Saturday, September 29, 2007

တိုက်ပွဲခေါ်သံ..


ပြည်သူ့အပေါ်ကျောချ..
အာဏာရှင် ဒါးပြ..စစ်အစိုးရ..
သွေးဆာနေတဲ့ ဘီလူးများ.
ပြည်သူကိုအမဲလိုက်ကစား..
သံဃာများလည်းသေကြေ..
သာသနာတော်လည်းမွဲညစ်ပေ..
ဘုရားပုံတော်ကိုခြေနဲ့နင်း
သာသနာမြေပေါ်စီးရဲတဲ့စစ်ခြေနင်း.
ဗုဒ္ဓဘာသာမဟုတ်..
ခွေးဝဲစားထက်ယုတ်တဲ့အကောင်များ
အရှင်မထားနဲ့..မျိုးဖြုတ်..
ဒို့ သာသနာမှာကြက်သရေ ယုတ်တယ်..

သာသနာမြေပေါ်ကသွေးစက်..
လုယက်ခံရတဲ့အလှုခွက်ထဲကငွေ..
လောကုတ္တရာလေ့လာနေတဲ့ဘုန်းကြီးကိုရိုက်နှက်.
ဦးနှောက်ခေါင်းအပြင်ထွက်ကျ..ကျည်ဆန်မှန်သေကြရ
ခလေးတွေကိုကျောင်းရှေ့ မရှောင်ကားနဲ့တက်ကြိတ်..
နည်းနည်းမှမရှိ..ကိုယ်ချင်းစာနာစိတ်..
ပြောင်တင်းတင်းဒီလောက်.စိန်ခေါ်နေမှ..
ပါးစပ်ပိတ်..ခေါင်းငုံခံမနေကြနဲ့ ..
ဒို့ အားလုံးပြောက်ကျား..အသက်ကိုပေးထား..
ဒါ..ဒို့ ရဲ့ပြေ….တရုပ်မြေမဟုတ်ဖူး..
ဒါ..ဒို့ ရဲ့မြေ….ကွန်မြူနစ်တွေမလိုချင်ဘူး..
ဒါ..ဒို့ ဘိုးဘွားအမွေအနှစ်.
သန်းရွှေ ပထွေးအမွေအနှစ်မဟုတ်ဖူး..
ရဲရဲရင့်ပါဝင်…မင်းဗမာဆိုရင်..

ဘယ်လောက်ဘဲသွေးမြေကျကျ..
ဘယ်လောက်ဘဲစတေးရစတေးရ။
တနိုင်ငံလုံးစစ်တပ်နဲ့ ရန်ဖြစ်..
အမျိုးဘာသာ..ကာကွယ်ရမဲ့ပြည်တွင်းစစ်..
သတ္တိသာအရင်းခံ..
တော်လှန်နည်းမှန်မှန်
ဇွဲအားမာန်..သန်သန်
နောက်ဆုံးတယောက်ဘဲကျန်ကျန်
မတရားတာကိုခေါင်းငုံမခံ
ဒို့ အားလုံး…့ဦးမညွတ်..ဒူုးမထောက်..
ဒီမိုကရေစီရဲ့ ပန်းတိုင်အရောက်..
မကြောက်နဲ့ .ဗုဒ္ဓသားကောင်းစစ်သည်..
မလန့် နဲ့ ကျောင်းသားစစ်သည်..
ပါဝင်လှဲ့ တော့..စစ်သားကောင်းဇာနည်
ဒို့  အရေးတော်ပုံ အောင်ရမည်။

မသဒ္ဓါ ( ၉။၂၈။၂၀၀၇)

2 comments:

Unknown said...

အခုလိုဘဲ ဖြစ်နေရမယ်။။ ဟုတ်တယ် ကျွန်တော်တို့  တတွေ ကျရာနေရာ ရရာ လက်နက်နဲ့  ဒီစစ်အာဏာရှင်ကို တော်လှန်ကြရမယ်။
အကြမ်းဖက် သွေးမြေကျဖို့  ကိုအားပေးတာမဟုတ်ပါ။
လူသား အတွေး စိတ်နှလုံးသားရှိသူတိုင်း ဒီမတရားမှူ အာဏာရှင်ကို အလိုမရှိ ကြပါ။ ကဗျာဆရာ စာေ၇းဆရာအနေနဲ့  ကလောင် က တိုက်ပွဲ မှာ လက်နက်ပါပဲ။
ဆိုတော့ ရရာ နီးစပ်ရာ လက်နက်တွေစွဲပြီး လူလိုမသိနားမလည် တဲ့ အာဏာရူးတစုကို တော်လှန်၇ာမှာ ( ရွှေ ပြည်အေးတရားဟောကြားလို့ မရတာ နိုင်ငံတကာ ကသိပြီးသမို့  ) ဘယ်လို လက်နက်ကိုသုံးသုံး ဘယ်နည်းဘဲဖြစ်ဖြစ်တ၇ားတယ်။
ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီရေးအတွက်....
ညီညီညွတ်ညွတ် တိုက်ပါ။ အရေးတော်ပုံအောင်ရမည်။

Thet Htar Khin said...

Dear Ma Thadar,
I like your poem very much. Thanks a lot for writing this poem. It reflects the bitterness, pain and anger inside the heart of all Myanmar and all Buddhists.
May the military dogs be severely punished for their brutal and inhumane acts very soon!

 
/* EOT ----------------------------------------- */