Wednesday, February 17, 2010

ဆင်ဖြူတော်၏ လွမ်းချင်း


တယောက်ထည်း..
အပြင်ထွက်မလည်ပါနဲ့ ..လူလေးရယ်..
သားကို မွေးထဲနေ့ ကထဲက အမေ..
တနေ့ မှစိတ်မချမ်းသာဖူး..
တနေ့ တနေ့ ..အစာစားကြီးလာ..
သားလေး လှလာလေလေ.
အမေ့  သောက ပွေလေလေဘဲ…
ငါ့ သားက မေးဖူးတယ်..
"အမေရယ်..ကျနော် အမေအမေနဲ့ မတူ..
တတောလုံးက ဆင်တွေနဲ့ မတူ..
ဘာကြောင့်အရေပြားတွေ ဖြူနေရတာလည်း…
အဲဒါ ကျနော် ဆင်ဖြူလား..ဆင်နူလား..
မလှပါဘူး အမေရာ..သူများတွေ နဲ့  မူကွဲ
ကျနော်ဖြစ်ချင်တာ ဆင်မဲ..
ဆင်မ မဲလေးတွေ ဘဲကြိုက်တယ်.."


ဒီအဖြေ ပြောပြမယ်သား.
မျိုးရိုးဗီဇ သွေဖီကွဲ..
အကောင် သိန်းကျော် တစ်ကောင်ပေါ်တယ်..
ငုတ်သျှိုး ဗီဇ ပေါ်ပေါက်..ကိုယ်ခနွာအရောင်ပျောက်တယ်..
ဒါ Albino လိုခေါ်တယ်..
ဘာမှ မထူးခြားဖူး..ဆင်ဖြူနဲ့  ဆင်မဲ..
အလင်းရောင်ဒဏ်မခံနိုင်..သားက တောင် ပိုနုတယ်..

သားကိုမွေးကတည်းက..သူများနဲ့ မတူတဲ့အရောင်..
ဆွတ်ဆွတ်ဖြူတဲ့ အမွှေး
မျက်လုံးထဲမှာ ရောင်ခြယ်ကင်းမှတော့
အဆင်းမဲ့ ပန်းရောင်မျက်လုံး.ပေါ့

အမှန်အတိုင်း.ပြောရမယ်ဆို..
( လူစင်မမီ..အဲလေ..) ဆင်စင်မမှီတဲ့ ဆင်..
ရောဂါသည်..ဆင်မမာ ဘဲသား..
သားအဘီ အဘိုး..မျိုးရိုးမှာတစ်ကောင်ရှိဖူးတယ်..

လူတို့ ရဲ့ စကားပုံလို "ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့ တာမဟုတ်ဖူး"
ဆင် မမာလေးမို့  ၀ိုင်းသနားကြ..
င့ါ့သားကို ဘေးရန်ကင်းအောင်..
ဝိုင်းရံကာပေးတာ ဒို့ ဆင်မဲတစ်ထောင်

မြန်မာ ရှင်ဘုရင်တွေ အယူသီး.
ရူးမိုက်နည်း တစ်မျိုးပေါ့..
အရောင်မရှိလို့  ဆင်တန်းမ၀င်တဲ့ဆင်..
တော်ဝင်သတဲ့ ဘုန်းကြီးသတဲ့..
ရခိုင်ဆင်ဖြူတော် ဖမ်းပါ ဆီးပါ တဲ့..
သား ကိုမြင်ရင်..မိုက်မဲတဲ့ လူတွေလိုချင်ကြမယ်။

မျက်လုံးသည် ပုလဲနှစ်..
ခွါ နှင့် အမွေးဆွတ်ဆွတ်ဖြူ
ဌက်ပျောကုန်းသဏ္ဍာန် ဆင်ကျောကုန်း..
အစွယ်စုံ..ဆင်စွယ် လုံး..
တံခါးလက်ဝါးနှယ် အမြှီး.
နားရွက် သဏ္ဍာန်ကြီး.
အသွားအလာယဉ်ကျေး..
ဆင်ဖြူတို့ ၏ကြင်အန်.. (၈)ပါး..
(အရောင်ပျောက်ဆင်၏..အဂါင်္ (၈)ပါး)
ပြည်စုံရာ..ငါ့သား...
ဆင်သတင်း လူနားဆောင်..
ဆင်ကြော့ကြမယ် တစ်တောင်ပြီးတစ်တောင်..

ရန်က တော့များတယ်..သားရယ်
ဆင်ဖြူတော်မှီ အမေတို့ ကြံမစုပ်ချင်ဘူး..
ဒီ ဘုရင်ပေမမီ..သားကို အဖမ်းမခံရစေချင်ဖူး..
ကြံဖွတ်တွေ ကြား သားကို မခစားရစေချင်ဖူး..
နေပြည်တော်ကျပ်ပြေးထက်စာ..
ဘင်္ဂလားသာ ပြေးပါသားရယ်...
လူမမြင်အောင် ကိုယ်ကိုရွှံ့ အပြည့်လူး…
ဟိုဘက်ကမ်းသာ..အပြေးကူးပါ..
အခြေအနေသာ အမေပြန်ခေါ်လိုက်ပါ့မယ်…

မပြေးချင်သော်လည်း ဆင်ဖြူကလေး..
ကျနော်လည်း..စစ်ပြေးဒုက္ခသည်..
ဒီလို မင်းယုတ်လက်ထက် ဆင်ဖြူလာဖြစ်ရ..
အမေ ရယ်..ကျနော်ပြေးရတော့မယ်..
ကန်တော့ခဲ့တယ် အမေ..
နောင်ဘ၀အဆက်ဆက်..ဆင်မဲဘဲဖြစ်ပါရစေ။

မသဒ္ဓါ (၂။၁၇။၂၀၁၀)
မြန်မာပြည်..နအဖစစ်ဘေးပြေးသူထဲ သားရိုင်းတိရိစ္ဆာန်များလည်း ပါပါသည်။
အမေကွဲသား..ဆင်ဖြူလေးအတွက်...ကြင်နာစွာဖြင့်..

No comments:

 
/* EOT ----------------------------------------- */