Sunday, November 23, 2008

လူ ဆိုသည်မှာ

အိပ်စား ကာမ၊ ဤသုံးဝ
သိကြသော၊ လောကသည်
တိရစ္ဆာန် အတိ။
ဆင်ခြင်မရှိ၊ လူအလကား.
သင်၏ ဘဝသည်ပမာနွား။

လူဆို မည်က၊..လူဘ၀၏
အဓိပွါယ်သိ၊. အဓိပွါယ်ရှိ..
အသိဥာဏ်တရား နဲ့
စဉ်းစားမျှော်မြင်၊ သုံးသပ်သတိ။

အမှားနဲ့ အမှန်၊ ဝေဖန်ကြည့်
စိတ်ထားဖြူစင်၊ မွန်မြတ်အသိ၊
ကိုယ်ကျင့်တရား၊ လေးစားဂတိ
ယဉ်ကျေးပျူဌာ..
လူဟူသည်၊..မပြတ်သတိ

အတ္တ နဲ့ ပရဟိတ
ကိုယ်ကျိုးနဲ့ အများကျိုး
သင့်တင့်မျှတ၊. လုပ်ဆောင်ပါဘိ.
လူကျင့်ဝတ္တရား လုံခြုံ
ဒါမှသာ၊ လူ့ ဂုဏ်ရည်ရှိ။

လူ့ဘောင်ဘ၀ ဆိုသည်။
ဟီရိ နဲ့ သြတ္တပ တရား
ထွန်းကားရာမြေ။

ဟီရိ ဆိုသော
မိမိ မကောင်းမှုပြု ၊ မိမိ၏ ကိုယ်၌ရှက်ခြင်း
သြတ္တပ ဆိုသော
မိမိ မကောင်းမှုကို၊ သူတပါးမြင်သိ
ကဲ့ရဲ့မည်ကို ရှက်ခြင်း
အရှက် နဲ့ အကြောက်တရား
ဘဝ၏ ဆင်ခြင်တုံထား
ယဉ်ကျေး ပြူ ဌာ၊ လူပီသ.
လူသား၏၊ လှပအဆင်း။

မတော်မတရား၊ မစော်ကား ၊
ကိုယ်ကျင့် ထိမ်းမှ သင်လူ။

သူတပါးအား စော်ကားတာမြင်တွေ့ .
လက်ပိုက် မကြည့်တတ် မှ သင်လူ

ငတ်မွတ်ခေါင်းပါး၊ သနားတတ်မှသင်လူ ၊
နာကြင်သူများ၊ ကြင်နာတတ်မှ သင်လူ

တပါးသူကို၊ ကိုယ်ချင်းယှဉ်ထား
စေတနာဖြူ ၊ ကူညီတတ်သူ
သက်ကြီးသူ၊ အားလေးစား
အမျိုးအား၊ စောင့်ထိန်းတတ်သောသူ၊
ကိုယ်နှုတ်ရည်မွန်၊ ပီယ၀ါစာချိုသာစကား
သည်းခံထားနိုင်မှ၊ သင်လူ
သင့် အကျင့်သိက္ခာ မွှေးသန့် ဖြူ။
သူသည် လူပေါ့၊ ဂုဏ်ယူလော့၊

မသဒ္ဓါ (၁၁။၂၂။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */