Wednesday, August 6, 2008

ကုန်လွန်တဲ့နှစ် (၂၀ ) သို့  ခြင်္သေ့လည့်ပြန်..ရိုင်းနေဆဲ ကာရန်။


ဘဝဆိုတာ.ကန်ပေါ်ကရေတပွက်
သစ်ပင်ပေါ်က စိမ်းသစ်ရွက်..
တနေ့ မှာ ပျောက်ဆုံး..
ဖုန်မှုန့် တွေလို လေမှာဝဲ.
မျက်စိတမှိတ်ကလေးသာ
ဇရာနဲ့ မရဏ..
အနှစ် (၂ဝ ) ဆိုတာတခဏ။

လူသားဘဝ.မတရားတာမကြိုက်.
ချုပ်နှောင် ကြော့ကွင်းတိုး..
လွတ်အောင် ရုန်းခိုက်။
လွတ်လပ်ရေးသို့  အဖြေတခုရှာ..
ဆယ်စုနှစ်တိုင်းက..တော်လှန်ရေးပွဲ..
၈၈၈၈ က ဂန္ဓ၀င်ဘဲ။
တပြည်လုံး အုန်းအုန်းကြွက်..
တပါတီ စံနစ်ကိုဖြုတ်ချခဲ့။

အပြစ်မဲ့ ဆယ်ကျော်သက်များ..
ပန်းကလေးကိုတဖြုတ်ဖြုတ်ကြွေ
ကန့် ကော်ပန်းတွေ..သွေးအလိမ်းလိမ်း
စွယ်တော်ရွက်တွေ..သွေးအလိမ်းလိမ်း
ဘန်ဒါရွက်တွေ..သွေးအလိမ်းလိမ်း။
အာဏာရှင် စစ်လူ..
နိုင်ပွဲသိမ်း လူမဆန်သူ။

ဒါးဒါးချင်း၊ ဒုတ်ဒုတ်ချင်း
သမဂ္ဂကို ဗုံးခွဲ ရှင်း။
ပစ်ရင်မှန်အောင် ပစ်တဲ့ စစ်တပ်
အခု ပြည်သူ သတ်လာတာ. နှစ် (၂ဝ)
ဘုန်းကြီး သတ်လာတာ. နှစ် (၂ဝ)
မုဒိန်းတွေ ကျင့်လာတာ နှစ် (၂၀)

ဒီနှစ် (၂၀) ကိုပြန်ကြည့်..ပြကြည့်ပါ။
ဘာတွေ တိုးတက်လာတာ ရှိသလည်း..
တနှစ်ပြီးတနှစ်..ငရဲခန်းဝ ဆီ..
လှေခါးဆင်းတထစ်ပြီး တထစ်

ကဲကဲ ..စစ်တပ်..မင်းတို့ လည်းစာတတ်..
တနပ်စားဘဲ မင်းဘ၀ကြည့်..
မြေးမြစ်တွေ..အဆင့်ထိ မကြည့်တော့ဘူးလား..
ဆုံးဖြတ်သင့်ပြီ။
ဘယ်ဘက်မှာ မင်းတို့ ရပ်မည်။

စစ်သည် (၅)သိန်း..
ရမဲ့ ထိပ်ဆုံးက ခေါင်းဆောင်နေရာ..
ကောင်းစားမဲ့ ခိုးရတဲ့ နေရာ..
လက်ချိုးရေ လူ ၁၀၀ တောင် မရှိတဲ့ အခါ..
အဲဒီထဲ မင်း ပါ မှာသေချာလား..
မင်းပင်စင်မယူမှီ မပြုတ်မှာသေချာလား။
မင်း မသေခင်..အပြစ်ရှာထောင်မကျမှာသေချာလား။

မတရားမှုနဲ့ ရတဲ့ငွေ..
သူတပါးရဲ့ ကျမျက်ရည်.
ကံအမြင့်မှာ..ရက်စက်သူ..
ဘယ်သူ..ဘယ်လို..ကောင်းစားစား…တသက်မခံပါဘူး.

တဘ၀ စံဘ၀..
သားစဉ်မြေးဆက် အရှက်ရ။
မသေခင်..ဘယ်လောက်စားနိုင်မလည်း။
မသေခင်..ဘယ်လောက်ကြွားနိုင်မလည်း။
မသေခင်..ဘယ်လောက်သတ်နိုင်မလည်း။

အလှည့်ကျမှ..မငိုနဲ့ 
တူသောအကျိုးတွေ..တန်ပြန်သက်ရောက်.
တနေ့ မှာ..မင်းလည်း ဘ၀ပျောက်မယ်။
ကောင်းစိတ်ကိုမွေး..ကောင်းမှူလေး လုပ်ပါတော့
စစ်သားသေ..ငရဲဘဲ လားရာပေါ့။
နေရမယ် အ၀ီဇိမှာ..ရာသက်ပန်။

မသဒ္ဓါ (၈။၅။၂၀၀၈)

2 comments:

yannaing said...

မကြီးရေ.....
ကျောင်းနံရံတ၀ိုက် မှာဒေါင်းအလံတွေပြန်စိုက်
စေရမယ်...ဥဒေါင်းတွေရဲ့တွန်ကြူးသံ
အမှန်အကန်ပြရတော့မယ်

Goldie Shwe said...

Dear Ma Thadar

I can not write poem like this but I can understand every word of it. What a shameful thing to be a soldier in Burma , killing your own people and robbing the country's resources ?

However, my concern is that the junta people just can not understand it. I am quite sure that your blog will be on their list of CCTV and is being constantly watched. But if those spies don't understand the meaning of your poems then how would the rest 500,000 soldiers understand ?

 
/* EOT ----------------------------------------- */