ရှေးသရောအခါ..
ပြည် ဗာရာ..
တစ်နေ့ တစ်ခါ.
ရွှေဥ ဥတဲ့ ငန်းကလေး
သခင့်ကို..ဝမ်းစာရှာပေး။
သခင်က သူဌေး ဖြစ်ခဲ့တယ်..
တစ်နေ့ တွင်
မိုက်လုံးကြီးတဲ့ ငန်းရှင်..
လောဘဇော..အတောမသတ်.
“အော်..ဒီငန်းက..နှေးကွေးကွေး.
ပေးနေတဲ့ တနေ့ တလုံးသော ဥ..
စိတ်ရှည်မှု..မပြုနိုင်..
စောင့်နေကြာတယ်။ သူ့ ရင်ခွဲ..
ရွှေတွေ အများကြီးတွေ့ မှာဘဲ”
ဒီလိုနဲ့ လည်ကိုလှီး..ရင်ခွဲ..
ရွှေတွေ
ငန်းသေ.ကိုယ်တွင်း..ရှာသော်လည်း..
မတွေ့ ရ..ငန်းသာ ဆုံး..
လောဘကြီးသူရဲ့ အရှုံး
ပုံပြင် ရဲ့ နိဂုံး
ဒီပုံပြင် အဆုံးသတ်..
ရွှေတွေလည်းရှုံး.. ငန်း သေဆုံး
ယူကျုံးမရ..စုတ်တသတ်သတ်
လောဘရှင်ရဲ့ မိုက်ဇာတ်.
ကောင်းရာမွန်ရာနဲ့  မထိုက်တဲ့ အခါ.
ကျေးဇူးရှင်တွေ..ကျေးစွပ်တဲ့အခါ
နောက်ဆုံးမှာ...လက်ချည်းပလာ..
အတ္တသမား.ဘဝက အမှောင်မိုက်..
ဒေါသတွေသာ..လောင်တမြိုက်မြိုက်
ကွယ်ရာရှိုက်..ကြိတ်ပုန်း..
ဖြေမဆည်သည့်..လောဘ၏ အရှုံး.
အော်..
မြွေပါလည်းဆုံး..သားလည်းဆုံး..
မသဒ္ဓါ (၈။၂၀။၂၀၀၈)
Thursday, August 21, 2008
လောဘကြီးက..အီးလောက်ရ..
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment