Saturday, September 27, 2008

သိနိုင်မလား..မသဒ္ဓါ အပေါ် တင်နိုင်တဲ့ ပုဒ်မများ။


မသဒ္ဓါ သာ အခုနေ..
ဗမာပြည် ပြန်ခဲ့ရင်ပေါ့..
သိချင်ပါတယ်...ဘာတွေ များဖြစ်လာမလည်း..

လေဆိပ်ကနေ..အိမ်ထိ မရောက်..
ကားပြာကြီးနဲ့ ဘဲခေါ်သွားမလား..
နအဖ က..ဘယ်လို ပုဒ်မတွေ နဲ့ များ အပြစ်ရှာ..
ဖမ်းဆီးစွပ်စွဲ ကြလိမ့် မလည်း။

ဦးကြည်ဝင်းက အမှု အလိုက်ကောင်း..ဒေါ်အောင်ဆန်းစုကြည် အမှု အခြေအနေကောင်းတော့
သူဘဲ ဌားမှထင်တယ်။ မိုးသီးကတော့ မကြိုက်ဖူး ပြောဖူးတယ်။ အို ..နိုင်နိုင် မနိုင်နိုင်..လူရိုသေ ရှင်ရိုသေ..ရှေ့ နေ တော့ရှိမှပေါ့။ တရားသူကြီး ကတော့..ရှေ့ နေ ဘယ်လောက်ကောင်းကောင်း..သူ့ နားထင်ကပြောင်းဘဲ ကြောက်မှာပါ။

ထောင်ထဲမှာ..ဦးဝင်းတင်နေခဲ့တဲ့ အခန်း ကို လာဘ်ပေး.. အပိုင်စားယူမှထင်တယ်.။ ဒါက အလင်းရောင် မရှိ မှောင်နေမှာ..
မသဒ္ဓါ က အလင်းရောင်ထိုးရင်..အိပ်မရဘူးလေ။
အင်း.. အော် စုဆောင်းထား ငွေသား..အင်း ထောင်ဝင်စာ လာတွေ့ ဖို့  တနှစ်စာတောင်ရှိပါ့မလား။ ငပိကြော်တောင် စားနိုင်တော့ဘူး ထင်တယ်။ ယောက္ခမ ကြီးကိုဘဲ မျက်နှာချိုသွေးရမှာဘဲ။ လာတွေ့ ဖို ပေါ့။ သူက သူ့ မျက်နှာ..သတင်းစာမှာ ပါချင်ရှာတယ်။ အမေက ရှက်တတ်တော့ မီဒီယာ နဲ့ ဗျုးရဲမယ် မထင်။
DVB တို့  VOA တို့  RFA တို့  BBC တို့ ရေ..မသဒ္ဓါ ရုံးထုတ်ရင် ဗျုးကြဦးနော်..။ နို့ မို့  အတွင်းထဲ ကြိတ် အဆော်ခံ နေရမယ်။
မီဒီယာထဲ..မသဒ္ဓါနံမည် မပါရင်..သူတို့ က..ချောင်ထိုးထားမှာ..ပီညဲရိုးလာတုန်းက ပြတဲ့ အိုးသစ်နဲ့ ချက်တဲ့အစာ မသဒ္ဓါ မြီးရမယ် တောင်မထင်ဘူး။

AAPP ရော ကျမ လှတပတ ဓါတ်ပုံလေး တရံချိတ်ပေးကြဦးနော်။
ကိုယ့်ထမင်း ကိုယ်စား..လူမိုက်တယောက်တိုးပြီဟ လို့ 

အရင်ခေတ်ကတော့ သခင်ပေါက်စ..ထောင်ခြောက်လတဲ့ ဦးဝင်းတင်က တော့ (၁၉ )နှစ်ကြာတယ်။ ငယ်ငယ်က..ငါတို့ တွေ လွတ်လပ်တဲ့ခေတ်မွေးတာ ကံကောင်းတယ်အော်နေတာ..အမှန်က..ခုမှ ပိုဆိုးသေး..သခင်ဖိုးလှကြီး တောင် ငိုသွားမယ်. သူတို့ လက်ထက်က မှ မီးထွန်းနေနိုင်သေးတာ..အခုခေတ်က..မှောင်မဲ နေတာဘဲ။
ဆရာစံလက်ထက်က ချစ်တီးထက်လည်း နအဖက ပိုဆိုးသေး..ချစ်တီးက သမီးဘဲသိမ်းရုံသိမ်းတာ..နအဖ စစ်သားက အပြုံလိုက် စော်ကားပြီး သတ်ပစ်ခဲ့ရော..
ဗိုလ်အောင်ကျော်.ဒုတ်ရိုက်ခံရတာ. တယောက်ထဲသေတာ..မျိုးချစ်ဗမာတွေ က အော်လိုက်ကြတာ..အာဇာနည် တန်းပေးလိုက်ရုံဘဲ..ဟိုချောင်းထဲက အညိုအမဲစွဲ ပျံနေတဲ့ ကိုယ်တော်ကျ..ဘယ်သူမှ အာဇာနည်မပေးကြဘူး..ဘွဲ့ တော် တောင် မသိကြရှာဘူး..
ကိုကိုဝင်းလည်း သေတာဘဲ..ဒို့ ခေတ်က ပိုဆိုးပါတယ်။

ပေါက်တီးပေါက်ရှာ..ကဘောက်တိ ကဘောက်ချာတွေးမိတာပါ..
မသဒ္ဓါ..ဒီနေရာလေးမှာ.. မရေးတတ်ရေးတတ်..ကဗျာ..လိုလို ဘာလိုလို..
အိပ်ဖွင့်ပေးစာတွေ လာလာရေးနေတာ..၂၀၀ရ -၂၀၀၈..ကဗျာ..အပုဒ် ၃၀၀ လောက် ရှိပါပြီ။

မသဒ္ဓါ အတွက်..နအဖ ကတင်မဲ့စွဲချက် တွေ သိချင်ပါတယ်..ဝိုင်းစဉ်းစားပေးကြမလား..
မကြောက်တတ်လို့ ..နည်းနည်း ကြောက်ကြည့်ချင်လို့ ပါ။
အပြင်က ဖင်ပိတ်အော်တယ်ဘဲပြောပြော..ဘယ်သူ ကဲ့ရဲ့ မဖြုံပါဘူး။ ပြောကြပါစေ..နှစ်သက်ရာ..
နအဖ မတရားလုပ်နေတာ...ဘာမှ မလုပ်ဘဲ ထိုင်ကြည့်နေတာထက်စာ...
တန်ရာတန်ရာလုပ်. ပါးစပ်လှုပ် လက်လှုပ်နေတာက ကောင်းသေးတယ်ဘဲ မသဒ္ဓါထင်ပါတယ်. နည်းနည်းလေးဘဲ နှဲ့ ရ နှဲ့ ရ..နည်းနည်းလေးဘဲ ခနဲ့ ရ ခနဲ့ ရ..နည်းနည်းလေးဘဲ သူ တို့ သွေးတက်အောင် လုပ်ရ လုပ်ရပေါ့..
မောင်နှမလေးတွေ ..ဘယ်လိုထင်ပါသလဲ..
မကြီး ရွာပြန်ရင် ထောင် ဘယ်နှစ်နှစ်နဲ့ မသဒ္ဓါတန်နေပါပြီလည်း..မရှိမဲ့ရှိမဲ့ ဂုဏ်လေးယူကြည့်စမ်းပါရစေ.။

နအဖ ကလွဲ တပြည်လုံးကို ချစ်သော
မသဒ္ဓါ (၉။၂၆။၂၀၀ဂ)

အပျော်စ တာပါ...တနှစ်ပြည့် လူတွေ ဒေါသထွက်နေကြတာ..ရီရအောင်လို့ ...မသဒ္ဓါ ဘေးကင်းရန်ကင်း ကျမ်းမာပါတယ်။
ဒေါ်အမာ လိုအသက် ၉၀ စောင့်ပြီး ဒီမိုကရေစီနဲ့ မြန်မာ ပြည်ကို မြင်ဖူးအောင်ကြည့်သွားချင်လို့ ပါ။ အင်း အိမ်မက် ဘဲပေါ့နော်..

6 comments:

Hteink Min said...

ဟီဟီး မြန်မာပြည်က သိတဲ့ အတိုင်းပဲလေ.. ပုဒ်မ မတင် ၅ နှစ်တော့ ကြိမ်းသေတယ်။ မကြေနပ်ရင် ထပ်တိုး ပေါ့ .. ဆိုတော့ ပြောရခက်တယ် ဘယ် နှစ်နှစ်ဆို တား)

M.Y. said...

"ပြစ်မှုကြွေးကိုချွေးဖြင့်ဆပ်ပါအစ်မတော်"။

သိပ်မများပါဘူး..
အလုပ်ကြမ်းနှင့် အနှစ်၂၆၀ +
တိုက်ပိတ်ကာလ ဆယ်သက၊် ဆယ်ပြန်၊ဆယ်ကမ္ဘာ..

...မဟုတ်ပစေနဲ လို့ 

ငွန်ငယ် said...

မ ကြီးရေ ...ဗေဒင် မမေးနဲ့ မကျေနပ် သ၍ ပုဒ်မတွေ၊ ပုဒ်ထီးတွေ တပ်ပြီး နှစ်မရှိဲဖမ်းထားမှာ။ကံကောင်း မှ ပြန်လွတ်
မယ် လေ။ မ ကြီး ပြောသလို နည်းနည်းလေး ကလိ ရလည်း မဆိုဘူးလေ။ညီမလေးတိုကတော့ ရ သ၍ ရိနေမှာပဲ မကြေနပ်ရင် လဲသေပေါ့နော့။မကြောက် ပေါင်.....

ငွန်ငယ် said...

မ ကြီးရေ ...ဗေဒင် မမေးနဲ့ မကျေနပ် သ၍ ပုဒ်မတွေ၊ ပုဒ်ထီးတွေ တပ်ပြီး နှစ်မရှိဲဖမ်းထားမှာ။ကံကောင်း မှ ပြန်လွတ်
မယ် လေ။ မ ကြီး ပြောသလို နည်းနည်းလေး ကလိ ရလည်း မဆိုဘူးလေ။ညီမလေးတိုကတော့ ရ သ၍ ရိနေမှာပဲ မကြေနပ်ရင် လဲသေပေါ့နော့။မကြောက် ပေါင်.....

YeYint Nge said...

ကဗျာနဲ့ အကြည်ညျိုပျက်တာကတော့ကိုစေဝေလောက်ပါ။ပါသွားမဲ့“ီဒီတွေအတွက်ကတော့တချပ်၁၅နှစ်...အတူတူပြန်ရအောင်..ရရတယောက်ထဲဆိုအဖမ်းခံရတာလူမသိမှာစိုးလို့...

Unknown said...

လူလည်းမကောင်း မှုလည်းမကောင်း အမိမြေရဲ့ သရုပ်တွေ အမှန်တရားနဲ့ တော်လှန်ရေး ဘယ်တော့မှ ကျရောက်လာမှာလဲ.......မျှော်လင့်မိတယ်....

 
/* EOT ----------------------------------------- */