Friday, September 14, 2007

ချစ်သမီးသို့ ..သားချော့တေး…



မေ့မေ့ရင်သွေး.သမီးလေး
ဖေ့ဖေ့ရင်သွေး.မျက်ရှုထွေး
နေလုံးရေဆင်းသောက်..အမှောင်ရောက်
ပိုးစုံးကြုးတွေတောက်နေ.အိပ်လှည့်ပါတော့ .
သမီိးရေ..ရီးလေးလေး..ရီးလေးလေး..။

ညမိုးကောင်ကင်..ငွေကြယ်စင်..
ဖြုစင်ရွန်းနေ.. ပြည့်လဘော်ငွေ..
ထမင်းဆီဆမ်း ရွှေလင်ဘန်းနဲ့ 
ပေးလှဲ့ စမ်းပါ..လအဖိုးအိုရေ..
ဝါ.၀ါ..၀ါ.. အော်လိုက်ပါ့. သမီးရေ..

ခုတော့လေ..
ညအမှောင်ထဲ..သမီးလေးတယောက်ထဲ..
အဖေ အမေနဲ့ တကွဲ..
သော့ခတ်..ငရဲခန်းထဲကအဖေ.
သေသည်ရှင်သည်..ဘယ်မသိ...
တိန်းရှောင်..အခန်းကျဉ်းထဲကအမေ.
ဘယ်ဆီဘယ်ဝယ်..သူမသိ..
ပိုက်စိတ်တိုက်ရှာနေတဲ့..အာဏာသားများရဲ့ခွေး..
ဘာမှမရေရာတဲ့..နောက်တမိနစ်..
သေသည် ရှင်သည်..အရာရာ.အားလုံးဖြစ်နိုင်..
အသက်လေး ၄ လဘဲကြီးစေငြား
လောကဓံကို..သမီးရင်ဆိုင်လေ.
ဒါဟာ..အမေနဲ့အဖေရဲ့ သမီးဖို့ အမွေ.။

နို့ချိုဆာ..ငိုကြွေးနေမှာ..
အေးစက်နေ..နွေးထွေးမဲ့ရင်ခွင်က..ပလာ..
စံနစ်ဆိုးထဲက..လူသားများဘ၀..
တခြားနိုင်ငံက.တိရိစ္ဆာန်ဘ၀ထက်တောင်နိုမ့်ကျ
ထေရ၀ါဒ ဗုဒ္ဓဘာသာရောင်ဝါများ
စစ်အစိုးရသံဖနောင့်မှာအရောင်ပျက်ခဲ့
တခြားဘာသာတွေကိုဖိနှိပ်နေတာ.
ဗုဒ္ဓဘာသာမဟုတ်

ကွန်မြုနစ်အားကိုး..စစ်အာဏာပုဆိန်ရိုးများ.
လက်နက်ပြ..အင်အားဖိ
ပြည်သူကို..သတ်၏။
ပြည့်ဘဏ္ဍာအား..ဒါးပြတိုက်၏။
ပြည့်ဦးနှောက်အား..ချေဖျက်၏။
ပြည့်ခွန်အား ကိုဖြိုခွဲ၏။
ပြည့်သားကောင်းအား..ချိုးနှိမ်၏။
ပြည့်မျက်စိအား..ထိုးဖေါက်၏။
ပြည်သူ့ လျှာအား..ဖြတ်ပစ်၏။
ပြည်သူ့ နားများ..ကန်းစေ၏။
ပြည်သူ့ ခြေ..လက်..ဖြတ်တောက်၏။
ပြည်သူ့ အချင်းချင်း..အိုးမည်းသုတ်.ရန်တိုက်၏။
ပြည့်အနာဂတ်..ပျောက်ဆုံးစေ၏။

သဘာဝကမွေးဖွား.ပျော်ရွှင်မှုများမရရှိ..
ဒီမြေပေါ်မွေး.ဘာပိုင်ဆိုင်ရေးမှ မရှိ
မွေးရာပါအခွင့်အရေး..တောင်းဆို.ပြောဆိုရေးသား
ဗဟုသုတရှာမှီးခွင့်..ကမ္ဘာအ၀ှမ်းကြည့်မြင်ဆက်ဆံခွင့်
ဘာ..ဘာ..ဘာ...ဘာအခွင့်မှမရှိတဲ့ လူ့ လောကထဲ..
သမီးကိုခေါ်သွင်းခဲ့.ဒီအဖေနဲ့ဒီအမေ..
လင်းလက်အဖိုးထိုက်မဲ့ သမီးရဲ့အနာဂတ်တွေ.
ဒို့ သက်တမ်းလို ..ရေတိမ်မနစ်စေဖို့ 
သမီးနဲ့ဝေး..မေမေတို့ အဝေးမှာ
ဒေါင်းအလံစိုက်..တော်လှန်နေခိုက်
အဖော်ကွဲ..ချစ်သမီးငယ်ငယ်
နားလည်လို့ ဂုဏ်ယူလှဲ့ ပါ။

သမီးနဲ့တကွ..နောင်မျိုးဆက်သစ်..
နေရောင်တွေထဲ..ခေါင်းမော်ရစ်စေဖို့ 
ကမ္ဘာမြေပေါ်..ခွပ်ဒေါင်းမျိုး..ဇာတိမာန်..၀င့်စေဖို့ 
အညတြအာဇာနည်..သမီးမိဘတို့ သည်.
ကန္တာနေရဲ့ဆူးခင်းလမ်းကို နင်းကာလျှောက်.
ပန်းတိုင်မရောက်ရောက်အောင်..

သမီးရဲ့..မိဘပျောက်ငိုကြွေးသံများ
မခံသာ..မေ့နားဝကြား.ခံစားရငြား.
ပြည်သူများရဲ့.လက်ခုတ်သံ
လေဆန်ခွင်းမဲ့..ဒေါင်းမျိုးအားသန်..
မေ့မေ့အတွက်..သမီးလေးကပေးတဲ့..ဒီအားမာန်
အသေအချာ..ရွန်းပနေတော့မဲ့..သမီးလေးရဲ့ မနက်ဖြန်

မသဒ္ဓါ ( 9/13/2007)
သမီးလေး. ဖြူနေကြည်မင်းယု.အတွက်..
(ညီမလေးနီလာသိန်းနှင့်မောင်လေးဂျင်မီတို့အားလေးစားဂုဏ်ပြုပါသည်။)

No comments:

 
/* EOT ----------------------------------------- */