Wednesday, September 24, 2008

ထောင်ထဲမနေသော..ထောင်ကျနေသူများသို့ ခွန်းဆက်ခြင်း


လူ့ ဘ၀ အပျော်ဆုံးရက်
ထောင်ဗူးဝကို နှုတ်ဆက်..
ရှင်းသန့် တဲ့ ညှင်းလေပြေ..
ကြည်လင်တဲ့ နေ..
မင်္ဂလာပါ..ခွန်းဆက်..
အင်းစိန်ထောင်မှ အထွက်။

အသက် (၇၉)..
တကယ်ဆို..လူဖြစ်ရကျိုးနပ်ခဲ့..
အမှန်လက်ကိုင်နဲ့ လူသား..
ဗြဟ္မာဇိုရ် တရားပွါးတဲ့ အခါ..
မိစ္ဆာ ဝါဒီတို့  လိုက်ဖျက်.
ဘုရားတောင် မာန်နတ်.နှောင့်ယှက်..
ဖျက် တတ်တာမျိုး..
စာပေလက်နက်..ထက်မြက်တဲ့ စစ်ထိုးချက်.
နအဖ ဘယ်လို တိုက်ဖျက်..
အမှန်တရားဟာ..သမိုင်းမှာ.မပျက်တမ်း.
မှတ်တမ်း ဆိုတာရှိတယ်။
ဘယ်သူ ဟာ..ဘာ..
ဘာတွေ သူလုပ်ခဲ့တယ်။
၁၉၈၉ မှ ၂၀၀၈.
( ၁၉ ) နှစ်ကြာ..ထောင်ထဲချရုံ..
ငါ့ မျက်စိသာ မှုန်ချင်မှုန်
ငါ့သတ္တိတွေ မကုန်ဘူးဟေ့
ငါ့ ဆံပင်တွေသာ ဖြူဖျော့ ပါး
ငါ့ စိတ်အားမာန်..မပါးဘူးဟေ့။

"သံမဏိစိတ်ဓါတ်..သေသည်ထိမရပ်..
ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်
ဗမာမြေ မှာ ဒီမိုကရေစီ ရကိုရရမယ်။"


ကျုပ်နံမည် ၀င်းတင်…
မြန်မာ့သမိုင်းကို သန့် စင်..
စစ်မှန်မဲ့ ဒီမိုကရေစီအတွက်
ရွှေကလောင်ကိုသွေး..ဘယ်မှာ အားမငယ်။
နောက်ဆုံး ရှုသက်ထိ..ဆက်လက်တိုက်မယ်။

ဘယ်တော့ ဒူးမထောက်။
ဘယ်ခါ..လက်မမြှောက်။
မလုပ်ဘူး..နအဖ ကျွန်သဘောက်..
အပြင်သို့ ရောက်စေတော့..
ဒို့ အားလုံး..နအဖရဲ့ စစ်ဖနောင့်အောက်.
ဘယ်တော့ ဒူးမထောက်။။

တပြည်လုံး မြန်မာပြည်သား
တကယ်တမ်းကျ စစ်ထောင်ကျနေသူများ။
လွတ်လပ်ချင်ရင်..တိုက်ပွဲဝင်.
ညီညာ ပါမှ.. အနိုင်ရ။
သွေးနီပါမှ..အောင်မြင်ကြ.
ဆက်လက် တိုက်ကြစို ။
ရွြှေုပည်သာ..အောင်စည်သံသာ
မြည်ဆော်တီးစေဖို့ ။

မသဒ္ဓါ ( ၉။၂၃။၂၀၀၈)
ဘဘ ဦးဝင်းတင် အတွက်..အားပေးတာပါ။ အလံမလှဲသောစိတ်ဓါတ်အား မသဒ္ဓါမှ..လေးစားဂုဏ်ယူစွာဖြင့်

1 comment:

Goldie Shwe said...

ဟုတ်ပါတယ် မသဒ္ဒါ။

နအဖဆိုတာ ပြည်သူကို သတ်ဖြတ်။ ဓမြတိုက်၊ မုဒိန်းကျင့်၊ တိုင်းပြည်ဘဏ္ဏာကို ခိုးစိုးသုံးစားနေတဲ့ လူယုတ်မာ ရာဇဝတ် အသင်းအဖွဲ့ သာလျင်ဖြစ်ပါတယ်။

သူတို့ရဲ့ ယုတ်မာမှူများကို တလောကလုံး သိနေတော့ ကိုယ်ကကျူး ကိုယ့်ဒူးတောင် မယုံရဲ၊ ပူပင်သောကဖုံးလွှမ်းပြီး၊ အိမ်သာတက် ရင်တောင်မှ လက်နက်ကိုင်ကျွန် ၅ ယောက်စောင့် မှသာ အီးလေးဖြောင့်ဖြောင့် ပါနိုင်ကြတဲ့ ဘဝပါ။

ခိုးရာပါ ကျိန်စာသင့် နေသော စိန်ရွှေများ သီးနေအောင် တန်ဆာဆင်ထားတဲ့ လူယုတ်မာ မယားများ၊ သမီးများ တို့ရဲ့ ကျီးကန်းတောင်းမှေုက် စိတ်နှလုံးခြောက်ခြားနေတဲ့ မျက်နှာသေများကို မြင်တွေ့တိုင်း ကျမတော့လေ မရှိရင်လဲ ဆားနဲ့သာစားပြီး သေပါရစေလို့ဆုတောင်းမိပါတယ်။

ရာဇဝတ်ကောင်မယား ဖြစ်မဲ့အစား ပြည့်တန်ဆာ လုပ်စားခြင်းကပင်လျင် ရိုးသားမြင့်မြတ် ပါသေး၏် တကား ဟုလဲ အသိတရား ရရှိမိ ပါတယ်။

 
/* EOT ----------------------------------------- */