သမိုင်းသစ်အတွက် ခြေလှမ်း..
ခွန်အားမြှင့်စေမဲ့ ခြေလှမ်း..
မြန်မာ့လွတ်လပ်ရေးအတွက် ခြေလှမ်း
တစ်လှမ်းပြီး တစ်လှမ်း…
ချီတက် လှမ်းနေ။
တောတောင် ကန္တာရကြမ်း..
ဆီးနှင်းတောင်..လွင်တီးခေါင်.
သစ်စိမ်းတော. ကျောက်တုံးတောင်ကြော
သဲကန္တာရ..လေဆင်နှာမောင်းကျ။
လျှပ်စီးမုန်တိုင်း မိုးမုန်တိုင်း တွေဘဲ ခ ခ။..
အပူအအေး. နွေးထွေး ခြောက်သွေ့ 
တံလျှပ်တကွေ့  နှင်းတပွေ့ နဲ့ 
စထွက်ခဲ့ ကြတဲ့ မတ်လ( ၁) ၂၀၀၈
အဆုံးရောက်မဲ့ ၈-၈-၂၀၀၈
(၅) လကျော်..ဖြတ်သန်း
မိုင် ၃၀၀၀ ကျော်..ခရီးရှည်..
ချီတက်နေတဲ့ ၈၈ စစ်ကြောင်း..
မကြာခင် ပန်းတိုင် အရောက်။
မိုင် ၁၀၀ ကျော်ရဲ့ အကွာ။
ငြိမ်းချမ်း စာပို့ ဆက်သား.
ကမ္ဘာကုလရုံးကို သွား..
ပေးရမဲ့ ပြည်သူရဲ့ အသံ
ငိုကြွေးညံ ပဲ့တင်ထပ်
လွတ်လပ်ခြင်းသို့ ချဉ်ခြင်းတပ်.
ကူညီ လက်သို့ တောင်းပန်စာ။
တရားဓမ္မ အရ ကူညီပေးပါ။
ဇွဲနဘဲနဲ့ ခွန်အား..
မရပ်မနားတဲ့ ခရီးသည်..
တောတွေဝင်..တောင်စဉ်ဆက်.
ငြိမ်းချမ်းရေးအတွက်..ရွက်လွင့်နေတယ်။
ခွပ်ဒေါင်းနီအလံ တောင်ပန်ဖြန့် နေတယ်။
သင်သည် မြန်မာ..လှိုက်လှဲပျုငှာ
အားပေး ကြိုဆိုပေးပါ..
နယူးယောက်သို့ 
ငြိမ်းချမ်းချိုးတမာန် ရဲ့အ၀င်လမ်း
ပန်းလမ်းခင်းလို့  လက်ကမ်းကြို။
မသဒ္ဓါ ( ၈။၁၂.၂၀၀၈)
Saturday, July 12, 2008
ရောက်လုနီးပြီ ပန်းတိုင်ဆီ။
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment