Saturday, June 30, 2007

အမေ့ရဲ့ သားမိုက်..တိုင်းပြည်အတွက်တော့.မျိုးချစ် အာဇာနည်..

ကျွန်တော်..ပျော်ဖူးတယ်..ဘ၀ရဲ့ခရီးသည်…
ကျွန်တော်..ငိုဖူးတယ်..အမေ့အိမ်..အဝေးမယ်…
ကျွန်တော်..ဆိုဖူးတယ်..ရင်တွင်းသီချင်းသည်…
ကျွန်တော်..နွှဲဖူးတယ်..အမှန်တရားစစ်သည်…
ကျွန်တော်..မြတ်နိုးတယ်..ငြိမ်းချမ်းရေးကို..

(အဖြူရောင်..ချိုးဌက်တွေ..ကောင်းကင်ထက်မှာ..
ပျော်ရွှင်..ကြည်နူးတာ.၀မ်းမြောက် တတ်သူ..
အမိမြေ…ဝေးကွာ.လည်း..အမြဲသတိရနေ..
အမေ..မတွေ့ ရတာ..နှစ် ၂၀ နီးပြီ..
ကြာရှည်..ခွဲခဲ့တာ…စိတ်မရှိနဲ့နော်...
အမေ ရဲ့အဝေးမှာ..မနေချင်လည်းနေ..
တနေ့နေ့ အောင်မြင်ချိန် ပြန်လာခဲ့မယ်.)

ကျွန်တော်..ဇွဲမာန်နဲ့ ကျောင်းသားရဲဘော်..
ကျွန်တော်. ရဲရင့်သော..မျိုးချစ်လူငယ်..
ကျွန်တော် .လမ်းပြတဲ့ အနာဂတ်အလင်းရောင်
ကျွန်တော်..အမိမြေအတွက်အသက်စွန့် ဇာနည်…
ကျွန်တော် သေထိတိုင်ဦးမညွတ်မဲ့ သူ....

( စာအံသံ....ကလေးလေးတွေ ကျောင်းခန်းထဲမှာ..
ပျော်ရွှင်..ကြည်နူးတာ.ချမ်းမြေ့ တတ်သူ..
ရွှေပြည်တော်..မျှော်တိုင်းလေ..နီးရက်ဝေးနေ....
အမေ..အမေ့အတွက်တော့ ဒီသားမိုက်မောင်..
အာဇာနည်..တိုင်းပြည်အတွက်..ခွပ်ဒေါင်းကလေးတကောင်...
ဘုရားရှစ်ခိုးတဲ့အခါ ကြုံရင် အမျှ ဝေ..
ခွင့်လွှတ်ပါ..ဒီ..သားလေးမောင်..)

မသဒ္ဓါ (၆။၃၀ ။၂၀၀၇)
၈၈၈၈ ကျောင်းသားများ သို့ ဂုဏ် ပြု ပါသည်။ ဘယ်တော့မှ ပြန်မတွေ့ နိုင် တော့ သော မမ ၏ သူငယ်ချင်း များ။ မမ ၏ ကျောင်း ခေါ်ချိန် စာအုပ် ထဲမှ ထာဝရ ပျောက်ဆုံး သွားခဲ့ သော.ခလေးငယ် အ မည် ကလေးများ။ အ ပြစ် မဲ့ မျက်နှာ ကလေး များ၊၊ ဖြူစင် သောအပြုံးရှင် ကလေးများ နှင့် မမတို့အောက်နှစ် တန်းမှ..ခလေးငယ် လေး များ။ မမတခါမျှ မသိဘူး။ မမြင် ဘူး။ မသိဘူး ခဲ့ သောခလေး ငယ်များ ။တော်လှန် ရေး တွင် ကျဆုံး ကြ သူ များ အားလုံးအား ဗမာ ပြည် သူများ နှင့် အမိအဖ များ၏ ကိုယ်စား မသဒ္ဓါ မှ အမျှ ဝေ ပါ သည်၊

အမျှ .. အမျှ.. အမျှ..ပါ ..သားတို့..သမီးတို့ ရေ..အားလုံး ကောင်းရာ သူဂတိ လား ကြ ပါစေ။

No comments:

 
/* EOT ----------------------------------------- */