ကိုလိုနီခေတ်အောက်..မျိုးချစ်စိတ်အလျှောက်
ကောက်ရိုးခြေထောက်..မြက်ခြေထောက်..
ဖွဲ့ စည်းခဲ့တဲ့..ဗိုလ်ချုပ်ရဲ့..မြင့်မြတ်အာဇာနည်တပ်.
ပြည့်သူ့ ဘက်ကအမြဲရပ်..
B.I.A နဲ့ B.D.A
မျိုးသာကီဆွေ..ကဗျည်းတင်စေ။
တပ်မတော်ရဲ့ဘူမိနက်သန် အခြေခံမြေ။
လွတ်လပ်ရေးရ..ပြည်သူ့ တပ်မတော်ဘ၀..
တိုင်းပြည်မတည်ငြိမ်ရှုပ်တွေး..
တိုင်းပြည်ကနုနု..မုန်တိုင်းကထန်ထန်..
ပြည်တွင်းစစ်..တရုပ်ဖြူရန်တွန်းလှန်တိုက်ထုတ်..
ကာကွယ်စောင့်ရှောက်မှု ..ပြုလါတဲ့တပ်မတော်
တန်ခိုးကျော်ကြားနေဆဲ..ပြည်သူ့ ရင်ထဲအသဲစွဲ
စစ်တပ်ကစစ်တပ်..သူ့ အလုပ်သူလုပ်။
ပြည်သူကပြည်သူ..သူ့ အလုပ်သူလုပ်။..
ရဲကရဲ..သူ့ အလုပ်သူလုပ်။.
အုပ်ချုပ်ရေးက.. ..သူ့ အလုပ်သူလုပ်။
ဘာမှရှုပ်စရာကိုမရှိ..ကိုယ့်တာဝန်ကိုယ်သိကြရင်။
နိုင်ငံဝပြောကြွယ်စည်ပင်.
၁၉၆၂..တော်လှန်ရေးအစိုးရ.သေနတ်ပြအာဏာသိမ်း..
သွေးနီနီလိမ်းတဲ့ 7 July..
မှိုင်းရာပြည့်..ဦးသန့် ..
ရှစ်လေးလုံးထိမရပ်.ပစ်မှတ်..တလစပ်.
ညစ်ပတ်နေတဲ့..သမိုင်းရဲ့မှတ်တိုင်..
သေနတ်ကိုင်စစ်တပ်ဆိုတာ..
အထက်အမိန့် ..လိုက်နာသော်လည်းမရှုစိမ့်..
ပစ်..ပစ်..သတ်..သတ်..
အာဏာရှင်ရဲ့ brain wash
အစွယ်လိုသူကမိဘုရား။
စေခိုင်းသူက..မင်းဧကရာဇ်.
လေးတင်ရတဲ့..သောနုထ္ထိုလ်..
အပြစ်ဆိုဖို့ လေ..ခက်ခဲ..
အောက်ငယ်သားရဲ့ အပြစ်မဟုတ်.
ဆိုးယုတ်သူက..အာဏာရရေပေါ်ဆီ..အထက်အရာရှိများ..
လာဘ်စား..သတ်ဖြတ်..ဒါးမြတိုက်လုယက်
ရာဇစည်းစိမ်တွေတက်မက်..သေခါမှသာပင်စင်ယူ
ရာထူးကမဆင်းကြတဲ့..ဒီလူကြီးများ.တရားကြရဲ့လား
ရဲဘော်လေးတွေကိုကျ..
တိုက်ရင်းနိုင်ငံအတွက်.အသက်ပေးစတေး..
ရဲဘော်သေရင်..ငရဲမလားဘူး..ကတိပေး
သူတို့ သေရင်..ဘယ်နေရာများသွား..?
နိဗ္ဗါန်လား…ငရဲလား…စဉ်းစား စဉ်းစား။
ဆင်ခြင်သင့်ပြီ..အသင်ရဲဘော်..
အသင်..ဘယ်လောက်ဝမ်း…ဝ
အသင်ဘယ်လောက်ခေါင်းပုံဖြတ်ခံ..ရ
အသင်ဘယ်လောက်ဘ၀အာမခံချက်..ရ
ကျွန်ုပ်တို့ လေးစားသည်ရဲဘော်..
အသင့်ရဲ့ အသွေးအသား..တိုင်းပြည်စော်ကားနယ်ချဲ့များအတွက်
အသင့်ရဲ့ ၀ိညာဉ်..မြန်မာပြည်သူများကောင်းစားရေးအတွက်
အသင့်ရဲ့ ဦးနှောက်..တိုင်းပြည်တိုးတက်သာယာဝပြောရေးအတွက်
• လက်တဆုတ်လူတစု..မိသားစု..စိန်စီရေးမဟုတ်..
• ဖက်ဆစ်အုပ်ချုပ်ရေး..ကာကွယ်ပေးရေးမဟုတ်..
• လမ်းလျှောက်ရင်းတောင်...စစ်တပ်ကိုမစစ်မဆေးနိုင်သေး
ဒီလူပျင်းခေါင်းဆောင်ကို..ကာကွယ်ရေးမဟုတ်..
အခုနေ..မင်းသေ..သရဏဂုံတင်ပေးမဲ့ ဘုန်းကြီးမရှိ..
သက်ပျောက်ဆွမ်း..ဘုန်းပေးမဲ့သူမရှိ..
ကြေးစည်နဲ့ပရိတ်သံကင်း..
မသာဆွမ်းကြွေး..လာမဲ့သူရှင်း..
အသိရှိရဲဘော်..မင်းဟာ..ဗမာ..
ကံရဲ့အကျိုးယုံကြည်တဲ့ဗုဒ္ဓဘာသာ..
မေတ္တာရဲ့အရိပ်အောက်..လာရောက်အတူခို..
ဒို့ တတွေလက်ကမ်းကြို..
အာဏာရှင်အလိုကိုမလိုက်..မှန်ကန်ရာကိုသာလိုက်.
အမှန်လမ်းမှာသာပျော်..ရဲဘော်..
ဒါမှသာ.မင်းငရဲမလား..နိဗ္ဗါန်သို့ သွားမယ်။
မသဒ္ဓါ ( ၉။၂၃။၂၀၀၇)
Sunday, September 23, 2007
လာလေ..ရဲဘော်..ဒို့ ဖိတ်ခေါ်တယ်..
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment