Wednesday, May 7, 2008

မိုး နဲ့  ကံဆိုးမ အလဲထိုး ခံရခဲ့ပြီ။


မိုးရေတက်ရေက ဖွေးဖွေး
ကွင်းကျယ်ကြီးက ဝေးဝေး

ရေမြုပ်နေတဲ့ ဒို့ လယ်..
စပါးကျီတွေ အမိုးပြုတ်..
တဲကလေး ခနော်နီ ခနော်နဲ့ ရယ်..

မိုးအရွာ..လေအလာ..လွင့်ရှာတဲ့..တဲငယ်..
ရှိသမျှ..ပိုင်သမျှ ရေမြော..
လင်သားပျောက်သော မပဋ္ဋာငယ်..
ရင့်မှည့်လု ကိုယ်ဝန်တလုံး။
မျက်စိသူငယ် ခလေးငယ်က နှစ်ယောက်..
ကျုပ် ဘယ်လိုလုပ်..
ခလေးတွေရှာကြွေးရမလဲ.
အပူမီးဝိုင်း လည်လည်.

မိုးမင်းရယ် ရက်စက်..
ကြက်ဌက်ကျွဲနွား..ပင်လယ်ဆီဆွဲစား..
ဘယ်မလဲ ပျို့ မောင်ကြီး..
ခလေးတွေ အတွက် အစာရှာသွားပြီး
ရေစီးထဲမှာ မြော..
ပြန်လည်ဖွေရှာရန် မလွယ်သော..
ရေမှာ..အဆုံး..သူ အသက်ရှုံးခဲ့ပြီ..
သေမင်းတမာန် မုန်တိုင်းရဲ့ ပန်းချီ။

အေးစက် တုန်ခိုက်..
သားငယ် ရင်မှာပိုက်..
မိုးသဲက မြူးမြူး။
လေ တ၀ူးဝူး။။
မုတ်သုန်ဦး ရဲ့ မုန်တိုင်း။
ကျုပ်တို့ ဘ၀ရာဇ၀င်ရိုင်းခဲ့ပြီ။

ဘယ်သူလာ ကူပါရော့..
နွမ်းကြေမောလျက်
ရွာလုံး ကျေပျက်..
ဘ၀ဆက်ရန် မလွယ်သည်။
မိုးမင်း ကျိန်စာ..ရက်စက်လွန်းသည်။

မသဒ္ဓါ ( ၅။၅။ ၂၀၀၈) မုန်တိုင်းကြားမှ မိန်းမသားများ အတွက် ဂရုဏာ ကိုယ်ချင်းစာနာမှူများဖြင့်

2 comments:

kolwinmin said...

မသဒ္ဒါရဲ့ စီဘောက်ထဲက တာဝန်သိ ၊ အမြော်အမြင်ရှိတဲ့ လူတွေ ရဲ့ စိုးရိမ်တကြီး ကြိုတင်သတိပေးချက်

မြန်မာပြည်မှာ မုန်တိုင်းပြင်းထန်မယ်ကို ပြည်ပ က လူတွေက သိပေမယ့် ပြည်တွင်းက လူတွေ မသိခဲ့ရရှာပါဘူး၊ဘလော့တစ်ခုက စီဘောက်ထဲမှာ မြန်မာတစ်ချို့က စိုးရိမ်တကြီး (၂) ရက် ကျော်ကြိုတင် သတိပေးခဲ့တာပါ ။ဒါပေမယ့် လူတိုင်းနီးပါးဟာ အမှတ်မဲ့ နေထိုင်ခဲ့ကြပါတယ်။


ခန့်မောင်: မုန်တိုင်းနောက်ဆုံးသတင်းတွေကို 01667766 မှာမေးနိုင်ပါတယ် သတင်းရရင်လက်ဆင့်ကမ်းပေးကြပါအုံး
1 May 08, 17:53
ခန့်မောင်: မုန်တိုင်အကြာင်မယုံကြပါ မုန်းတိုင်းအရေးပေါ်ကြေငြာချက်များထွက်ဟန် မတူသေးပါ အဲဒီမုန်တိုင်းလမ်းတလျှောက်မှာရှိတဲ့ မြို့တွေကို ၀ိုင်းကူဖုန်းဆက်ပေးကြပါအုံး
1 May 08, 17:52
ခန့်မောင်: မုန်တိုင်းကြီးဘယ်လောက်ကြောက်စရာကောင်းသလဲ ဂူဂယ်အတ်ကနေ ၀ဲသာကို ကလစ်ဖွင့်ပြီး ကြည့်ရင်တွေ့နိုင်ပါတယ် လောလောဆယ် ဖျာပုံ ပုသိမ် ကလူတွေက
1 May 08, 17:26
ခန့်မောင်: မုန်တိုင်းဗဟိုနှင့်အနီးမိုင်၂၀အတွင်းတွင် တနာရီမိုင်၁၂၀အထက်လေတိုက်မည် မုန်တိုင်းဒီရေ ၁၅ပေခန့်မြင့်မည်
1 May 08, 17:26
ခန့်မောင်: နာရီအနည်းငယ်အတွင်း ဧရာဝတီတောင်ပိုင်းကို ဟိုင်ကြီးကျွန်းအနီးမှဖြတ်မည် လေတိုက်နှုန်း တနာရီမိုင်၆၀ကျော်မည်
1 May 08, 17:26
ခန့်မောင်: မုန်တိုင်းသည် မိန်းမလှကျွန်းနောက်ဖက်မိုင် ၉၀ခန့်တွင်ရောက်ရှိနေပါပြီ ပိုပြီးအားကောင်းလာနေပါသည် အရှေ့ဘက်သို့ လျှင်မြန်စွာရွေ့နေသည်
1 May 08, 16:53
ခန့်မောင်: ရန်ကုန်တွင်လေးပြင်တိုက်က ဆိုင်ဘုတ်ကြီများ တုံးလုံးလဲသွားနိုင်သည် မုန်တိုင်သတင်းကိုဒီနေ့တောက်လျှောက် စောင့်ကြည့် ပေးကြပါ လက်ဆင့်ကမ်းပေးကြပါ
1 May 08, 16:53
ခန့်မောင်: မော်တင်စွန်းသို့ စတင်ဝင်ရောက်မည် ရန်ကုန်အနီးသို့ ဒီညတွင်ဖြတ်လိမ့်မည် ဧရာဝတီတိုင်း၏ ပင်လယ်နှင့်ထိစပ်နေသော အပိုင်းများ စိစိညက်ညက်ကြေသွားနိုင်သည်
1 May 08, 16:53
ခန့်မောင်: မုန်တိုင်အထူးသတင်း နာဂစ်မုန်တိုင်းသည် လောလောဆယ်တွင် လတ်15.8 နှင့် လောင် 91.2 မထင်မှတ်ပဲ အရှေ့သို့ဆက် ရွေ့နေသည် ခန့်မှန်ချက်အရ ဒီနေ့မနက် ၇နာရီတွင်
1 May 08, 12:19
okokok: မော်တင်စွန်းနဲ့ဆို မိုင်နှစ်ရာပဲဝေးပါတော့တယ် လပွတ္တာမြို့ကတောအိပ်ပျော်နေဆဲပါ သူတို့အပေါ် မုန်တိုင်းကြီး ကျော်တော့မယ်ဆိုတာ သိပုံမရရှာပါဘူး အားလုံးလက်ဆင့်ကမ်းသတိပေးကြပါ
1 May 08, 12:19
ညီညီ: မော်တင်စွန်းနဲ့ဆို မိုင်နှစ်ရာပဲဝေးပါတော့တယ် လပွတ္တာမြို့ကတောအိပ်ပျော်နေဆဲပါ သူတို့အပေါ် မုန်တိုင်းကြီး ကျော်တော့မယ်ဆိုတာ သိပုံမရရှာပါဘူး အားလုံးလက်ဆင့်ကမ်းသတိပေးကြပါ
1 May 08, 12:19
ညီညီ: မုန်တိုင်းလမ်းကြောင်းပြောင်းပါတယ် လောလောဆယ် လတ် 15.5 နဲ့ လောင် 92.1 မှာရှိနေပါတယ် ဒီပုံစံအတိုင်းဆို ဧရာဝတီတိုင်း အောက်ပိုင်းကတော့ စိစိညက်ညက် ကြေမယ့်ပုံပါပဲ
1 May 08, 12:19
ညီညီ: မုန်တိုင်းလမ်းကြောင်းပြောင်းပါတယ် လောလောဆယ် လတ် 15.5 နဲ့ လောင် 92.1 မှာရှိနေပါတယ် ဒီပုံစံအတိုင်းဆို ဧရာဝတီတိုင်း အောက်ပိုင်းကတော့ စိစိညက်ညက် ကြေမယ့်ပုံပါပဲ
1 May 08, 08:02
ခန့်မောင်: သိချင်တာတွေ မိုးလေ၀သ ဖုန်း 01 665944 သို့ဖုန်းဆက်မေးနိုင်ပါသည်
1 May 08, 08:02
ခန့်မောင်: မုန်တိုင်းစင်တာလမ်းကြောင်းဦးတည်ရာ၏ ညာဘက်တွင် လေမှတွန်းတင်ထားသောလှိုင်းလုံးကြီးများက ကမးခြေသို့ဝင် ဆောင့်တတ်သည် ယခု လှိုင်းများ ၂၇ပေထိမြင့်မည်ဟု ခန့်မှန်းနေသည်
1 May 08, 07:56
ခန့်မောင်: အချင်းဝက်မိုင်၂၀အတွင်း လေတိုက်နှုန်း မိုင်တရာကျော်သည် အချင်းဝက်မိုင် ၂၀မှ ၁၂၀ အတွင်း မိုင်၅၀မှမိုင် ၈၀အတွင်းရှိသည် တတိယ လှိုင်းလုံကြီးများ မုန်တိုင်းသည် လက်ယာရစ် လည်သည်
1 May 08, 07:56
ခန့်မောင်: မုန်တိုင်းတွင် အဖျက်စွမ်းအား ၃မျိုးရှိသည် ပထမ မိုးသည်းထန်စွာရွာခြင်းဖြစ်သည် ရေကြီးခြင်း တမံကျိုးခြင်း တောင်ပြိုခြင်းများဖြစ်နိုင်သည် ဒုတိယ လေပြင်းထန်ခြင်း မုန်တိုင်းစင်တာနှင့်
1 May 08, 07:56
ခန့်မောင်: မုန်တိုင်းစင်တာလမ်းကြောင်းဦးတည်ရာ၏ ညာဘက်တွင် လေမှတွန်းတင်ထားသောလှိုင်းလုံးကြီးများက ကမးခြေသို့ဝင် ဆောင့်တတ်သည် ယခု လှိုင်းများ ၂၇ပေထိမြင့်မည်ဟု ခန့်မှန်းနေသည်
1 May 08, 07:24
ခန့်မောင်: ၃ရက်နေ့ နေ့လည်တွင် ကယားနှင့်ရှမ်းတောင်ကြားသို့ရောက်မည်ဟု ခန့်မှန်းကြသည်။ ဖျက်ဆီးအားကြီးမားမည်ဖြစ်သောကြောင့် လမ်းကြောင်းကျနေသော မြို့ရွာများသို့ လက်လှမ်းမီသလောက်ကြောင်းကြားသတိပေးကြပါ
1 May 08, 07:24
ခန့်မောင်: ဂွမြို့နှင့်သံတွဲမြို့သည် အနီရောင်စိုးရိမ်မှတ်တွင်ရှိနေသည်။ ရန်းဗြဲ မန်အောင်နှင့် ပုသိမ်တို့သည် အ၀ါရောင်စိုးရိမ်အမှတ်တွင်ရှိနေသည်။ အဆိုပါနေရာမှ ရှေ့မြောက်ယွန်းယွန်းသို့ တစ်နာရီ ရေ(၇)မိုင်နှုန်းဖြင့်ရွေ့နေသည်။
1 May 08, 07:23
ခန့်မောင်: မုန်တိုင်းဗဟိုတွင်လေတိုက်နှုန်းတနာရီ မိုင်တရာကျော်လာပြီဖြစ်သည် ရန်ကုန်မြို့၏ အနောက်ဘက်မိုင် ၃၇၀တွင်ရောက်ရှိနေပါပြီ။ မူလခန့်မှန်းထားသော ၂ရက်နေ့သန်းခေါင်ယံထက်စောမည်ဖြစ်သည်။
1 May 08, 07:23
ခန့်မောင်: နာဂစ် ခေါ် ဆိုင်ကလုန်းမုန်တိုင်သည် ယနေ့တွင် အဆင့်နှစ်မှ အဆင့်တစ်သို့ ပိုမိုပြင်းထန်လာသည် မုန်တိုင်း၏အချင်းဝက်သည် မိုင်တရာကျော် အမြင့်သည် ဆယ်မိုင်ကျော်အထိ ကြီးမားကျယ်ပြန့်လာသည်
ကယ်ကြပါအုံး: https://metocph.nmci.navy.mil/jtwc/warnings/io0108.gif
30 Apr 08, 13:03
ကယ်ကြပါအုံး: မသဒ္ဓါ ကိုအားကိုးပါတယ်
30 Apr 08, 13:03
ကယ်ကြပါအုံး: http://www.alertnet.org/thefacts/reliefresources/TSR/200801B_01B.htm
30 Apr 08, 13:03
ကယ်ကြပါအုံး: တနာရီ မိုင်တရာကျော်နှုန်းလေတိုက်မယ်လို့ ပြောပါတယ် ဒီမှာအသေးစိပ်ကြည့်ပါ
30 Apr 08, 13:02
ကယ်ကြပါအုံး: Nargis လို့ခေါ်တဲ့မုန်တိုင်း ဗမာပြေကိုဝင်မယ် ရန်ကုန်နားကဖြတ်မယ် အပျက်အစီး အထိအခိုက်များမယ်လို့ သိရတယ် အားလုံးကိုအကြောင်းကြားပေးကြပါ


www.platonicloveaugust4.blogspot.com

Ma Thadar ( မသဒ္ဓါ ) said...

ဟုတ်ကဲ့ ko ရှင့်
မသဒ္ဓါ တာဝန်သိ တာဝန်ကျေ ပြည်သူပါ..သတင်းရလျှင်ရချငိးဘဲ..အာဇာနည်နဲ့  ကိုမိုးသီး ဘလောက်များပေါ်သို့ မုန်တိုင်း သတင်း ကို တိုက်ရိုက်တင်ပေးပါတယ်..ဘာလိုလည်း ဆိုတော့ မသဒ္ဓါ ဘလော့ ဆီထက်စာရင် ဟိုဘက်ကို သွားတဲ့  လူတွေက များလို့ပါ. ဘလော့ဂါထဲမှာ မသဒ္ဓါ မုန်တိုင်း ကိစ္စ သတင်း update တွေရော..ရသမျှ အချိန်မီ ရသမျှ တင်ပေးပါတယ်.။
ဒီလောက်ထိ ဖြစ်ပျက်သွားခဲ့တာ တကယ်ဘဲ ကြေကွဲ ၀မ်း နည်းရပါတယ်မောင်ငယ်..ဒီလောက် ထိခိုက်တဲ့ကိစ္စကြောင့် စိတ်ထိခိုက်င်္ပြီးကဗျာ မေ၇း နိုင်တဲ့အတွက် ခုတလော မသဒ္ဓါ ကဗျာထွက်ကြဲတာပါ. လေမွန်းကြပ်ရှူမရ သေသူနဲ့ ရေမွန်းကြပ် သေတဲ့လူတွေအတွက် မသဒ္ဓါရဲ့ နှလုံးသား လည်းမွန်းကြပ်ခဲ့ပါတယ်..အပြစ်တင်လိုက တင်ပါ မောင်ငယ်။။ တကယ်လို့  မသဒ္ဓ့ါ တာဝန်မကျေတာ ရှိခဲ့ရင်။
ခလေးတယောက်လာရေးတဲ့..အမကြီးကို အားကိုးပါတယ် မသဒ္ဓါဆိုတဲ့ စကားလုံးလေးကြောင့် မသဒ္ဓါ..ဘာဘဲဖြစ်ဖြစ် ဘယ်သူဘဲ ပုတ်ထုတ် ပုတ်ထုတ်။ဘယ်သူဘဲကဲ့ရဲ့ ဆိုဆို၊ ချစ်ရတဲ့ မောင်ငယ်ညီမငယ် အားလုံးကို လစိလျှူရှူ ထွက်မပြေး နိုင်ခဲ့ပါဘူး.မသဒ္ဓါက နိုင်ငံရေးသမားလည်း မဟူတ်။ ကျောင်းသား ခေါင်းဆောင်လည်းမဟူတ်။ ခံစားပြီးသာ ကဗျာရေးသူ သာဖြစ်တဲ့အတွက်..မသဒ္ဓ့ါရဲ့  လုပ်ဆောင် ပေးနိုင်မှု အတိုင်းအတာ.စိတ်ကျေနပ်စရာ မလုံလောက်ခဲ့ဘူုး ဆိုခဲ့ရင် အားလုံးကို တောင်းပန်ပါတယ်။ ခွင့်လွတ်ပါ။

 
/* EOT ----------------------------------------- */