Tuesday, July 10, 2007

သူသာ…ရှိခဲ့ရင်..

သူသာ…ရှိခဲ့ရင်..
သာကီမျိုးရိုးနဲ့  မြန်မာပြည်..
တကယ်ဘုန်းမီးတောက်..
အာရှတလျှောက်ကကျားများရဲ့ ဦးသျှောင်..
သန်မာတဲ့…ခြင်္သေ့တကောင်ဖြစ်နေမှာ.

သူသာ…ရှိခဲ့ရင်..
ကလေးငယ်များဘ၀အတွက်.
ပညာခြုံ..လုံစေဖို့ သူကြိုးစား
တပြည်လုံး ပညာတတ်စေရေး
ဂုဏ်ရှိန်ထယ်စေမဲ့အနာဂတ်ကို..ရွေးမှာ။

သူသာ…ရှိခဲ့ရင်..
ခွပ်ဒေါင်းလေးတွေ..ပျော်ရွှင်ညင်သာစွာက
ဒေါင်းအလံနီ.အလံတိုင်ပေါ် ၀ဲပျံမော်ကြွ.
သမဂ္ဂအဆောက်အဦ..ထုံးဖြူဖြူဆေးလူး
ပြိုကျ ဖူးလိမ့်မည် မဟုတ်။

သူသာ…ရှိခဲ့ရင်..
ၾကင္ရသူဇနိၤး..သမီးနဲ့သား
မြန်မာမြေပေါ် ဦးဆွေး ဆံမြေ့နေထိုင်သွား
လစ်လျှုရှုခံထား မုဆိုးမ။
ကိုယ့်ဖာသာကိုယ် ခလေးနှစ်ယောက် နဲ့ လုပ်ကိုင်စား၊
ပြည်နှင်ဒဏ်ပေး ခံရလိမ့်မည် မဟုတ်။

သူသာ…ရှိခဲ့ရင်..
မြန်မာပြည်ရဲ့ဘ၀..ချောက်ထည်းမကျ၊
ပြာပုံပေါ်ကနိုးထမဲ့ စာမဏီဌက်မင်း၊
မြက်မစား..ရဲရင့်မဲ့ ကေသရာဇာမင်း၊
အမွေးအတောင်ကျွတ်အောင် ခွပ်စရာမလိုမဲ့ ဥဒေါင်းမင်း၊
ကျက်သရေဂုဏ်ထင်လင်းမှာ..ဒို့ ဗမာ။

သူ.…မရှိတဲ့နောက်
ပြည်သူများငတ်..လာဘ်လာဘကိုအဓမ္မယူ။
တိုင်းပြည့်..အနာဂတ်ကိုသတ်။
ပင်လုံကျောက်တိုင် အတူသစ္စာပြု၊
မောင်နှမများကို..မုဒိန်းကျင့်သတ်ဖြတ်။
ဟစ်တလာရက်စက်ပါပေ့တောင်..သူ့ လူမျိုးသူမသတ်..
အင်္ဂလိပ်ကျွန်ဘ၀..ထမင်းရည်ခွေးသောက်နိုင်သေးကြ.
ရွှေအဖေကြီးလက်ထက်ကျမှ၊
မြန်မာပြည်..သာလွန်မင်းခေတ်ရောက်ရ။
ဗမာပြည်..ကျောက်ခေတ်ထဲကျ..
သဘာဝဓါတ်ငွေ့ ကြောပေါ်ထိုင်၊
ဖယောင်းတိုင်က..မှ်ိန်မလင်းတလင်း
အိုက်လာရင်..၀ါးယပ်နဲ့ တဖျတ်ဖျတ်၊
ခြင်ကတ၀ီးဝီး ရေကကြီး..ရောဂါများဖိစီး၊
ရိပ်ကြီးခို ဆုတောင်းတောင်၊ မလွတ်မလပ်၊
သူတို့ ကလွဲ ရင်..တပြည်လုံးငတ်ပြတ်၊
မြန်မာအချင်းချင်းသတ်ခဲ့တာ၊
ဗိုလ်ချုပ်ဖွဲ့ ပေးခဲ့တဲ့စစ်တပ်။

လက်နက်မဲ့ ခလေးတွေကိုတည့်တည့်ပစ်တာ.. ဒီစစ်တပ်
တိုင်းရင်းသူပန်းကလေးတွေကိုအမှည့်ချွေတာ..ဒီစစ်တပ်..
ဘိန်းရာဇာတွေကို ဖော်လံဖား..ဦးချရဲတာ.. ဒီစစ်တပ်..
တပြည်လုံးရမ်းကား..ပြည့်သူဘဏ္ဍာအလွဲသုံးစားတာလည်း ဒီစစ်တပ်..
ငတေမာဖို့ ကြည့်..ဘယ်သူသေသေမသိ
တင့်တယ်ရမည့် တိုင်းပြည်၏ ဂုဏ်သိက္ခာ၊
သူတို့ ကြောင့်.ကမ္ဘာ့ အောက်ဆုံးမှာ၊
လုပ်ရက်တာ..ရင်နာပါတယ်ဗိုလ်ချုပ်။

မြန်မာပြည်ရဲ့ဘ၀..
အစ ကပြန်စဖို့ ..အားလုံးဟာ သမိုင်းပေး၊
နိုင်ငံရေး.လူမှုရေး..စီးပွါးရေး ကြီးပွါးရေး၊
လွတ်လပ်ရေး မျှတရေး..ပေါင်းစည်းရေး နိုးကြားရေး၊
တော်လှန်ရေး..စစ်ပွဲ အား၊
ဗမာသွေးပါသမျှ..ပါဝင်ဆင်နွဲကြ။

ငွေအား လူအား၊ လက်နက်အား..စိတ်စွမ်းအား
မီဒီယာအား၊ စည်းရုံးနိုင်အား၊
ဘာအားတွေ..မြူမှုန်ဘဲရှိရှိ။
မြင့်မိုရ်တောင်ဘဲထိထိ၊
တာဝန်သိဒို့ ပေါင်းကာ၊ ညီညာလုပ်နိုင်မှ၊
ဗိုလ်ချုပ်..ရောက်ရာဘ၀က သာဓုခေါ်နိုင်စေ၊
အသက်စွန့် ခဲ့ကြကျိုး..သူ ကျေနပ်နိုင်ပါစေ.။

မသဒ္ဓါ (၇။၁၀။၂၀၀၇)

1 comment:

moe nyo said...

မသဒ္ဓါ ...
“ပညာခြုံ..လုံစေဖို့ ”
ဒီစာသားတွေ ကြိုက်တယ်ဗျ ...
“ဟစ်တလာရက်စက်ပါပေ့တောင်..သူလူမျိုးသူမသတ်..
အင်္ဂလိပ်ကျွန်ဘ၀မှာတောင်..ထမင်းရည်ခွေးသောက်နိုင်သေးကြ.
ရွှေအဖေကြီးလက်ထက်ကျမှ..မြန်မာပြည်..သာလွန်မင်းခေတ်ရောက်ရ..”
ဒီစာကြောင်း တွေလည်း မိုက်တယ်ဗျာ ... ထိတယ် ...
အမြဲလာဖတ်ဖြစ်တယ်ဗျ ... ကျေးဇူး ...

 
/* EOT ----------------------------------------- */