Sunday, August 3, 2008

ဥဒေါင်းမျိုးမှန်..ဇွဲစိတ်မာန် မလျှော့ကြစေနဲ့ 


နှစ် (၂၀) မပြီးဆုံးသေးတဲ့တော်လှန်ရေး..
ဒို့ သွေးချွေးနဲ့  ဆက်ရေးမယ်..
“သေနတ် တချက်ပေါက်ရင်
ဗမာတပြည်လုံး
မီးဟုန်းဟုန်း တောက်စေရမယ်”

အစာရှာဆဲ ခွပ်ဒေါင်းအို..
ပျံနေဆဲ ခွပ်ဒေါင်းပျို။
ဥခွံထဲက ပေါက်လုလု ခွပ်ဒေါင်း..

ငါတစ်ဦးမပါ.. ဘာမှမဖြစ်ဖူး
ငါတစ်ဦးအချောင်ခို..သူများပိုလုပ်မှာဘဲ..
ငါတယောက်ထည်း..ဘာအသုံးကျမှာလည်း..
သို့ လော သို့ လော..
ဆင်ခြေပေးစရာ တွေးမနေပါနဲ့ ..
အရွယ်သုံးပါးမရွေး
စေတနာသာအရေးကြီးတယ်။

သဲတမှုန်..မြူတပွင့်
သဲသောင်ပြင်တို့ ဖြစ်စေ
နှင်းတမှုန် ရေတစက်.
သမုဒ္ဒရာကို ဖြစ်စေ။
ပါဝင်ပေးပါ
သားမြေးမြစ်...မျိုးဆက်သစ်များအတွက်..

ခလေးတွေ ပျော်ရွှင်စွာ ရယ်မော
ငို...မျက်ရည် ခမ်းကြစေဖို့ 
လူလူ ချင်း သာတူညီမျှ
အခွင့်အရေးတွေ ရရှိစေဖို့ 
အမိမြေကို စောင့်ရှောက်ကြစို့ ။

ဒို့ သာ တော်လှန် မှ..ဒို့ လွတ်လပ်ရေး ရ..
ဒို့ သာ ညီညာမှ ..ဒို့ အခွင့်အရေး ရ..
ဒို့ တည်ဆောက်မှ ဒို့ အနာဂတ်လှ..

နေခြည်မှာ နိုးထစေမဲ့
ဘိုးဘွား အမွေ..အမိမြန်မာပြည်။
ဥဒေါင်းမှန်ရင်..အိုးဝေကြူး
တိုက်ပွဲဝင်ကြစေ။

မသဒ္ဓါ ( ၈။၂. ၂၀၀၈)

နှစ် ( ၂၀ ) ကျမတို့ ရှုံးနိမ့် ခဲ့သော တော်လှန်ရေး..အပြီး သတ်ကြရန်..မျိုးချစ်များအားလုံးသို့ လက်ကမ်းပေးပါသည်။ ပါဝင်ကြပါ။ တူတူ ခွပ်လိုက်ကြပါစို့ သူုငယ်ချင်း။ ဥဒေါင်းတွေ ခွပ်ရှိန်ပြင်းဖို့ လိုပါပြီ။

3 comments:

yannaing said...

အောင်မလေးဗျာ့...
မျှော်လိုက်ရတာဗျာ...
ရေးပါ..မမရယ် proxy တွေကြားကကြည့်နေရတာပါ

yannaing said...

ဘာတွေလည်းမမရေ....
ကိုယ်ရေးလိုက်တဲ့ ကောမက်တောင်မမြင်ရပါလားနော

yannaing said...

အင်း...မမရ..
မမရေးတဲ့ အတိုင်းပဲ အစာရှာတဲ့ဒေါင်းအိုတွေများလာ
တော့ ( ကျွန်တော် အပါအ၀င် ပေါ့ ) အချောင်ခိုတဲ့
လူတွေများလာလေ တော်လှန်ရေးဟာ ဆုံးရှုံးမှုများလာ
လေပါပဲ

 
/* EOT ----------------------------------------- */