ဟယ်..မင်းဆိုး..မင်းညစ်.
တိုင်းပြည်ကိုမချစ်..မင်းကိုယ်ဘဲမင်းချစ်.
ဒို့ သမိုင်းကို..စုတ်ပေရေညစ်
မင်းအဖြစ်..လားလားမှမထိုက်ချေ..
ဟယ်..မင်းဆိုး..မင်းညစ်.
သံသရာကိုဘဲချစ်..စည်းစိမ်ပုံပေါ်အဆီရစ်.
ဇရာ..မရဏကိုတွေးမချင့်
မသေဘဲ..ထာဝရလူအဖြစ်ရနိုင်သလား..
ဟယ်..မင်းဆိုး..မင်းညစ်. .
မင်းအသည်းပုတ်သိုးရွဲရိ…တရားမရှိပါးကွက်သား.
အမည်ဆိုးတခုဘဲ ရာဇ၀င်မှာချန်ခဲ့..
မြေခွေးလို ယုတ်မာရက်စက်တဲ့သူ..
လျှာနှစ်ခွနဲ့ မြွေဟောက်လိုလူ.
ပျော်နိုင်ပါစေဦး တော့..သူတပါးမျက်ရည်ကျ.
ရယ်နိုင်ပါလေဦးတော့.. သံဃာ့အသက်သေမှ
ခံပါလေဦးတော့..နှစ်ကဋေကဋာငရဲမှာပြာကျ..
နောက်မှမိချောင်းမျက်ရည်..လာကျမနေနဲ့ ..
အလှည့်ကျ..မနွဲ့ ကြစတမ်း..
အကြွေးဆိုတာ…ဆပ်မှကြေ
သံသရာဆိုတာ..ချားရဟတ်လည်နေ။
၈၈၈၈..စစ်ဖိနပ်ကိုကုန်းနမ်းတဲ့ကျောင်းသားလေး..
၂၀၀ရ..လုံထိန်းကို..ဦးကုန်းချနေတဲ့ရဟန်းတော်..
အသက်ဘေးနဲ့နီးခါမှ..တုန်လှုပ်ခြောက်ခြားခဲ့ရ.
ကြည့်ရင်း..မင်း ရယ်မောပျော်ရွင်ဘူးခဲ့သမျှ..
မင်းအလှည့်ကျလည်း..မျက်ရည်မကျ..
ကြိုးစင်ပေါ်တက်တဲ့အချိန်မှ..
ဆာဒန်လို..ခေါင်းကိုအိပ်မစွပ်.
ရဲရဲဝံ့ဝံ့သာ..မင်းခြေစုံလှမ်း.
လူယုတ်မာတို့ ..သွားရမဲ့ငရဲလမ်း။
မသဒ္ဒါ ( ၉။၂၇။၂၀၀၇)
(လူများကို...ခွေးကိုက်သောနေ့ များသို့ အမှတ်တရ)
Friday, September 28, 2007
နောက်ဆုံးရမဲ့..မင်းရဲ့ဆုလာဘ်..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment