 မောင်..
မောင်..
အနှစ် (၅၀) ဆိုတာ..
အကြာကြီးလိုပေမဲ့..
တကယ်ဆို..မနေ့ တနေ့ ကလိုဘဲ..
ကျမ တို့ ရဲ့ မင်္ဂလာဦးပွဲ။။။
ပိုးတောင်ရှည်
တိုက်ပုံခေါင်းပေါင်းနဲ့ သတို့ သား..
သတို့ သမီးကျမ..ပုဝါဖို့ ရို့ ဖားရား
ဆံထုံးကြီးတကားကား
လူဘုံအလည်..အေးစက်တဲ့ကျမလက်..
မောင်ဆုတ်ကိုင်ခဲ့တာ သတိရဆဲ..
ဒီလင်ဒီမယား အိုအောင်မင်းအောင်ပေါင်းရစေ…
ပေးတဲ့ဆုနဲ့  ပြည့်ပါရစေ..ဆုတောင်းတစ်ခု..
တကယ်ပြည့်ခဲ့တယ် မောင်..
ကျမတို့ မင်္ဂလာ..ရွှေရတု..နှစ် (၅၀)မက
နှစ် (၁၀၀) တိုင် ရိုးမြေကျ..
လင်နဲ့ မယားလျှာနဲ့ သွား..
ရန်တွေ ဖြစ် ပြန်ချစ်…
အိမ်ထောင်သက်တွေ..တနှစ် တနှစ်နဲ့ ..
ကြာလေလေ ခိုင်မြဲလေလေပေါ့..
နားလည်ဖော်..အားပေးဖက်..
ရွှေရောင်ရက်လည်း အတူတူ..
မုန်တိုင်းရက်လည်း မညူစူ..
မောင်ချစ်တဲ့ နိုင်ငံအတွက်..
ရခဲ့တဲ့ သူရ တံဆိပ်…
ရဲစွမ်းသတ္တိ..မယွန်းမဖိတ်.
သစ္စာ ၄ ချက်ကို တည်ကြည်စိတ်နဲ့ 
ရိုးသားသော လူသား
မောင်ဟာလေ.
ပြည်သူချစ်သော တကဲ့ တပ်မတော်သား..
သမိုင်းထဲမှာ..ကဗျည်းရေးခဲ့သူ
ကျမဂုဏ်ယူတယ် မောင်။
မောင့် အတွက် ကျမဟာ..အားပေးဖော်…
နိုင်ငံအကျိုးအတွက် တူတူ.ကျမ ပါရမီဖြည့်ဖော်..
ဘယ်လို အကောင်း အဆိုး..
ဘယ်လို တက်ဘဲ ကျိုးကျိုး..
ကျမ မောင့်အနားမှာ ထပ်တူ..
မျက်လွှာချပြီး အာရုံယူ..
သူရဦးတင်ဦး..
ကျမ၏ သက်မှုးသခင်..
ဝေးနေလည်း..အနေနီးနေဆဲ..
မတွေ့ ရပေမဲ့လည်း..ချစ်ခင်ဆဲ..
ဘယ်သူဖျက်ဖျက်..မပျက်တဲ့ ကျမ မေတ္တာ…
နောင် အနှစ် (၅၀)ထိ ကြင်နာစွာ
မသဒ္ဓါ ( ၁၁။၁၃။၂၀၀၉)
ဘဘဦးတင်ဦးနဲ့  ဒေါ်လေး.ဒေါက်တာတင်မိုးဝေ အတွက်… မိသားစု အမြန်ပြန်လည်..ဆုံဆည်းခွင့်ရပါစေ ဆုတောင်းလျှက် 
Saturday, November 14, 2009
ရိုးမြေကျ…ကျမနဲ့ မောင်..
Subscribe to:
Post Comments (Atom)
 

 This
This
1 comment:
why do you wish မိသားစု အမြန်ပြန်လည်..ဆုံဆည်းခွင့်ရပါစေ ဆုတောင်းလျှက်
အစအဆုံးဖတ်ချင်ပါက..
they live same house and they share same bed room. Ba Ba U Tin Oo arrests under house arrest.
Post a Comment