Wednesday, April 11, 2012

တုံးချင်ယောင်ဆောင်ရတာ ပျော်စရာ၊

ငတုံးတဲ့လား.
ကျုပ်ကိုများ
ဟားဟား    ပြောလိုက်ရရင် မင်း ဖျားသွားမယ်။
စင်္ကာပူက လီကွမ်းယု လည်တာ
ကျုပ် အိပ်ငိုက် နေတာဘဲရှိတယ်။
ကဒါဖီ မူဘာရက် ပါးတာ..
ကျုပ်ခြေအောက်က ဖုန်မှုန့် သာသာ။

မိုက်တယ်ဆိုတာ
တကယ်ကျ လွယ်မှလွယ်။
အူတူတူ နုံအအ ကျုပ်နဲ့ ကျ
ဦးနေ၀င်းတောင် မသေခင် ငိုသွားတာကြည့်။
ဂျင်ပေါ်က ထုံးရေ…
ဌဲ ဌဲ…ကျုပ်ပါ ဗျ  တာတေ။

ငတုံးတဲ့လား..
သမီးလည်း လင်ရ..စိန်ပွင့်လည်း ရ
မင်္ဂလာဆောင်ခလည်း မကုန်.
အဆိုတော်ခလည်း မကုန်။
ကမ္ဘာပေါ် ကျုပ်သမီးချော မျက်နှာပြ။
နာမည်ကျော် စိန်စီသောည။
အော်စကာမင်းသမီးထက်တောင် ကျုပ်သမီးထင်ပေါ်။
၀၀ ကလေးဗျ စိန်ဂွက်ထော်

သမတလူကြမ်းဇူဇကာအဖွဲ့  လက်သပ်လူမိုက် ကျုပ်မွေးခဲ့။
ခရိုနီ လူတစ်သိုက်ပေါ့ဗျ။
ကျုပ်ရဲ့ ရွှေ့ ကွက် ဘယ်လောက်လှ
ပါမစ်ဖဲ့ချ လက်ဝေခံ။ ပြည်သူပိုင်ပစ္စည်းများ ဝေခွဲရန်
ကျုပ်က ပုံမှန် ထိုင်ရုံဘဲ။
လာဘ် လာဘငွေ လျှောကနဲ
မာဖီးယားတွေ လည်တာလောက်
ကျုပ်တီးရမဲ့ လက်တဖျောက်။

နိုင်ငံတစ်နိုင်ငံလုံး ဝေမျှစား.
ကျုပ်တို့  အလီဘာဘာ အဖွဲ့သားပေါ့။
တိုင်းပြည်တိုးတက်အောင် လုပ်ဖို့ လွယ်။
ဖျက်ဆီးဖို့ ကျ ကျုပ်လူလည်
ကျုပ် ၀မ်းခေါင်းကျယ် အပီစား
ချန်ထားခဲ့တဲ့ အကြွေးများ။

ခု အကြွေးတင်..ရှင်ဘုရင်ပြေးပြီပေါ့။
မောင်ရင်ဂိန် မင်းသာ ရှင်ဘုရင်လုပ်လှဲ့ တော့။

လွတ်တော်ထိုင်ခုံ NLD ကို နည်းနည်းပေးစား
မဲပြားတွေ ဖယောင်းသာ သုတ်ထားလိုက်။
ကောင်မလေးပြ ဆန်ရှင်တွေ ဖြုတ်ခိုင်းလိုက်။

ဆာဒါန်က ကြိုးဆွဲကျ
ဘင်လာဒင် ပင်လယ်မှာအရိုးချ
ကဒါဖီ သေနတ်မှန် အလောင်းကျည် ပလပွ
အာဏာရှင်များ အရှုံး ဇာတ်သိမ်းမလှ
ကျုပ်တော့ ဒိုးပြီဗျ။

ဗမာတွေအကျင့်..ကျုပ်နောကျေပါပေါ့။
ဗုဒ္ဓ ဘာသာပီပီ ပြည့်ဝတဲ့ ခန္တီပါရမီ
ကြာပြီဆိုရင် ကျုပ်ကို မေ့မှာပေါ့။
စိန်ထုပ်သာပိုက် ၍သာ ပြေး…
ဟားဟား..
ကျုပ်ဟဲ့ ငတုံးလား ဝေးသေးတယ်။
နွားကျောင်းရင်းက ဘုရင်ဘဝ
တွန်းတက်လာရတဲ့ ငတိကွ။
ကျောက်ဆည် က ငလည်။
လီကွမ်ယူရေ ပျင်းတောင် ပျင်းသေးတယ်။

မသဒ္ဓါ (၀၄။၁၀။၂၀၁၂)

မမေ့သွားအောင် တင်ပြပါသည်။
ဗိုလ်အောင်ဒင်ထဲကလို ဆိုရရင်ဖြင့် လူဆိုးတွေက ကိုယ်ပျောက်နေတာလား။ ပုလိပ်တွေက အိပ်ပျော်နေတာလား...စဉ်းစားနေစဉ် ဒိုင်ကတော့ စားပြီးပြေးပြီ။
ကဲ ဘာ ဆက်လုပ်ကြမလဲ

No comments:

 
/* EOT ----------------------------------------- */