ဖေဖေ..
“ဌက်ကလေးတွေက ဘာကြောင့် ဖိနပ်မစီးသလည်း”
မောင်လူမွှေး က မောင်လူအေးကို မေးဖူးတယ်။
ဖေဖေ
“ကြယ်တွေမှာ..နာမည်ရှိသလားဖေဖေ” တဲ့။
ကျနော် လမင်းဝေး က ဖေဖေ ဦးအောင်ဝေး ကို မေးတယ်။
မှိန်တုတ်တုတ်ကြယ်တွေ က စကားမပြောကြပါဖူး။
အမှောင်ကိုခွင်း အလင်းဘဲပြတယ်။
အလင်းကို မဖလှယ်ဘဲ
စကားဘဲ ပြောတတ်တဲ့ ကြယ်..
တကဲ့ ကြယ်စင် အစစ်မဟုတ်ပါဖူး။
အပြောသန်သူ..အဆန်မပြည့်တတ်ဖူး။
တော်လှန်ရေး သံစဉ်ဆိုတာ မညိမ့်ညောင်းပါဖူး။
ခွပ်ဒေါင်းဆိုတာ သေသွားထိတိုင်
အတောင် မညောင်းတတ်ပါဖူး။
အဖေက...ကဗျာဆရာ..
အမေ့  အိမ် မှာ ထမင်း နပ်မမှန်ပါဖူး။
အမေ ကဗျာဆရာ ကတော်..
ဆရာစော ကတော် လောက်မပြောင်ပါဖူး။
ကဗျာ ဆရာသား ကျနော်..
လူမွဲသား ကျောင်းမှာ အဖက်မလုပ်ချင်ကြဖူး။
သာသနာ့  အရေး ထိတဲ့အခါ..
နှလုံးသားနဲ့  ရင်းရေးရတဲ့ ကဗျာဆရာ
မနေသာ.. ကပြာကယာ
အဖေက လွယ်အိပ်လွယ်..
“ငါ.. ဘုန်းကြီးတန်းနောက် လိုက်တော့မယ်။
နိုင်ငံရေးသမား မယား ဆိုတာ..
မင်း ကြည့်သာ ရှာဖွေစား..မခင်ဦးစပါယ်။
သားရေ..အဖေ ခဏ အပြင်သွားမယ်။။
သိပ်မကြာဖူး ပြန်လာမယ်”
အဲဒီနေ့ က နောက်ဆုံးဘဲ..
အဖေ့ မျက်နှာမြင်လိုက်ရတယ်။..
ညညမှာ..ကျနော်
ကောင်းကင်ကို မော့ကြည့်တဲ့အခါ…
အဖေရယ်..ဘယ်မှာလည်း
မိသားစုနဲ့ အဝေး.. ဘယ်ရောက်နေတာပါလည်း။
ထမ်းပိုးမဲ့ .အဖေ့ ပုခုံးတွေပေါ်.
ကျနော် အပြစ်စင်စွာ ရယ်မောချင်သေးတယ်။
မြစ်ကမ်းနဖူးက လေပြေအေးတဲ့ အခါ..
အဖေရင်ခွင်ကြားတိုးခွေ့ 
ပုံပြင်တွေ ကြားချင်သေးတယ်။
အဖေပြောတဲ့ ကျနော့နံမည်နဲ့  ကြယ်။။
ကောင်းကင် တနေရာမှာ ရှိချင်ရှိမယ်။
ကြယ် ဘ၀ လျှဉ်းလျှဉ်း မရောက်သေးတဲ့ ကြယ်..
တနေ့ တော့ ထွန်းပပါလိမ့် မယ်။
ကောင်းကင်ပေါ် မှုန်စစ..
ယခု ထွန်းပနေတဲ့ ကြယ်..
ဒါ...အဖေ့ နံမည်နဲ့ ကြယ်..
အဖေက မပြောပေတဲ့..
ကျနော် တွေ့ တယ်…
ကြယ်တွေ က သမိုင်းကိုရေးတယ်။
အားအင်အပြည့်နဲ့ .ရောင်ခြည်အသွေး.
အောင်ဝေးဆိုတဲ့  နာမည်နဲ့ ကြယ်
ကောင်းကင်ယံမှာ လင်းလက်နေတယ်။.
အဝေးရောက်နေလည်း.
အဖေ့  အတွက် တမ်းတ ဂုဏ်ယူဆဲ..
ကျနော့ လက်ထက် လည်း .ဆက်ကြိုးစားမယ်။
ကျနော်ဟာလည်း အဖေတူသား
တနေ့ မှာ ထွန်းလင်းပမဲ့  ဇာနည်ကြယ်။
မသဒ္ဓါ ( ၁။ ၂၈။ ၂၀၀၈)
တူကလေး..လမင်းဝေးသို့ ..
သေရိုးမရှိ.တဲ့ မျိုးချစ် အာဇာနည်...
သမိုင်းဆီ ပန္နက်ရေးထိုး..
အဖေတူ.အဖတူ မျိုးရိုး.
တိမ်ဖုံးသော်လည်း..
တောက်ပမဲ့ ကြယ်..
အမှောင်မှာ...လင်းလက်နေပါတယ်။
Thursday, January 29, 2009
အဖေတူသား..
Subscribe to:
Post Comments (Atom)

This
No comments:
Post a Comment