မုန်တိုင်းလွန်ခဲ့တာ..လေးလကြာ
အခုတိုင်..နေစရာမဲ့..
အခုတိုင်..စားစရာမဲ့..
အခုတိုင်..စိတ်ဒဏ်ရာတွေနဲ့ ..
နေမထိထိုင်မသာ..
သောက၏ ခြေရာ
တမိသားစုလုံးထဲ..
သူတယောက်ဘဲကျန်.
ဘ၀ နဲ့ မတန်တဲ့..
အသက်အရွယ်နဲ့မတန်တဲ့..
သေကွဲပျောက်..ဝေဒနာဆိုး..
ဘယ်မလဲ အဖေ..
ဘယ်မလဲ အမေ..
ဘယ်မလဲ အကိုကြီး.အမကြီး.
ဘယ်မလဲ ညီလေးနဲ့ ညီမလေး..
ရှာလေလေ ..ဝေး..
ပင်လယ်ဘက်မျှော်ရင်း....ဆွေး
အိမ်လုံးကျွတ်မြော..
တရွာလုံးပြုတ်သော..
စားစရာမရှိ
ရေမြင်သော်ငြား သောက်ရေမရှိ
မျိုးစပါး မရှိ.
ကျွဲနွား မရှိ.
လှေမရှိ..ပိုက်မရှိ.
အဝတ်တစ်ထည်..ကိုယ်က တစ်ခု
လက်ညှိုးထိုးပြ အကောင်းဆုံးအရာ.က
အခု ရှင်သန် နေတာလေးတစ်ခု
မနက်ဖြန် အတွက် အစာ..ဘယ်ကရမလဲ..
မနက်ဖြန်ဆက်ဖို့  အသက်..ဘယ်သူ အာမခံရဲမလဲ..
သေမင်းတမာန်ရဲ့ မုန်တိုင်းရဲ့ကြား
သေကံမရောက်..သက်မပျောက်တာ..
ကျန်နေတာ..ရှင်နေတာ..
ကံကောင်းတာလား..ကံဆိုးတာလား..
အို နာ..သေရခြင်းရဲ့ ဒုက္ခ
သခါၤရေပမဲ့..
ချစ်ခင်သူ အားလုံးက သေပွဲ..
သူ တစ်ယောက်ထဲ ရှင်သန်စေ..
သူ တစ်ယောက်ထဲ ကျန်နေ..
နေစရာအိမ်..မရှိ..
စားစရာ..ဘယ်မှာမသိ..
အထီးကျန်ကြေကွဲ နာကျင်တာ လူမသိ..
ဝလုံး..ပကတိ။ ဘဝက နတ္ထိ၊
“ဒါ သူတောင်းစားဖြစ်၏ “ လို့ 
မညှာတာပြောရက်တဲ့ လူကြီးမင်းတွေ..
စိုးမိုးနေတဲ့မြေ မှာ..
ရှင်ခြင်းဟာ..သေခြင်းထက်ပိုဆင်းရဲ..
ဘဝငရဲသာ ဖြစ်တယ်။
မသဒ္ဓါ (၈။၂၇။၂၀၀၈)
Thursday, August 28, 2008
ရှင်သန်ခြင်း၏ ဝဋ္ဋ်ဆင်းရဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment