Monday, June 25, 2007

သွေးစွန်းနေတဲ့..ခွပ်ဒေါင်းအလံ

၁၉၆၂။ဇူလိုင်လရဲ့ (ရ) ရက်..မနက်ခင်း
သစ်ပုတ်ပင်..အရင်းနားမှာ..
ရှက်နေရှာမျက်နှာပေး..သူကလေးကအဖြေပေးခဲ့တယ်..
ကိုယ့်ကိုသူချစ်တယ်။

ဖိုးကျိုင်းဒုတ်ကလေးက..ကျနော်..
ပျော်လိုက်ရတဲ့….ဖြစ်ချင်း။
တက္ကသီလာက..ရက်များ..
ပညာစုံရင်..ကြင်ယာကလည်းအသင့်..
အမေ့အတွက် ချွေးမလေး..အလိမ္မာ
သားကလေးရှာခဲ့ ပြီ..အမေ၀မ်းသာ

အပျော်များနဲ့ နှစ်ဦးသား..အတူတူ..ဟိုဒီလမ်းသလား
စုံတွဲအသစ်ဘ၀..ကျနော်ကြွားပြချင်ပေမဲ့.
သူမ ကလေ..သမဂ္ဂ.သပိတ်မှောက် ကျောင်းသူ..
ဒီညနေမှာ..သပိတ်မှောက်..ဂျူတီယူ..
ဒေါင်း အလံကိုင် ရမဲ့သူ..

အိုကေ..အိုကေ..
ကျနော်လေ..အချစ်နဲ့ တွဲ..ငရဲတောင်သွားရဲမှ..
ဒီမိုကရေစီရမဲ့..သပိတ်ပွဲ..ဘာမလိုက်ရဲ စရာရှိတုန်း..
ဒီိ..ရ ရက်မနက်ဘဲ..ကျနော်သမဂ္ဂ ထဲ ၀င်ခဲ့တယ်..

ချစ်သူလေးကခွပ်ဒေါင်း..အလံကိုကိုင်..
ကျနော်ကသူု့ ဘေးအနား..
ချစ်သူများရဲ့..ပထမဦးဆုံးနေ့ 
တသက် ကိုယ်မမေ့..

လက်ပါးစေ စစ်သား..သင် မသနား
လူအုပ် ကြားထည်း..မျက်ရည်ယိုဗုံးနဲ့ တား
မိုးချုန်းမတတ်..တလစပ်..စက်သေနတ်နဲ့မွှေ
ယမ်းငွေ့ မှုန်တွေကြား..မှောင်မဲမဲ..မလင်းတလင်း
ယဲ့ ယဲ့ကလေးလွင့်နေတဲ့ ဒေါင်းလေးရဲ့အလံ..
အချစ်ကလေးရဲ့အားမာန်..

ကျည်ဆန်ရာ ဇာပေါက် များ.
ခွပ်ဒေါင်းအလံပေါ်နားမှာ..
အလံတိုင်ကိုမြဲမြံဆုတ်..သူ့ဇွဲ.မဖြုတ်ပေမဲ့..
ဒေါင်းအလံလေးမှာ စွန်းတင် ခဲ့ပြီ သူ့ သွေးစက်
စီးကျနေတဲ့..သူ့ ရဲ့ သွေးကွက်..
ကျနော့အသည်း ပျက်တဲ့ည။

ယမ်းငွေ့ မှုန်တိ မှုန် မွှား..စစ်သား တွေရဲ့ ကြား..
အရုပ်ကြိုးပြတ်သူမ အား..ကျနော် ပွေ့ ချီကာ ပြေးခဲ့
အေးချမ်းတဲ့..သမဂ္ဂ အဆောက်အဦမှာ.ခိုလှုံယူ
ဒို့ တတွေ..သေလည်းအတူ..ရှင်လည်းအတူ.

ဖျော့တော့တော့.သူ့ .မျက်နှာကလေး..
တဖြေးဖြေး ဆုတ်လာတဲ့သွေးတွေ..
ကျနော်လေ..အံကြိတ်ကာတင်း...ခံပြင်းပေမဲ့.
ကယ်သူမဲ့..ကုသမဲ့ အဖြစ်..သူ့ ကိုရေတိမ်မှာမနစ်စေလို...
အေးစက်စပြု လက် ကလေးများ ကိုဆုတ်ကိုင်.
” နေကောင်းသွားမှာပါအချစ်ကလေး”
မရဲတရဲလေးသာ..အားပေးနေရ..
ဒီတောင်က..မကျော်နိုင်တာသိနေခဲ့
ကျနော့ရဲ့ရင်ထဲက....မျော်လင့်ချက်..တိမ်တိုက်များပြို

၈ ရက်နေ့ရဲ့မနက်ခင်း..၂ နာရီ
နောက်ဆုံးအချိန်နားရောက်လာတဲ့.သူ့ အသက်ကလေး
ဖြေးလာတဲ့အသက်ရှုသံ..နှေးနှေးလေး
ဆံစလေးကိုပွတ်သက်ရင်း.သူမကြား အောင်ကျနော် ကြိတ်ခါ ငို
သူတောင်းတဲ့..နောက်ဆုံးဆန္ဒက..ခွပ်ဒေါင်းအလံ
ရင်မှာပိုက်..သေချင်လိုက်ပါဘိလို့ပြောတဲ့ ခဏ.
သွေးတောင်မခြောက်သေးတဲ့ဒေါင်းအလံကိုသူဆုတ်..
” အရေးတော်ပုံအောင်ရမည် ” လို့ သူအားထုတ်ရွတ်..
ဇီဝိန်ချုပ်ခဲ့ပြီ။.. ကျနော်ရင်ခွင်ပေါ်..
တက္ကသိုလ်မြေ ရဲ့ အပေါ် ကြွေပြီ..ပန်းလေးကံ့ကော်..

ထိုစဉ်ခဏ..အသံဆိုးကြီး `“အုံး `“ ဆို မြည်ကာ ပွင့်.
လွင့် လာတဲ့..အုတ်ကျိုးအကြေစ..ကျနော့ ခန္ဓာလည်း..ကြေမွ
နေ၀င်းအစိုးရက.သမဂ္ဂကို ဗုံးခွဲခဲ့တဲ့ အာရုဏ် မိုးသောက်စ
အရှင်လတ်လတ်သေကြေကြတဲ့..ကျောင်းသား..ရာကျော်ရှိတဲ့ သမဂ္ဂ
မီးလောင်ပြာကျခဲ့ လည်း…
သေအောင်မသတ်နိုင်တဲ့…ကျောင်းသားရဲ့ ဇာတိမာန်များ..
ကျနော်တို့ များ ရာဇ၀င်ထည်းမှာ..ချန်ထားခဲ့
ခေတ်အဆက်ဆက်.တယောက်တလက်..
ကျောင်းသားရဲ့လက်နဲ့..အရေးတော်ပုံ..အောင်ပါစေ။

မသဒ္ဓါ (၆။၂၄။၂၀၀၇)
(ဤ ကဗျာဖြင့်..မြန်မာအမျိုးသမီး ခေတ်အဆက်ဆက်..သပိတ်မှောက်ကျောင်းသူများကို..ဂုဏ်ပြုပါသည်.ယခုလက်ရှိ..မခင်မင်းဇော်အား..ရည်ရွယ်ခံစားထားပါသည်။ အရေးတော်ပုံအောင်ပါစေ ညီမလေးရေ)

2 comments:

Chocolaier said...

မမရေ ကဗျာလေးအတွက် ကျေးဇူးပါ။ အဖြစ်ချင်းတူတဲ့ ဒေါ်လေးတို့ စုံတွဲမြင်နိုင်ခဲ့ရင် ၀မ်းသာကြမှာ။ အရေးတော်ပုံအောင်ရမှာပေါ့...

moe nyo said...

မသဒ္ဓါ ... ဒီနေ့မှ လာဖတ်သွားနိုင်လို့ သိရတာပါ ... အရင်ကလည်း မကြာမကြာလာဖတ်နေကျပါ ...
ကဗျာ ရေးအား ကောင်းသလို ကဗျာစာသားတွေလည်း ကောင်းတယ်ဗျာ ... ကျနော်လည်း ရေးနိုင်အောင်
ကြိုးစားနေတယ်ဗျ ... ဒီကဗျာလေးကို ကျနော် ရေးထားတဲ့ စာမှာ ချိတ်ထားပါရစေ ...
ကျေးဇူး ဗျာ ....

 
/* EOT ----------------------------------------- */