Friday, May 2, 2008

လူ့ အဖွဲ့ အစည်းနှင့် ညီညွတ်ရေး၏ စွမ်းပကား

စေတနာ..သဒ္ဓါ..
လှုတာ ကလွယ်တယ်။
ဂတိ..သစ္စာ..လူ့ နောက်ကွယ်မှာ
ထိမ်းသိမ်းရတာ ခက်တယ်။

လူ့ သဘာဝ
အသာရရင် ပြုံး..
အနာရရင်.မျက်မဆုံး
အတ္တ နဲ့  မောဟ
ကိုယ်သာဘဲကိုယ်မှန်ကြ။
ဗုံလုံတလှည့် ငါးပျံတလှည့်
ပါးနပ်သူသာ ပန်းခူးနိုင်ခဲ့။

လူနဲ့ လု့ အဖွဲ့အစည်း
မနေနိုင် တစ်ယောက်တစ်ဦး ထီးထည်း။
မကြိုက်သော်လည်း..မညင်းဆန် ပူးပေါင်းရ။
မငြိမ့်လိုလည်း..ခေါင်းငြိတ်ကာသဘောတူရ။
အမာနဲ့ အပျော့။
လက်ဝဲနဲ့လက်ယျာ။
အဓမ္မနဲ့  ဓမ္မ။
အကြမ်းဖက်နဲ့ ငြိမ်းချမ်းရေး။
သာတူညီမျှ ညှိနှိုင်းပေး။

ဘီလူးစည်း နဲ့ လူ့ စည်း။
မထိမခိုက်..ကိုယ့်လမ်းကိုယ့်သွားနည်း။
သဟဇာတ၏ လမ်းစဉ်။
လောက ကို အလှဆင်

အတိုအရှည် မညီတဲ့လက်ချောင်း..
အမျိုးမျိုးစုံညီ..ခွန်အားတို့ ရှိကြောင်း
လက်ချောင်းများ ဆုတ်ကိုင်အား..
အရာဝတ္တုများသို့ သက်ရောက်နိုင်။
ပြိုင်တူတွန်းရင်..ရွေ့ ကြနိုင်
ညီညွတ်ရေးသာ..ဒို့ ပန်းတိုင်။

မသဒ္ဓါ (၅။၁။၂၀၀၈)

No comments:

 
/* EOT ----------------------------------------- */