နေခြည်ပြာနုနုအောက်..
မြေပြင်မှာမတ်မတ်ပေါက်နေတဲ့ ၀ါးဘိုးဝါး
အပေါ်ဆုံးထိပ်ဖျားကအောင်လံ
မြှူသလို..ကလူသလိုလို..
ဝေယံထဲမှာ..၀ဲပျံ ကျီစား
ချောတိုင်တက်ကြမလား..မောင်ရို့ တဲ့.ခေါ်နေ။
အမဲဆီတရွှဲ ရွှဲ..နေရောင်ထဲမှာ
အရည် ပျော်..ပြောင်တလက်လက်..
တက်ရတော့..အတော် ခက်မဲ့ပုံ
အဖု အဆစ်..ပြောင်ကာချော..
ဖယောင်းသားပကတိနဲ့..မြစိမ်းသားဝါး
အင်း..တွယ်တက်ဖို့ .လွယ်မယ်များထင်သလား
ဗမာသား ရဲ့အား..မလွယ်တာများ ကိုပိုမက်မောဆုံး
စည်းလုံးခြင်းသည်သာ..ဒို့ ခွန်အား..
ယှဉ်ပြိုင်ခြင်းသည်သာ..အဓိကထား..
လာလေ..ဒို့ ကြိုးစား..
ချောတိုင်တက်ရဲကြ..သလားဟေ့..
သန်စွမ်းတဲ့..ဒူးများနဲ့ ..ကြံ့ခိုင်သူ..
အောက်ဆုံးမှာနေရာယူ..
ခန္ဓာပေါ့ ပါးသူ..အသေးဆုံးလေးက.
အထက်ဖျားကိုတွယ်တက်လှဲ့ ..
လူမှန်နေရာ..မှန်နဲ့ ..တာဝန်ခွဲ..
ဒို့ လုပ်ရဲဖို့ဘဲလိုတယ်.
ကိုယ်အသိစိတ်ဓါတ်နဲ့ကိုယ်ရပ်.
အောင်လံဟာ..ဒီ ပြိုင်ပွဲရလာဒ်..
အားလုံးဟာ..မခိုကပ်.ဖို့ ဘဲလိုတယ်.
နေရောင်ကြဲကြဲ…ကြိုးစားတဲ့ဇွဲ..
တဆင့်စီညီညီတက်..အပေါ်ဖက်ရောက်အောင်..
ဒို့ တတွေ..ချောတိုင်တက်ကြတဲ့မောင်။
အောက်ဆုံးလုရေ..တောင့်ကာထား.
အပေါ်မှာ.အောင်လံနားနီးနေပြီ..
ချောတိုင်ကိုမခါရမ်းစေနဲ့ ..
တိုင်လှုပ်နေ..အမဲဆီတွေပိုကာကျ..
အောက်ချေတိုင်ချောကျိနေရ..
ရှောကနဲပြုတ်ကျစေမယ်..
အပေါ်ဆုံးကညီလေးရေ..ကြိုးစားထား..ကြိုးစားထား
အမလေး..လက်တဖျား..အောင်လံထိလုနီးခါမှ.
ဟန်ချက်လွတ်ပြုတ်ခါကျ..
တပြုံလုံးမြေပေါ်လဲကျ..
ပထမတခါ..ဒို့ ဟန်သိပ်မကျ။
အားမလျှော့ကြနဲ့ မောင်ရို့ ..တခါ နဲ့ အမြဲမနိုင်..
ဇွဲသာ.ခိုင်ခိုင်ထား..အထာကိုရှာဖွေကြည့်..
အတွေ့ အကြုံရဲ့အသိ..
အရှုံးနောက်မှာအမြဲ အနိုင်ရှိတယ်..
နောက်တခါ..ဒို့ နိုင်..နိုင်ပါတယ်.
လာ..တက်ကြစို့ ..နောက်တချီ..
မလျှော့တဲ့ဒို့ ဗမာ့ဇွဲ..အားခဲထပ်ပြိုင်တဲ့လူသား..
မြင့်မြတ်တဲ့.သည်းခံအား..
နောက်ဆုံးမှာ..အောင်လံချူသွားခဲ့
စည်းရုံးမှု ရဲ့ စွမ်းအင်..လောက ကို အလှဆင်ရဲ့
မောပန်းတဲ့..သက်ပြင်းကြား..
အားလုံးအပြိုင်အဆိုင်ရီမောပြီ..
ကျေးဇူးတင်ပါသည်..ညီငယ်များ..
ဒို့ အားလုံးရဲ့..မျှစားရမဲ့..ဆုလာဒ်
ကြိုးစားရခြင်းရဲ့..ရလာဒ်.တွေ..
ဒို့ အားလုံးချောတိုင်တက်ကြတဲ့..ဗမာတွေ..ညီကြပါစေ..
ဟေ..လာ..မောင်တို ရဲ့…၀ါး
မသဒ္ဓါ (၆။၂၉။၂၀၀၇)
Friday, June 29, 2007
ဒို့ များရဲ့..ချောတိုင်တက်ပွဲ
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment