Saturday, June 16, 2007

ကဗျာ နဲ့  မသဒ္ဓါ


ကဗျာ ရဲ့ အားမာန်၊ သဒ္ဓါ ရဲ့ အားမာန်
အားအပြည့်သန်စွာနဲ့  မာန်အပြည့်ချီတက်။
ကဗျာ ရဲ့ အမှန်တရား၊ သဒ္ဓါ ရဲ့ အမှန်တရား
ဟန်ဆောင်စကားမပါ မှန်ကန်စွာပြောဆိုထား။

ကဗျာ ရဲ့ ရည်မှန်းချက်၊ သဒ္ဓါ ရဲ့ ရည်မှန်းချက်
ခေတ်အဆက်ဆက် အတွက် တိုင်းပြည်အတွက်။

ကဗျာ ရဲ့ ချွေးသွေး၊ သဒ္ဓါ ရဲ့ ချွေးသွေး
လူတန်းစားမရွေး.. ပေးဆပ်ဖို့ ဝန်မလေး။

ကဗျာ ရဲ့ အချစ်၊ သဒ္ဓါ ရဲ့ အချစ်၊
အဟောင်းအသစ်မရှိ.. ကဗျာချစ်သူများအတွက်ဖြစ်။

ကဗျာ ရဲ့ အသက်၊ သဒ္ဓါ ရဲ့ အသက်
ထာဝရအများအတွက် ဆက်ကာဆက်

ကဗျာ နဲ့ သဒ္ဓါ၊ သဒ္ဓါ နဲ့ ကဗျာ
ကဗျာ သဒ္ဓါ၊ သဒ္ဓါ ကဗျာ ခွဲကာ မရတဲ့
ဘ၀အဖေါ်မွန် ဖြစ်စေ၊ တည်စေသော်ဝ်။

နစ်နေမန်း(၆။၁၅။၂၀၀၇)

ကဗျာမမအားကဗျာဖြင့်ဂုဏ်ပြုအားပေးမှုကြောင့်..
မောင်လေးနစ်နေမန်း အားကျေးဇုးအထုးတင်ရှိပါကြောင်း။
( မမသဒ္ဓါ)

1 comment:

Anonymous said...

မရေ “သဒ္ဒါ” လို့ရိုက်တာ အောက်က “ဓ” ဖြစ်နေတယ် အဲ့ဒါ ကိုနစ်ခ်ပေးထားတဲ့အတိုင်းလား မပြန်ရိုက်ထားတာလား ပြင်လိုက်ပါလားမ။
ကိုနစ်ခ်ပေးတာဆိုရင်တော့ ညလေးသွားပြောဦးမယ် သူ့စာလုံးပေါင်းမှားနေတယ်လို့။ အောက်က “ဒ” ကို ရိုက်ချင်ရင် keyboard က အပေါ်ဆုံးတန်း number တွေရဲ့ “1” ဘေးက “ ~ ” လေးရှိတဲ့ key ကိုအရင်နှိပ် ပြီးရင် “ဒ” key ကို နှိပ်ရင်ရပြီ။ “ဓ” ဆိုရင်တော့ ctrl+shift+alt key တွေကို တစ်ပြိုင်နက်ဖိထားပြီး “ဒ” key ကို နှိပ်လိုက်ရင် ပေါ်လိမ့်မယ်။

 
/* EOT ----------------------------------------- */