Friday, July 6, 2007

ရောင်စုံဒေါင်းကလေးများ ရဲ.့ .လျောက် လဲ ချက်

ခွန်အားတင်းတင်း..
ခွပ်အားပျင်းတဲ့ဒေါင်းပျိုဘဝ
မာန နှင့် မာန် အသေခံစွန့်လွှတ်ရဲ.
ဘ၀ထဲက ပထမ အရွယ်.

အချိန်တန် အိမ်ထောင်ဘက်ရ..
ခွပ်ကြိမ်အား..တဖြေးဖြေးလျှော့ချ
ရှာဖွေရ..ဥ ၀ပ်တဲ့ကျင်း..
လွတ်လပ်ခြင်းများ ဆုတ်ယုတ်တဲ့ခဏ..
ရေကြည်ရာ.. မြက်နုရာရှာ..
ရောက်တတ်ရာရာ..အရပ်ရှစ်မျက်နှာ..
ဒုတိယအရွယ်ရဲ့ ဝေဒနာ..

ဝန်းကျင်နဲ့  အညီ. အရောင်များ..ပြောင်း
မြက်ခင်းကြား က.. မြစိမ်းရောင်ဒေါင်း
စပါးကျီအနားက.. အ၀ါရောင်ဒေါင်း
ယော်ရွက်ကြွေတောရဲ့...အနီရောင်ဒေါင်း..
လွင့်မြောနှင်းမှုန်ကြားမှ..အဖြူရောင်ဒေါင်း..
ရောင်စဉ်သာကွဲ..ဒေါင်းမျိုးက မကွဲ.
တိုက်ပွဲကျ..ခွပ်မဲ့ဒေါင်း…အေးငြိမ်းချမ်းရင်..ကမဲ့ဒေါင်း
အိုးဝေတွန်သံသာသာ..အနီရောင်သွေး..နီစွေး ဒို့ ရင်မှာ။

ကြာရှည်တဲ့တိုက်ပွဲ..အားလျှော့မယ် ထင်သလား
အိုလာတဲ့ခွန်အား..အားပျော့မယ် ထင်သလား.
မျိုးဆက်သစ်..ဥဒေါင်းငယ်များကိုပျိုးထောင်ပြုစု..
နောင်တနေ့ အရောက်ပြန်..ဒို့ ရာဇ၀င်ကြွေးဆပ်ရန်.

အရောင်ပြောင်းတောင်..တာဝန်ကျေမဲ့..ခွပ်ဒေါင်းအို.
ပွဲမပြီးခင်..ကဲ့ရဲ့ မဆိုကြပါနဲ့ ..
ဒေါင်းကလေးတွေ..မ down ကျသေးပါ ဘု..
သမိုင်းကိုမျက်စိတဆုံးမျှော်ကြည့်.
ဒေါင်းဘိုးအေ..ဒေါင်းအဖေ..
ဒေါင်းသား..ဒေါင်းမြေး..မြစ်များတိုင်
ဇာတိမာန်ကိုလက်ဆင့်ကမ်း..အနာဂတ်လမ်းမပြီးမဆုံးတိုင်...
တနေ့ နေ့ ရောက်ရ မှာ..ဒို့ ရဲ့ပန်းတိုင်..
ကအိုးဝေသံ တို့ ..မြိုင်မြိုင်

မသဒ္ဓါ (၇။၅။၂၀၀၇)
ခွပ်ဒေါင်းများအားလုံးအတွက်ရည်ရွယ်ပါတယ်..ဂုဏ်ပြုတာပါ.ဘယ်ဘဲရောက်ရောကိဒေါင်းဟာဒေါင်းပါဘဲ

5 comments:

ခင်မင်းဇော် said...

အမ ဒေါင်းရောင်စုံရဲ့
ကြုံးဝါးသံကို ဟိုကောင်တွေ ကြားပါစေနော်။
စုပေါင်းအားကို တည်ဆောက်ကြပါစို့။

Hteink Min said...

ဥဒေါင်းငယ်များကိုပျိုးထောင်ပြုစု..
နောင်တနေ့ အရောက်ပြန်..ဒို့ ရာဇ၀င်ကြွေးဆပ်ရန်.

မသဒ္ဒါ ရေးထားတဲ့ အပေါ်ပါ စာကြောင်းလေးကို ခိုက်ပါတယ်။ ကျွန်တော်တို့က ၈၅ နောက်ပိုင်းမွေးတာဆိုတော့ ဒီအကြောင်းတွေ ခုမှ သိရတယ် ဆိုပါတော့. ကျွန်တော်တို့ဟာ ဥဒေါင်းငယ်လေးတွေ ဖြစ်နေတဲ့အတွက်။ အခုဟာ ကျွန်တော်တို့အတွက် တာဝန်ထမ်းဆောင်ရမည့် နေ့ရက်ရောက်နေသလို ။ ဒေါင်းကြီးများရဲ့ အမွေတွေကို ဆက်ခံသွားရင်း ၊ကျွန်တော်တို့လို လူငယ်တွေ ကျွန်တော်တို့ ချစ်တဲ့ မြန်မာပြည်ကို တိုက်ပွဲဆက်နွှဲသွားမယ်ဆိုတာ ပြောလိုက်ပါရစေ .. ကျွန်တော်တို့ ဒေါင်းငယ်များ ခေတ်မှာတော့ အရင်လို လမ်းမပေါ်တောင် တက်အော်စရာမလိုတဲ့ နည်းပညာတွေနှင့် အတူ ၊ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူတွေကို ချက်ချင်းသိစေမည့် မီဒီယာလက်နက်နှင့် ဒီတစ်ခါ တိုက်ပွဲဝင်ဘို့ ၀ါးရင်းဒုတ်ကိုင်မည့်အစား၊ အခြားလက်နက်များနှင့် တိုက်ပွဲဝင်သွားမည်ဆိုတာ သူတို့ ကို သိစေချင်ပါတယ်။

pandora said...

မကြီးသဒ္ဓာရေ .. အခုလို တကယ်မ down တဲ့ဒေါင်း၊ အပြုသဘောဆောင်တဲ့ဒေါင်း၊ ရှေ့နှစ်လှမ်းတက်ခွပ်ဖို့ နောက်တစ်လှမ်းဆုတ်ပြီး အရှိန်ယူနေတဲ့ဒေါင်း၊ ဒေါင်းငယ်လေးတွေကို ပျိုးထောင်ဖို့ ၀ပ်နေရတဲ့ဒေါင်းတွေ အကြောင်းကြားရတာ ၀မ်းသာမိပါတယ်။

M.Y. said...

မသဒ္ဒါ..
တော်တော်ကောင်းပါတယ်။ အနက်လဲကောင်းပါတယ်..
မျိုးဆက်သစ်တွေ ဘယ်လို အသိရှိလဲဆို တာ အမ ကဗျာလေး က ပြောပြနေပါတယ်…….ဇာမဏီဒေါင်းကို အမျိုးအနွယ်အတွက် တာဝန် မကျေခဲ့သူတွေ က လျောက်လဲချက် ပြန်တင်ရမယ့် အချိန်မဝေးတော့ပါဘူး…
လေးစားစွာဖြင့်

Anonymous said...

မသဒ္ဓါရဲ့ ဒီကဗျာလေး ကျမရဲ့ စာပေအိုးထဲ ထည့်လိုက်ပါတယ် ။ အရမ်းကောင်းလို့ အရမ်းကြိုက် အရမ်းခံစားမိလို့ ။

 
/* EOT ----------------------------------------- */