုင် ရွေ့ နိုင်ပါရက်
ကျွန်သက်မရှည်ချင်..ကြိုးစားပါလှည့်။
ကဲ လာ..ညီညာတူညီ..
မြန်ပြည်သစ်သို့ ရည်.
အရေးတော်ပုံ အောင်ရမည်။

မသဒ္ဓါ (၈။၇။၂၀၀၈)

1 comment:

Goldie Shwe said...

Dear Ma Thadar

How strange is that, that you were thinking and feeling exactly the same as I did, almost at the same time ? Please have a look here http://whoiswhoinburma.blogspot.com/2008/08/burmese-do-something-about-your-country.html Different presentations but the contents are almost exactly the same. The only differences are that you bravely confess that your name should be put in that shameless and useless list, while I just put the blame to others.

I did write some suggestions about how to help the county. If only those people on the list - the government, the military, the corrupt officers, diplomats, students, you, me and every Burmese can see that we are letting our country down, that our country is nothing but crap in our time, our monks are being killed by our military then there is some home of improvement in the future.

 
/* EOT ----------------------------------------- */