Saturday, February 6, 2010

ခေတ်ဦး၏လူသား...ယနေ့ ၏မြန်မာ..

ကျောက်ခေတ်ဦးလူသားများ..
ဂူထဲမှာနေတယ်.။

ညအလင်းအတွက်..
ကျောက်ခတ်တဲ့မီး..
သားကောင်လိုက်ရန်
လက်နက်ထွင်ပြီး..
ယဉ်ကျေးမှူအစ..ကျောက်ခေတ်လူသားက..
ပြတလင်းဂူထဲမှာ နေခဲ့တယ်။

အနှစ်ပေါင်းရှည်ကြာ
ထီထွင်လာတဲ့လူ့ ဦးနှောက်..
မိုးထိလောက်မြင့် အဆောက်အဦ..
လေလှိုင်းတို့ နဲ့  အသံကိုသယ်ယူ
ရုပ်မြင်သံကြား..အာကာသထိသွား..
စွမ်းပေ့ လူသား
လှိုင်းရှည်လှိုင်းတို သံလိုက်လှိုင်း..
အအေးအပူ..လိုရာဖြစ်စေတယ်…

ရေထဲ အပင်စိုက်..လေထဲ အပင်စိုက်
သမုဒ္ဒရာပေါ်ဆောက်တဲ့တိုက်..
အသင့်သုံး အစားအစာ..
သံဗူးဖောက် အလိုလိုနွှေးတဲ့အစာ

နေရောင်ခြည်သုံး ယာဉ်
ကီးဘုတ်မလိုတဲ့ ကွန်ပြူတာတီထွင်
စက်ရုပ်သုံး..စက်မှုလုပ်ငန်း..
အင်တာနက်နဲ့ ဈေးဝယ်ထွက်..
ကမ္ဘာကို ပတ်ရန် မလိုတော့တဲ့
ရက် (၈၀)..
ခုခေတ်မှာ…လိုတာဖြစ်နိုင်တယ်…

ဒီခေတ်မှာမွေး..ကျမ..နှစ်ဆဲ့တစ်ရာစုလူသား..
ကမ္ဘာတခြမ်းမှာမီးထိန်သော်ငြား..
ဆီမီးတိုင်ထွန်းဆဲ မြန်မာနိုင်ငံသား..
တိုးတက်နိုင်ငံခြား..သုံးနှစ်သား ကွန်ပြူတာကိုသုံးချိန်..
မြန်မာလူငယ်ဘွဲ့ ရ..ကကြီးရေ ကတောင် မသိရ တဲ့ IT.

သိလိုရာ ပညာရှာ..google မှာ..
မြန်မာလူမျိုး gtalk chat တခုဘဲသိသေးတဲ့အခါ..
သိပ္ပံမောင်ဝ ရင်သပ်ခဲ့ရတဲ့
ဆရာစောကျောင်းမျိုးနဲ့  မြန်မာပြည်
ကိုယ်ထူကိုယ်ထ..
ကျောက်သင်ပုန်းကျောက်တန်သုံးနေရဆဲ မြန်မာပြည်။

မြန်မာ..ဘွဲ့ ရ နိုင်ငံခြားပညာ မူလတန်းတောင်မမီသေးတဲ့အခါ…
ဆရာမဟောင်း…၀ဲတဲ့ မျက်ရည်စီးကြောင်း..
ပညာရှင်တို့ ရယ်..ဒီတိုင်းဘဲရပ်ကြည့်ကြတော့မလား..
လက်နက်အင်အားအောက်.ပညာရွှေအိုးလဲကျမှောက်ခဲ့ပြီ။

ဒီလိုနဲ့  အပြောကျယ် စက်မှုနိုင်ငံတည်မတဲ့..
ကြက်ဆူဆီ သုံးလေးစေ့ကြိတ်..
ပုဂံလေကြောင်း တက်မောင်းပြမဟဲ့..
တကယ်ကျ…ကိုယ်လုံးတီးမှန်ဝတ်ရုံနဲ့  ဘုရင်ကြီး..
ဘေးက ဖော်လံဖား မင်းကြီး..
နီးရာဓါးကြောက်..ဘိုမင်းတသိုက်..
အရူးဘုံမြှောက်လိုက်တာ…
ပါကုန်ပေါ့..ရှိသမျှ တွင်းထွက်သယံဇာတ..
တပြည်လုံး made in China ဘဲစိုးမိုးတယ်။
ဧရာဝတီရေခမ်းခြောက်..မြစ်ဆုံဆည်ဆောက်တယ်..
ရသမျှ လျှပ်စစ်..တရုတ်ကိုဆက်သမယ်။
မြေဆီခမ်းခြောက်..ဧရာဝတီ အလှပျက်တယ်..
ဘယ်မလဲ နောက်ဆုတ်..မြန်မာလူနေဘ၀..
ကျောက်ခေတ်က ပြန်စတယ်..
ကညင်ဆီတိုင်..ဖယောင်းတိုင်ဘဲ မီးဇာလင်းရတယ်.

ပြောလိုက်မယ် မင်းကြီး..
အမှန်ကိုဘွင်းဘွင်း..
ပညာမတတ် ရူးသူအုပ်ချုပ် .တိုင်းပြည်ပြုတ်နေခြင်း..
ဝမရှိ ဘဲ ၀ိမလုပ်နဲ့ ..
ဘုန်းကံရှိမြင်ပါတယ်ဆိုတဲ့ မှန်ဝတ်ရုံလွှာ..
မင်းကိုယ်ပေါ်ဘာမှမရှိ ဟောင်းလောင်း..
အရှက်မရှိ မုန့် စိမ်းပေါင်း..

မသဒ္ဓါ (၂။ ၆။၂၀၁၀)

No comments:

 
/* EOT ----------------------------------------- */