Tuesday, December 21, 2010

ငတုံးကြီးများရဲ့ တိုင်းပြည်

မိုက်သလားနဲ့ တော့ မင်းမမေးနဲ့ 
သူတို့ က ပုဇွန် ဦးဏှောက်
အနှစ်မရှိတဲ့တောက ကြက်ဆူ
ဒီလူ ဆိုတာ..ငဒူ ပေါ့

ပိန်း သလားတော့ မင်းမမေးနဲ့ 
သူတို့ က ခေါင်းပေါ်ခြေပေါက်
ပညာမရှိတဲ့တောသား အူတူတူ
ဒီလူ ဆိုတာ..သေနေတဲ့လူပေါ့

ရက်စက်သလားတော့ မင်းမမေးနဲ့ 
သူတို့ က ငရဲမကြောက်
ဂရုဏာမရှိတဲ့တောသား ဘယ်သူဘဲ သေသေ
ဒီလူ ဆိုတာ..မာချင်သော ငတေ

တုံးသလားတော့ မင်းမမေးနဲ့ 
သူတို့ က ကျည်ပွေ့အတက် မပေါက်
တော်သူကို မနာလို တိုရှည်
ဒီလူ ဆိုတာ..ဝေလေလေ

ရူးသလားတော့ မင်းမမေးနဲ့ 
တော၏အလည် မြို့ ဆောက်
တမျိုးလုံး ဂုဏ်မာန ရစ်မူး
ဒီလူ ဆိုတာ.. ဘုရင်ရူး ဘိုးတော်ရုး

ဖျင်းသလားတော့ မင်းမမေးနဲ့ 
ရှိသမျှ သယံဇာတ ပေါချောင်ဈေးနဲ့ 
အိုးသွန်ဖာမှောက်
ဒီလူ ဟူသည်.တရုတ်၏ကျွန်သဘောက်

ညံ့သလားတော့ မင်းမမေးနဲ့ 
မြစ်မတွေ ဆည်ဆောက်
ကွန်ကရိ လမ်းဖောက်
ကျွန်းတောတွေ ခမ်းခြောက်
ဒီလူ ဆိုတာ တနပ်စား ငကြောက်

ဖြုန်းသလားတော့ မင်းမမေးနဲ့ 
တိုင်းပြည်ဘဏ္ဍာ ခိုးဖွက်
နျူကရီယား ဆောင်းအိမ်မက်
လက်နက်ဝယ်ယူ မီးကျိုးမောင်းပျက်
ဒီလူ လုပ်ရပ်က တိုင်းပြည်ဖျက်

ကန်းသလား မင်းမမေးနဲ့ 
လူဖျင်း လူယုတ် တပည့်မွေး
အမြှောက်အပင့် ကိုယ်ရည်သွေး
ဘာအရည်အချင်းမှ ပြောရန်မရှိ
ဒီလူ အရည်အချင်း ပလာနတ္တိ

မှန်းသလား မင်းမမေးနဲ့ 
မြေးကို နန်းပေး
ဘော်လုံးအသင်းကို ငွေပေး
တောသားရဲဆွဲထုတ်
ဒီလူ သည်အာဏာရှင်အစုတ်

ပဲများသလားတော့ မင်းမမေးနဲ့ 
အဖေက အာစီယံဆွေးနွေးပွဲ သတင်းပေးစပိုင်
ဘဘသမီးမ ခရစ်စမတ်သစ်ပင်မီးတိုင်

 သူခိုးရွှေရ မကြွားရ မနေနိုင်

စားတာလည်း စားတာပေါ့။
ကြွားနေတာလည်း ကြွားတာပေါ့
တိုင်းပြည်လည်း စေတနာထားမှပေါ့။

ခုတော့ဗျာ
မကြား မမြင် မသိ မတတ်
အသိငတ် အမြင်ငတ်
လူတတ်ကြီးတွေလည်း လုပ်ချင်
ဖုတ်ဝင်လူသေကောင် Zombie မိုးတိုးမတ်တပ်
အရိုးနံ့ ရ ခွေးကလေး အမြီးနံ့ တံ့တံ့
ငတ်ကြီးကျ လူတန်းစားတစ်ရပ်

တရုတ် သံပတ်ပေးတိုင်း တရွေ့ တရွေ့ 
အဖေကြီးရှေ့  ဒူးထောက် ၀မ်စွေ့ ဝမ်စွေ့ 
ဒီလိုသာ လူစဉ်မမှီ မိုက်မဲထုံထိုင်း
ဒုံးဝေးတိုင်းသာ ဆို
ဒီလူ ဒီမင်း ဒီမြေ နဲ့  ဒီအစိုးရ
နလန်ထဖို့ မမြင်
အာရှရဲ့ ပုတ်သိုးနေတဲ့ အမှိုက်တပုံ
အာရှရဲ့ တာစူ ကွဲမဲ့ ဗုံးတစ်လုံး။

ဒီ…ရွှေမြန်မာဆိုတဲ့ အမျိုး
ဒီ…ရွှေမြန်မာဆိုတဲ့ တိုင်းပြည်
နောင် အနှစ်ငါးဆယ်တိုင် ဒါးမနောက်ပိတ်
အာရှ လူပြိန်းခွေးနိုင်ငံ မသေမချင်း အိပ်
နောက်ပေါက် ပညာတတ်စစ်ဗိုလ်များ နဲ့ 
ဒီမိုကရေစီ လှုပ်ရှားသူတွေ မှ မကယ်
ဒီ တိုင်းပြည်ဟာ သေဖွယ်။

( ပုံ။ စင်္ကာပူ ၀ါရင့်ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူ)

မသဒ္ဓါ ( ၁၂။၂၁။၂၀၁၀)

No comments:

 
/* EOT ----------------------------------------- */