enigmaimages.photoshelter.com မှ ဓါတ်ပုံရယူထားပါသည်။
ကျနော့ မွေးအမေ ကျနော် မမှတ်မိတော့ဖူး။
အသားညိုညို ခပ်ထွားထွား
မောင်နှမတွေ ကြားမှာ
နို့ ချို
လုစုတာဘဲ မှတ်မိတယ်။
ကျနော် ဘ၀ ပိစိကွေး..
အစာကြွေး ပြုစုခဲ့တဲ့ အမေ..
သူမသာ ကျနော်၏ ကျေးဇူးရှင်ချစ်မေ။
ကျနော့ကို အမေပွေ့ ချီပိုးခိုက်.
ဓါတ်ပုံတွေ ခဏခဏ ရိုက်တယ်
ကံဆိုးလား ကံကောင်းလားမသိ
ကျနော်ကို လူတိုင်းသိ။
အမေ့အဖော်. နံမည်ကျော်
celebrity ပါပီ အဖော်။
မြက်ခင်းစိမ်းပေါ် ပြေးဆော့
အင်းလျှားလေ အနော့ မှာ.
အမေနဲ့ ဘော်လုံးပစ်ကစားတာ..
ဘ၀မှာ အပျော်ဆုံးအရသာ
အမေကိုယ်တိုင်ကြွေးမှ
စားတဲ့ အစာ
ကျနော် လိမ်မာပါတယ် ဂျာ။
ကျနော့ အကိုကြီး Kim က
တိုးတိုးလေး မှာသွားတယ်။
" စိတ်ချပါရစေ။
အကိုကြီးကိုယ်စား
မေ့မေ့ ထံပါး
သစ္စာရှိရှိ နောက်ကလိုက်
ကာကွယ်ပြုစု တိုက်ခိုက်...
သတိထား ဂရုစိုက်ပါ။"
ဒါ အကိုကြီးရဲ့ အမှာ
အမေသွားရာ ကျနော်တကောက်ကောက်
အိပ်ခန်းထဲ တောက်လျှောက်
ညမအိပ် အိပ်ဖန်စောင့်တယ်။
ဒီတခါသာ ရက်တော လာ
ဟွန်း။ အသေကို ကိုက်ပစ်မှာ
ခုတလော
အမေရက်ဆက် အပြင်ထွက်
BUSY ဖြစ်
BUSY ဖြစ်
ကျနော့ ကို ထားရစ်ခဲ့တာ။
သတိရလိုက်တာ အမေရာ။
သတိရလိုက်တာ အမေရာ။
အမေမရှိ ကျနော်လွမ်း။
အမေ့မမြင် ကျနော်နွမ်း။
အမေ မတွေ့ ကျနော်ပမ်းတယ်။
စိတ်တွေတို ဒေါသဖြစ်
ဖျောက်မရ စိတ်က ညစ်။
အမေနားမကပ်ရ ကျနော်မျှော်
"ဟယ် ချစ်စရာလေး.."
လက် လာဆော့တဲ့
အဆိုတော်.
ဟပ် လိုက်မိတာ ဒီ ကျနော်။
ကျီစယ်တာပါ အပျော်
ဆောရီးပါဗျ ဦးဦးဇေယျာသော်။
ကျနော် မဆိုးပါဘူးဗျ..
နားလည်ပေး ပါနော်။
လူသူတွေ ရုတ်ရုတ်..
ကျနော အင်မတန် မျက်စိရှုပ်
ကျနော့ ရဲ့ တာဝန်တော့
မယုတ်လျှော့စေရဖူး။
မျက်စိရှင်ရှင် အကဲခတ်
ကျနော် အမေ့
ဘော်ဒီဂတ်ဖြစ်တယ်။
လူတွေထက် သစ္စာရှိ..
ကျနော့ အသက်ရှိသမျှ။
အမေ့ ကိုဘာဘေးမှ မခ စေရဖူး။
အမေ့ ဆံပင်တပင်သာ ထိ..
ကျနော့ သွားနဲ့ ငြိမယ်။
ကြောက်ရင် အဝေးဖယ်ကြ
ကျနော် တိုင်ချီဒို ဗျ။
မသဒ္ဓါ (04/11/2012)
သား၏ ကိုယ်စား စောင့်ရှောက်နေသော သစ္စာရှိသည့် အမေစု၏ ခွေးကလေး တိုင်ချီဒို အတွက်။
အမကြီးမေးသမျှ မမောမပမ်း ဖြေပေးသော သားသား အဂ္ဂမဟာ ဒီမိုဖက်တီး အားကျေးဇူးအထူး တင်ရှိပါသည်။
No comments:
Post a Comment