Thursday, September 25, 2008

သားနှစ်သားက စည်းလုံးညီ..သင် ဘယ်လိုနေမည်၊ မောင်စစ်သား.


တရားဓမ္မ၏ စစ်သည်..
သစ်ခေါက်ဆိုး.သစ်တပင်အောက်.
ပုရိက္ခရာ ရှစ်ပါး..အမှန်တရားပြ ဘိက္ခူ။
သာသနာ အတွက်ဆို..အသက်ပင်စွန့် 
ရွံ့ ရွံ့ ချွန်ချွန် ဗုဒ္ဓ၏ ၀န်ထမ်းများ..
သံဃာတော် အာဇာနည်သား

ဝေဟင် မြင့်ပျံကြမဲ့ဒေါင်းနီ
မြေပြင်ဆီ..စစ်ချီတဲ့ဒေါင်းပျိုများ
သွေးနီနီစတေးရချင် စတေး
ပျိုပျစ်နီစွေး လူငယ်၏ သွေး.
တူညီပေါင်းချီ.တိုက်ကြမည်ကျောင်းသား.

သားသုံးသားမှာ နှစ်ပါးညီ..
နှာစေးနေတဲ့ သားတစ်ပါး..
အစိမ်းရောင်ခြုံထားတဲ့..စစ်သား
မေတ္တာနဲ့ ရေးတဲ့လက်..
သေနတ်လက်နက်နဲ့ ဖျက်သတဲ့။
တိုင်းပြည် မကျခင် ချောက်ထဲ..
သူတို့ ဘဲ ဆွဲကယ်ထားရသတဲ့။

နိုင်ငံ ဘဏ္ဍာတော်စား။ သယံဇာတစား
လာဘ်စား။ ပန်းဦးခြွေ မုဒိန်းသမား
ဓါးပြများ။ သူခိုးများ။
တရားမဲ့ အုပ်ချုပ်ထား.အမောင်စစ်သား

မင်းရော..ဘယ်လောက် ကောင်းစား.ကောင်းစား
မတရားငိုစာ ရယ်စာစား..
မင်း မြေးမြစ်ထိတောင်
ကံဟာကြာကြာမသွားပါဘူး။
ဆိုးညစ်တဲ့ အာဏာရှင် အမွေဆိုး..
နိုင်ငံကို အမည်းရောင်ဆိုး..အရိပ်မမိုးထားခဲ့ပါနဲ့ .။

မင်းဆိုတဲ့ သစ္စာ အဓိဌာန် ( ၄) ချက်..
မင်း ဝစီစက် တွေ..ပြန်လှန်ကာ ဆန်းစစ်.
နိုင်ငံကိုချစ်ရင်..လူမျိုးကိုချစ်ရင်..
နောင်မျိုးဆက်အတွက်..ရာဇ၀င်ကို..
ပြန်ပြင်ပါတော့ အမောင်စစ်သား..

နိုင်ငံချစ်သော..မောင်စစ်သားသာ မြန်မာကလိုအပ်တယ်။
နိုင်ငံဖျက်သော..မောင်စစ်သားကို မြန်မာပြည်ကဖယ်။
ဒါမှသာ.
.မြန်မာသမိုင်း..ပုပ်စော်နံမရိုင်း..
ကမ္ဘာပေါ်မှာ..ပြန်လည်သန့် စင်ရွှန်းပစွာ။
မြန်မာလူမျိုး ပြန် ဂုဏ်ယူထိုက်မှာ။

မသဒ္ဓါ (၉။၂၄။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */