Wednesday, February 24, 2010

သဘာဝကျကျ တွန်းလှန်ခြင်း

ဘယ်နေရာမဆို……နေသားတကျ…
သဘာဝကျရတယ်.

သဘာဝအရမွေးဖွား..အရာရာတိုင်းမှာ…
အသက် ရှင်နိုင်စွမ်းအား..
မျိုးဆက်ဖြန့် စွမ်းအား..
အခက်အခဲကျော်ဖြတ်အား..
စွမ်းရည်ဆိုတာ..ရှိနှင့်ပြီးသား…
အအေးကို ကျော်ဖြတ်ရန် အပူရှိတယ်…
အပူကို သတ်ရန်..အအေးရှိတယ်.။

သဘာဝရဲ့ အနိုင် နဲ့ အရှုံး..
သေးငယ်သောမှိုကိုစား ဘက်တီးရီးယားရှိတယ်.
ဘက်တီးရီးယားကို ချေမှုန်း..ပင်နီစလင်လို မှိုမျိုးရှိတယ်။
ကျားက တောဝက် ကိုလိုက်ရန် သန်မာသောခွန်အားရှိတယ်..
တောဝက်က ကျားကိုပက်ရန် ချွန်မြသောအစွယ်ရှိတယ်။
လေထန်ကုန်းသစ်ပင် သစ်ခေါက်ထူလာမယ်။
ကမ်းနားသစ်ပင်...အမြစ်ကုတ်အားကောင်းတယ်။
သဲကန္တာရဆူးရစ်ပင်မှာ ရေသိုလှောင်တဲ့ ရွက်ပြားရှိတယ်.
ရွံ့ နွံ့ လတာပြင်က လမုပင် လေရှူမြစ်တွေ ရှိတယ်။
အမြဲစိမ်းသစ်တော ပုတ်သင် ဘဘာဝရဲ့အရောင်ပြောင်းခြယ်။
ရန်သူမြင်ရင် ရေဘ၀ဲ မှင်ခြယ် ကိုယ်ရောင်ဖျောက်တယ်။
ဘယ်လို အကောင်ငယ်ငယ်..
သဘာဝကပေး..ကာကွယ်ရေးသတ္တိ ပိုင်ဆိုင်တယ်။

ဘာမှ အားမငယ်နဲ့ …
သင်၏ အရည်အသွေး..သင်လေးစားပါ။
သင်၏ Will Power သို့ မဟုတ် သံဌိဓါန် ယုံကြည်ချက်
Survival… သို့ မဟုတ်..သက်ရှင်နိုင်မှူစွမ်းပကား..
Adaptations သို့ မဟုတ်.. ခံနိုင်ရည်ပြောင်းလွဲမှု စွမ်းပကား
သင်.ယုံကြည်လိုက်ပါ။
သင်နဲ့ အတူရှိတယ်။
သံကိုပင်.အပူပေး..ပုံစံသွင်းလို့ ရတယ်။
ပတ်ဝန်းကျင် သဘာဝ
သင် မျိုးစေ့ချဖို့ ဟာ သင်၏ တာဝန်
သင့် မျိုးဆက်ရှင်သန်ရန် သင်၏ တာဝန်။

ရေခူလို သာမညပေမဲ့..သင်..အဆိပ်ဆူးတွေ ဆင်။
ဖြူလို အကောင်သေးပေမဲ့..သင် ပက်ဆူးတွေ အသင့်ပြင်
ရေမြွေလို အိပ်နေသော်ငြား မြေဟောက်လိုပေါက်ဖို့ ပြင်။
သမင်လို အပြစ်မဲ့ပေမဲ့..ဦးချိုသွေး ခတ်ဖို့ ပြင်.

မတရားတာရှိ..သဘာဝတောင် ခေါင်းငုံ့ မကြည့်ဖူး.
အစာလုရင်…ခွေးတောင် ဟောင်တဲ့အမျိုး.
မတရားတာပြု..ကျီးကန်းတောင် ပြန်ဆိတ်တဲ့အမျိုး
အချင်းချင်းရန်စ…ကြက်တောင် ခေါင်းဆိတ်မခံတဲ့အမျိုး

ဒို့ လူသားတွေ ငြိမ်ခံရမလားဟေ့..
ဒို့ ဘိုးဘွားပိုင်..ဒို့ အားလုံးဆိုင်တဲ့မြေ…
ဒို့ သယံဇာတတွေ စားသုံးရန် အခွင့်အလန်း မရှိပါသလား။
ဒို့ ကိုးကွယ်ရာ ယုံကြည်မှု ဒို့ မ ကာကွယ်သင့်ပါသလား။
ဒို့ ဘိုးဘွားကောင်းမှု ရှေးဟောင်း အမွေအနှစ်တွေ မထိမ်းသင့်ပါသလား
ဒို့  စာပေ အနူပညာ..စာကြည့်တိုက်တွေ မရှိသင့်တော့ပြီလား.
ဒို့ နိုင်ငံ ဂုဏ်ဆောင် ပြည်သူ့ ရင်ပြင် ပြည်သူ့ ပန်းခြံ မရှိသင့်တော့ပြီလား။
ဒို့ သားမြေးတွေ ကစားရန် ကစားကွင်းတွေ မရှိသင့်ပါသလား..
ဒို့ ပြည်သူတွေ အလင်း..လျှပ်စစ်မီးမလင်းသင့်ပါသလား.
ဒို့ မြေက ထွက်သောဆန်စပါး..ဒို့ မစားထိုက်ပါသလား.
ဒို့ မျိုးဆက်တွေ အတွက် စာသင်ကျောင်း ဒို့ မတက်ထိုက်ပြီလား.
ဒို့ ပြည်သူအတွက် ကျန်းမာရေး ဆေးပေးရုံမရှိသင့်တော့ပြီလား
ဒို့  ပြည်သူုအချင်းပွား မျှတသောတရားဥပဒေမရှိတော့ပြီလား..
ရေသန့်  လေသန့်  အစာသန့်  ပတ်ဝန်းကျင်သန့် ..အကျင့်စာရိတ္တသန့် 
ဒို့ ပတ်ဝန်းကျင် ရေမြေအတွက်..ဒို့ တတွေ ထိမ်းသိမ်းရန် တာဝန်မရှိပြီလား။
ဒို့  တတွေ၏ အသက်စည်းစိမ်ဥစ္စာ..ကာကွယ်ခွင့်မရှိပြီလား.
လူ၏ တန်ဖိုး..လူ၏ လွတ်လပ်ခွင့်..လူ၏ စွမ်းအား လူ၏သမာဓိ
လူ၏ အဆင့်အတန်း လူ၏ ထီထွင်အား လူ၏ တွေးခေါ်ဥာဏ်
အမှောင်ထဲမှာ အလဟသ အချီးနှီးခံမည်လော…

ငွေများ ငွေနိုင်..ငွေရှိသူ ပိုင်..
ပြည်သူပိုင်ပစ္စည်း..လက်သင့်ရာစားတော်ခေါ်နိုင်ပါသလား.
ရှိသမျှ အမိုးခွါ.. တိုင်ချွတ်ရောင်း
ပြည်သူအတွက် မကျန်တာ တိုင်းပြည်ဘဏ္ဍာတိုက် ဟောင်းလောင်း
ပြည်သူဟာ တိရိစ္ဆာန်သာသာ..ကျွန်သာသာလား..
ငုံ့ ခံနေတာ..ဒို့ အပြစ်ပါ တကား…

ကြောင်ဆိုရင်…လက်သည်းထုတ်ကြဖို့  အချိန်တန်ပြီ..
မြွေပွေးမှန် အမောက်ထောင်ပြဖို့  လိုသည်.
ကင်းမြီးကောက် မှန် အမြီးထောင်တုတ်ကြရန်လိုပြီ။
လူတိုင်းကိုယ်စီ စွမ်းရည်ရှိသည်။.
မတရားမှုမှန် တွန်းလှန်တိုက်ခိုက်ရန် လိုသည်။

လူဘ၀ သည် တကြိမ်သာမွေး..တကြိမ်ဘဲသေသည်။
ရခဲသောလူ့ ဘ၀ လွတ်လပ်စွာ လူပီသရန်ဖြစ်သည်။
လူသတ်လက်နက်သည် ကြောက်ရန်မဟုတ်။
လူသား၏ တည်ထွင်မှူတရပ်..သာ
သင့် ၏ စွမ်းရည်သာလျှင် တန်ဖိုးမဖြတ်အပ်။
သင်သည်သာ သင်၏ ခေါင်းဆောင်ဖြစ်၏။
သင်သည်သာ သင့်အနာဂတ်အတွက် ကိုးစားရာဖြစ်၏။

သင်သည် ပိုင်သည် သင်၏ အနာဂတ်…
လမ်းဆုံမှာ ရပ်နေ..မတွေဝေနဲ့ တော့..
အာဏာရှင်နိဂုံး..အဆုံးသတ်ရန်..
တဦးချင်းစီ..တာဝန်ယူကြ။
ညီညာဖျဖျ..တွန်းလှန်ကြ။

သင်ဝိညာဉ်သည်သာ သင်၏သူရဲကောင်း..
သင်၏ ရာဇ၀င်ကြောင်းမှာ…
မဆုတ်မကွာရှိနေတယ်..

ကဲ လာ..ခွပ်လိုက်ကြစို့ သူငယ်ချင်း…
မနိုင်မချင်း…အသက်ရင်းစေ..
ဒို့ ၏ မြေအတွက်….
ဒို့ သားမြေးအတွက်..
ကျွန်ုပ်တို့ ၏ လွတ်မြောက်ရေးအတွက်…
" ကျွန်တော်လှန်ရေးက စပါတာကပ် ကိုမွေးဖွားသလို
စပါတာကပ်ကြောင့်လည်း ကျွန်တော်လှန်ရေး မွေးဖွားတယ် "

" သင်၏ သဘာဝပေးသတ္တိ..တော်လှန်ရေးအတွက် အသင့်ရှိစေ..
လက်မတို့ ပါရစေနှင့်..ရန်သူ အပေါ် မီးလို ရေလိုကျင့်.."
အမှန်ဟာ အဆုံးမှာ အနိုင်ရတာထုံးစံ..
သင့်တာဝန်က ရွေ့ အောင်သာ ဆက်တွန်းကြပါရန်။

မသဒ္ဓါ ( ၂။၂၃။၂၀၁၀)
တပြည်လုံး မိစ္ဆာဒိဌိတွေ ခိုးယူတာကုန်ပါပြီ...ရန်သူကိုတွန်းလှန်ရန်.မြန်မာနိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။ ဤသည်မှာ သမိုင်းပေးတာဝန် ဖြစ်၏။
မမေ့ပါနှင့်..မြန်မာသည် သင့်ဘိုးဘွားပိုင်..သင့် ရပိုင်ခွင့် သင် ပိုင်ဆိုင်ရန်..သတ္တိတံခွန်ထူ..တအိမ်တယောက် အားတင်းထွက်ကြပါတော့ရန်....စေတနာဖြင့် အကျိုးမျှော်...နှိုးဆော်ပါသည်.

1 comment:

မောင်ပါလ said...

ကိုယ်တိုင်ကဘာမှမလုပ်ဘဲ ဟိုလောက,ကမကောင်းဘူး။ ဒီကောင်ကဘာဖြစ်တယ် ဆိုပြီးအော်နေကြတဲ့ ဘေးထိုင်ဘုပြောနေသူတွေ ဒီကဗျာလေးဖတ်သင့်တယ်ဗျာ။

 
/* EOT ----------------------------------------- */