Monday, July 30, 2007

ချိုးကူသံတေးချိုချို.. အနာဂတ်ကိုကြို.

မနက်ဖြန်ဆို…
မုန်တိုင်းလေပြင်းထန်တဲ့..နေ့ များအပြီး
ကြည်လင်ကောင်းကင်..အလှဆင်တော့မယ်

မနက်ဖြန်ဆို
ပန်းရနံ့ လေပြေသော့ကြား..လိပ်ပြာလေးတွေ
ပျံကာဝဲကစား.နေခြည်များနဲ့ နေ့သစ်ချိန်

မနက်ဖြန်ဆို
ဝေဟင်ယံထက်..မိုးခွင်းတက်မဲ့ချိုးဖြူဌက်များ
တေးသီသံကြားရတော့မယ့်…မင်္ဂလာအချိန်

မနက်ဖြန်ဟာ
ဒို့ တွေအတွက်..သာယာမှုအပေါင်း..
ကျက်သရေညောင်းတော့မယ်အချိန်
အောင်စည်တော်ယွန်းမဲ့..မြန်မာ့လွတ်လပ်ရေးရဲ့
မနက်အချိန်

ဒီတညတော့..ဒို့ တွေ..ငရဲတွင်းထည်း
ရုန်းရင်းကန်ရင်း.သန်းခေါင်ထက်တော့..ညဥ့်မနက်
အမှောင်ထုက..ရုန်းကန်တိုးထွက်

သွေးမကွဲ. သွေးမခွဲ...သွေးရဲရဲ..အတွေးရဲရဲ
ရှိသမျှဇွဲတင်း..တော်လှန်ရစ်ရင်းဘဲသေသေ
အရိုးဘဲကြေ..အရေဘဲခမ်းခမ်း
ဒီမိုကရေစီရဲ့ ပန်းတိုင်
လှမ်းဆုတ်ကိုင်နိုင်ဖို့ ..တယောက်တလက်
အားသွန်..ညီတူ..သွေးသောက်တာဝန်ယူ
တဗိုလ်ဆင်း..တဗိုလ်တက်
တပြည်လုံးနဲ့ စစ်တပ်..ဘယ်သူ
အကုန်သတ်နိုင်မလဲ
ကဲပြော..ဘာလုပ်ကြမလဲ

အများအားတူတူ..တယောက်အားနဲ့ မယူ
ပေါင်းစည်း ညီညွတ်..တော်လှန်ယူ
တနေ့ ကို..တလံသွား
ပုဂံကလေ..အနီးသား
လင်းလက်စေမဲ့..အနာဂတ်
အားလုံးပါဝင်..အပ်နေပြီ.။

မှောင်ချင်ရင်..တသက်လုံးနေပေရော့
လင်းစေချင်..တမနက်သာပေါ့
အမြင်မှန် ပြည်သူလူုထုတရပ်
လာလာ..လေ..ဒို့ နဲ့ တူတူရပ်
"အထွေထွေသပိတ်" အတွက်.ဆင်နွဲရန်

ဒါမှလေ..မနက်ဖြန်.
မြန်မာပြည်..နိုးပြန်ထ..မိုးသောက်စေရန်။

မသဒ္ဓါ (၇။၃၀။၂၀၀၇)..

No comments:

 
/* EOT ----------------------------------------- */