Wednesday, September 3, 2008

DNA ပြုန်းတီးနေတဲ့ ဘုရင့်နောင်ရဲ့သွေးစက်များ


ထိုင်းမှာ..စမတ်ပါတီတွေသွေးပျက်
အနီနဲ့ အဝါ..
အနိုင်မခံ ဗိုလ်လုပွဲ
တကဲ့ ပွဲကြီးပွဲကောင်းဘဲ

ကြမ္မာ ဝိဘက်..တပတ်လည်.
ကိုယ်စိုက်သောသီးနှံ၊ ကိုယ်ဘဲရိတ်သိမ်းရတတ်တယ်။
အကုသိုလ်..လုပ်.." အ ကုသိုလ်"လာမယ်။
အရှုပ်တွေလုပ်.." အ ရှုပ်ဘဲ" ရမယ်။
မြန်မာ အရေးမှာ လူတတ်ကြီးလုပ်..
လူတွင်ကျယ်..ထိုင်းဝန်ကြီးချုပ်
ရာဇပုလ္လင်လှုပ်
သူ ..မကြာခင်.ပြုတ်ကျတော့မယ်။

ဒီအချိန်ဟာ..ဗမာတွေ အတွက်..
အားသွေးသစ် တစ်စက်..
ဒီစက်တင်ဘာ မှာ..နှစ်ပတ်လည် ပြန်စကြစို့ ရဲ့။
ဒီစက်တင်ဘာ မှာ..အရိုးတွန် ပြန်စကြစို့ ရဲ့။

ဘုန်းကြီးသွေးတွေ မခြောက်သေးပါဘူး..
တလမ်းလုံး..ဖန်ရေဆိုးသင်္ကန်းနီဆန္ဒပြ
သံဃာတော်များရဲ့..မေတ္တာသုတ္တံ
မြန်မာ တဖန် ပြန်လွတ်လပ်ရန်

ဟိုးရှေးစဉ်ဆက်..
သတ္တိနဲ့ ဗျတ္တိ..မော်ကွန်းရှိတဲ့ ဗမာ..
ရာဇ၀င်အဆက်ဆက်..ဓါးထက်တဲ့ဗမာ
ဘုရင့်နောင် အလောင်းဘုရား..
စစ်နိုင်ထားတဲ့ ထိုင်း ပြည်သူတောင်မှ..
အရေးကြီးရင်..သွေးချင်းချင်းနီကြ..
ဒို ဗမာများဘာတွေလုပ်နေကြပါသလည်း..

ဘုန်းကြီးတွေ သတ်ခံရတဲ့ပွဲ..
ကျောင်းသားတွေ..သွေးမြေကျတဲ့ပွဲ
ပြည်သူကို အရှင်လတ်လတ်..မီးသဂြိ င်္ုလ်တဲ့ပွဲ။။
သင်..မပါရဲကြဘူးလား..
အမှန်တရားအတွက်..အနာဂတ်များအတွက်
မအော်ရဲကြတော့ဘူးလား။

ဘုရင့်နောင်ရဲ့ လက်သည်းကြား အပ်စိုက်သောစစ်သည်..
ဒါ ဒို့ ဗမာဖြစ်သည်။
အလောင်းဘုရား၏..ထိုင်းနိုင်ငံသို့ စစ်ချှီ..
ဒါ ဒို့ ဗမာဖြစ်သည်။

အခုများမှာ တွေးတိုင်း ကြေကွဲ..
ထိုင်းနိုင်ငံကို..စစ်အောင်နိုင်ခဲ့တဲ့..
ဘုရင့်နောင်၏ သတ္တိ.
ဒို့ တွေ လက်ထက်ကျ
မျိုးပြုန်းတီး..လုံးလုံးဆုံးပါးသွား၏။

ဘုရင့်နောင် ဆိုတာ..
နေပြည်တော် စစ်ရေးပြကွင်းအစပ်က..
သူရဲ့ စုထားသမျှ မြန်မာမြေဆုံးရှုံး
မဲ့ပြုံးပြုံးနေသော..ရုပ်ထုကြီးသာ ဖြစ်၏။

မြန်မာ၏ သတ္တိ..
မြန်မာကဘဲသိ…အမွေအဖြစ် မွေးယူမှရမည့်။
ဗုဒ္ဓ ဘာသာ၏ အနှစ်သာရ..
ဗုဒ္ဓ ဘာသာဝင်ကသာ ထိန်းသိမ်းရာ၏။

ကြောက်စိတ်လေး..တစိတ်..
မသေချင် တိတ်တိတ် ..
မင်း နှုတ်ဆိတ်လေလေ..
လူယုတ်မာများ..အပါးဝလာလေလေ..
ခလေးသူတောင်းစား။ စစ်သားဖြစ်သွားလေလေ
ပြည်တန်ဆာများ များလာလေလေ။။

သတ္တိကလေး ..မှိန်တတုတ်..မလင်း..
နန်းရင်ပြင်မှာ..လင်းဠ ဆင်း..
ဘုရင်နောင့်သွေး..ဖြူဖွေး အရောင်ကျွတ်သည်။
ဇာတိမာန်အရေး…ယုန်ပျင်းတွေ နှာစေးခဲ့ပြီ..

ဘယ်သူမှ အသက်မစွန့် ရဲ
ဒီလိုသာ ကြာကြာသွားနေခဲ့ရင်..
မကြာမှီ ရောက်ကြတော့မည်..
မြန်မာ အမျိုး..မြန်မာ့အရိုး..
ပြတိုက်မှာ ကဗျည်းထိုးပြမဲ့ရက်ဆီ။
မင်းကြီးရန်နောင်ရဲ့သွေး..အေးခဲသွားခဲ့ပြီ။
သူရဲကောင်းအမျိုးဆက်..မျိုးပျက်သွားခဲ့ပြီ။

ကိုယ့်သမိုင်း ကိုယ်ရေး..
အမျိုးညံ့ သွေး..
ဒို့ ခေတ်ကျမှ..မွေးကြတော့မှာလား..

ကြက်မှာ အရိုး..လူမှာ အမျိုးပေါ့..
အသက်မသေလည်း…ဂုဏ်သိက္ခာ သေနေတဲ့ ဗမာမျိုး..
ပြေးစရာ မြေမရှိ..
စုပေါင်းတော်လှန်ရန်သာ..အဖြေရှိ..
အသက်ပေးကြည့်စို့ လား..
ဇာနည်မောင်သားတို့ ..
ရဲရင့် ဇွဲ..မနက်ဖြန်တွေ.ပြုံးကြနိုင်စေဖို့ 

မသဒ္ဓါ ( ၉။၎။၂၀၀၈)

2 comments:

winlatt said...

လူတတ်ကြီးများလုပ်ကြတဲ့
လူသတ်သမားကြီးများ
ကျဆုံးပါစေ....။

Goldie Shwe said...

Thank you, Ma Thadar.

I hope you don't mind me using part of this peom in my post.

Best Wishes

Nay Chi U

 
/* EOT ----------------------------------------- */