Wednesday, November 10, 2010

မှန်းချက်..နဲ့ နှမ်းထွက်..


ကောင်းမွေ..ဆိုးမွေ..ဆက်ခံတယ်ဆိုပေတဲ့
အဖေဆိုးတိုင်း..သမီးဆိုးမဖြစ်နိုင်ဖူး.
အဖေ တော်တိုင်း..သမီးတွေ မကျော်နိုင်ဖူး.
အဖေ ရှော်တိုင်း..သမီးတွေ မရှော်နိုင်ဖူး
မိမိဖာသာ ရေးခဲ့ လူသား၏ တန်ဘိုး.။
မိမိတော်မှ..မိမိသမိုင်း ကျော်မယ်။
ရိုးသားဖြောင့်မတ်သူ..အမည်ဖွေးတယ်။

ကြံစည်တာကတော့ မဟာဗျူဟာပါဘဲ။
လွှတ်တော်ထဲကျမှ ...စစ်သားကို..ပူးသတ်.
ခလောက်ဆွဲရန် ဆင်ကြီးကို ထူးခတ်
အဖေ့အရှိန်အ၀ါ ..ရလိမ့်မဲ့ မဲတစ်ဖတ်
ထိုင်ရနိုးနိုး..လွှတ်တော်ထိုင်ခုံ..စရံသတ်
နေ့ လည်အိမ်မက်..စိတ်ကူးတစ်ရပ်။

နေရီ..သန်းသန်းနု နဲ့ ချိုချို..
ဝန်ကြီးချုပ်များ၏ သမီးတော်များ (သို့ မဟုတ်)
မြန်မာပြည်၏ မင်းသမီး သုံးပါး..(သို့ မဟုတ်)
ဦးသုဝေ၏ ကြိုးဆွဲ ရုပ်သေးရုပ်များ

အော်..ဗိုလ်ချုပ်သမီးလိုများ..နာမည်ကျော် လေမလား..
နောက်နှစ် နိုဘယ်ဆု များ..ငါ့ဖို့ များလား..
ငါလေ အဖေ့ သမီးဟဲ့ လက်ခမောင်း ထခတ်
ဝန်ကြီး အိမ်မက်..အတောမသတ်။

ကံကို ယုံ..တိုးမဟဲ့ ဆူးခြုံ
ဥပုဉ်စောင့်တဲ့ မြေခွေး.. ယုံပြီး ပုံ
အ၀ှါ ပါးစပ်ထဲငုံပြောတောင်..
သန်းရွှေလိုလူ ပေးလိမ့်မလား...ဒီအခွင့်အရေး
ကြားမိသူ..နို့ စို့ကလေးပင် ရယ်မော..
ရွှေဘဘရယ်..သေပြည်တော်မှာ သွားပြော။

ခုတော့ ခုတော့..သူခိုးများရဲ့ မဲခိုးပွဲ..
ကားယားမိနေပြီ ထောင်ချောက်ထဲ
ယုန်က တောင်ပြေး ခွေးက မြောက်လိုက်…
အလိုတော်ရိ ဖက်ဆစ်နောက်လိုက်
အကြွေးတင်တဲ့ သမိုင်းထဲက..တရားခံ..
အိုးမည်းသုတ်ခံရတာ..အဖေရဲ့ အမည်မှန်

အော်..အဖေတွေသာ သက်ထင်ရှားရှိ..
ဒုတ်ကောက်စာမိမဲ့ သမီးတော်သုံးပါး..
အဖေတွေသာ သက်ထင်ရှားရှိ..
ထွေးခံစာမိမဲ့ ကဉ္ဓန.သုံးပါး..

သိသင့်ပြီ..အရိပ်အကဲ..
အဖေတော်တိုင်း..သမီးမတော်
သမီးတော်မှ..သမီးကျော်၏။

ခြသေ့င်္မျိုးသာမှန် မြက်မစား
အော်…ထိုင်နေရင် အကောင်းသား။

မသဒ္ဓါ (၁၁။၁၀.၂၀၁၀)

ခြင်္သေ့ကို ပူးသတ်မည် စိတ်ကူးသော အကြံအားလေးစားပါ၏။
သို့ သော်...
ခိုးမည်မှန်း သိပါရက်နဲ့ ..ကျားခံတွင်းသို့  ၀င်ရဲသော မိုက်မဲမှုအား ဂရုဏာ ဒေါသော ဖြစ်မိခြင်းပါ။
အဖေ သုံးဦးကိုတော့ လေးစားပါသည်။

1 comment:

Ko Chit said...

like this one so much and better still, funny..

 
/* EOT ----------------------------------------- */